ရန်သူနဲ့တွေ့တွေ့၊
မိတ်ဆွေနဲ့တွေ့တွေ့၊
ရိုးသားမှုဟာ
အမေဝတ်တဲ့ ချည်သားပိုးသားလေးတွေမှာတောင်
အရောင်ပြောင်လက်လို့။
တစ်နေ့တော့
မိစ္ဆာလက်သစ်တွေဟာ အမေနဲ့အတူဓာတ်ပုံရိုက်ဖို့၊
မိစ္ဆာတွေဟာ အမေနဲ့အတူ တစ်စားပွဲထဲထိုင်ဖို့
မိစ္ဆာတွေဟာ အမေနဲ့အတူ စကားပြောယောင်ပြုဖို့ဆိုပြီး
အမေ့ပုံတော်ဖိနပ်ခြေဖမိုးလေးမှာ
သူတို့မရိုးသားခြင်းတွေလာစွတ်စိုဖို့ကြိုးစားရင်း
မနက်ဖြန်ဟာမိုးသောက်လာပါတော့မယ် အမေ။
အမေ..လင်းလင်းပျပျရှိပါစေ။
ဖြိုးဖြိုးဖျတ်ဖျတ်ဝေပါစေ။
ကံကြွေးကံစ မိုးနှောင်းနောက်ကျချိန်မှာ
အမေ .. စိုက်ထားသမျှလေးမရိတ်သိမ်းခင်
အမေ ကျန်မာရွှင်လန်းနေစေချင်ပါသေးတယ်
အလင်းမရှိတဲ့ ခေတ်က..သားတို့ကို
သင်ပေးခဲ့တဲ့စကားတွေဟာရင့်ထော်ခါးသက်ခဲ့တယ်။
သစ္စာမရှိတဲ့ ခေတ်က
သားတို့ကိုသင်ပေးခဲ့တဲ့အပြုအမူတွေဟာ လူတွေ့ရင် ရင်တွေပူခြင်းနဲ့စခဲ့တယ်။
သတိထားပါအမေ၊
ညီအကိုမသိတသိအချိန်မှာတောင်
လက်ရဲဇာတ်ရဲရှိတဲ့ မိစ္ဆာကောင်ဟာ
ခုတော့ ချိတ်ထဘီ၊ တိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်းပြီး
အမေ့ ခြံနံပါတ် ၅၄နားထိလာလာချောင်းနေလေပြီ။ ။
စိမ်းခက်စိုး
(တနင်္ဂနွေ) ဇူလိုင်လ ၂၄၊ ၂၀၁၁
ည - ၁၁း ၁၄ နာရီ
(ကူးယူတင်ပြထားပါသည်၊။)
၂၆.၇.၂၀၁၁(၉း၅၈-ည)

0 comments:
Post a Comment