Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ကြိုးဝိုင်းပေါ်က ဒန်ကလေ

သြစီသတင်းစာဖတ်သူ ပေးပို့သည်။
ဇူလိုင် ၂၇၊ ၂၀၁၁

ပြီးတဲ့ရက်သတ္တပတ်သြစတြေးလျအနောက်ခြမ်းထုတ်TheWeekendWestသတင်းစာမှာ..မြန်မာတိုင်းမ်တည်ထောင်သူမစ္စတာ ရာ့စ်ဒန်ကလေကိုသြစတြေးလျနိုင်ငံပြန်လည်ရောက်ရှိနေတုန်းသတင်းထောက်MalcolmQuekettကမေးမြန်းရေးသားထားတဲ့ သတင်းတပုဒ်ပါ။
သူဟာမြန်မာပြည်မှာထောင်ဒဏ်တလကျခံခဲ့ပြီးအခုသြစတြေလျအနောက်ခြမ်းမှာအားလပ်ရက်အဖြစ်အလည်ပြန်ရောက်နေတာ  ဖြစ်တယ်လို့သိရတယ်။ထောင်ထဲမှာနေစဉ်ညဖက်အိပ်ချိန်မှာခြေထောက်လှိမ့်စရာနေရာလောက်သာရှိပြီး..တနေ့ကို(၈)နာရီခန့် (၂)ကြိမ်သာအပြင်ဖက်လမ်းလျှောက်ခွင့်ရခဲ့တယ်။၄၇ရက်ကြာထောင်ကျရက်ရဲ့တ၀က်ခန့်မှ ဆေးရုံဆောင်ကို ပြောင်းရွှေ့နေထိုင် ခဲ့ပြီးအဲဒီမှာပြင်းထန်တဲ့အေအိုင်ဒီအက်စ်ဝေဒနာရှင်တချို့အပါအ၀င်လူပေါင်း၆၀ခန့်ရှိသည်ဟု ထောင်အတွေ့အကြုံတချို့ကို ပြော ဆိုထားလေသည်။ဒန်ကလေရဲ့ပြောဆိုချက်အရ..ပြီးခဲ့တဲ့နှစ်ပိုင်းများကတည်းက..ဗမာရဲများက..သူ့ကိုစောင့်ကြည့်နေခဲ့ပြီး.. သူကိုဗမာပြည်ထဲက..မောင်းထုတ်ဖို့ကြံစည်တဲ့..ထောင်ချောက်ထဲမှာ.မှားယွင်းပြီး..သူကျခဲ့ရတယ်လို့ဆိုသည်။အစိုးရအတွင်း ပိုင်းလူတချို့ကကျနော့်ကို..အစိုးရဆန့်ကျင်သူလို့ယုံကြည်နေကြတာတွေရှိတယ်..တကယ်တော့..မဟုတ်ပါဘူးဟု ပြောဆိုခဲ့ သည်။
သူကြုံတွေ့ခဲ့ရတဲ့ထောင်ချောက်နဲ့ပတ်သတ်လို့ပြောပြတာတွေကတော့ဇန်န၀ါရီလမှာကလပ်တခုကိုအသွားအမျိုးသမီးတယောက် ကချည်းကပ်လာခဲ့တယ်။သူကငြင်းဆိုခဲ့ပေမဲ့.အမျိုးသမီးကသူ့နောက်ကိုအတင်းလိုက်လာခဲ့ပြီးနောက်ဆုံးသူ့အခန်းထဲထိပါလာခဲ့ တယ်။၁၅မိနစ်လောက်အကြာမှာအမျိုးသမီးရဲ့အပြုအမူတွေကြောင့်မူးယစ်ဆေးသုံးစွဲထားတာကိုသတိပြုမိတဲ့အတွက်တက္ကစီနဲ့ပြန် ဖို့လိုက်ပို့ခဲ့တယ်။လမ်းမှာအမျိုးသမီးကကားထဲကနေခုန်ထွက်သွားတယ်။သူလည်းအိမ်ကိုပြန်လာခဲ့ပြီးနာရီအနည်းငယ်အကြာမှာ အဲဒီအမျိုးသမီးနဲ့အတူရဲတွေရောက်လာတော့တာပါပဲလို့ ဆိုသည်။
အမျိုးသမီးကကျနော်သူ့လည်ပင်းကိုညှစ်တယ်လို့ဆိုတယ်။တရားခွင်မှာလည်းဆရာဝန်ကဘာသက်သေအမှတ်အသားမှမတွေ့ေ ကြာင်းထွက်ဆိုသွားတယ်။ကျနော်လည်းဘာမှမလုပ်ခဲ့ပါဘူး။တကယ်တော့နိုင်ငံရေးကစားပွဲတွေစလာတာပါပဲ။သူတို့ဂုဏ်သိက္ခာ ကိုကယ်ဖို့ကျနော့်ကိုထိုးကျွေးတာပါ။ဒါတွေအားလုံးဟာအစိုးရအတွင်းကလူတွေရဲ့ကျားကွက်တွေပါပဲ။သူတို့ရည်ရွယ်ချက်ကကျေ နာ့်ကိုလမ်းပေါ်ကမောင်းထုတ်ဖို့ပဲ။သူတို့ဖြစ်စေချင်တာကဒီသတင်းလုပ်ငန်းကိုညှစ်ယူပြီးသူတို့အားလုံးချုပ်ကိုင်ထားလိုက်ချင်တာ ပဲ။ဒါပေမယ့်သူတို့မအောင်မြင်ခဲ့ပါဘူးလို့ဒန်ကလေကသတင်းစာကိုပြောဆိုခဲ့သည်။သူ့ရဲ့အသနားခံစာကိုလည်းလက်ခံလိမ့်မယ် လို့ ယုံကြည်သည်ဟုဆိုသည်။
"""ခင်ဗျားဘာမှအမှားမလုပ်ခဲ့ပဲထောင်ချောက်ဆင်ခံခဲ့ရတယ်ဆိုရင်ဘယ်လိုမဆိုအဆုံးမတော့အမှန်တရားက ပေါ်လာမှာပါပဲလို့ေ နာက်ဆုံးမှတ်ချက်ပေးခဲ့ပြီးဗမာပြည်မှဒီရေမြင့်တက်လာနေတယ်လို့ခံစားခဲ့ရမိတယ်။အနှေးနဲ့အမြန်ဆိုသလိုလွတ်လပ်တဲ့သတင်းမီ ဒီယာတွေပေါ်လာမှာပါလို့လည်း အကောင်းမြင်သုံးသပ်ထားလေသည်။
ဖြစ်ပျက်ခဲ့တဲ့အမူကိစ္စအားလုံးမှာ..ဒေါ်လာ၂သိန်း၅သောင်းကုန်ကျခဲ့ပေမယ့်သူနာကျည်းမှုမဖြစ်ပါဘူး။ဒါဟာကစားပွဲတခုပါပဲလို့ ဗမာအစိုးရကို စိမ်ခေါ်လိုက်သည်။'''

0 comments:

Post a Comment