Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မျက်မှောက်ခေတ်က လူတွေ၊ အကြောင်းအရာတွေနဲ့ ဦးဝင်းတင် မျက်ခြေပြတ်နေပြီလား

                                                        ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၁
ဆရာဦးဝင်းတင်နဲ့မိုးမခအင်တာဗျူးမလုပ်ဖြစ်တာအတော်ကြာသွားတယ်။အဓိကပြသနာကတော့တယ်လီဖုံးလို င်းတွေကြောင့်ပါ။ဖုံးဆက်လို့မရတာရယ်၊ဆေးရုံတက်နေရချိန်မှာလူချင်းလွဲနေရတာတွေကြောင့်ပါ။အင်တာဗျူးတွေမဖတ် ကြရလို့သတင်းမေးသူတွေရှိသလိုအင်တာဗျူးတွေဆက်လုပ်မနေပါနဲ့ဦးဝင်းတင်ကကျန်းမာရေးကလည်းမကောင်း၊ပါတီ    ခေါင်းဆောင်တွေနဲ့အဆက်ပြတ်၊ခေတ်နဲ့အဆက်ပြတ်နေတာကြောင့်သူ့အာဘော်တွေထည့်နေလဲမထူးပါဘူးလို့အားေ ပးသူလည်းအားပေးကြပါတယ်။ဒါပေမယ့်လည်းမိုးမခမှာကမျက်မှောက်ရေးရာမေးမြန်းစရာဦးဝင်းတင်ကိုပဲရှိတာမို့သူ့ကိုပဲ ဖုံးလိုင်းကလေးသဘောကောင်းတုန်း မေးမြန်းလိုက်ပါတယ်။
 မေး-,မိုးမခ။။။ဆရာနဲ့ကျနော်တို့နောက်ဆုံးဇူလိုင်လဆန်းအင်တာဗျူးမှာဆရာကဥပဒေကြောင်းအရပါတီရပ်တည်ရေး၊ တရားဝင်ဖြစ်မြောက်ရေးတွေကိုရင်ဆိုင်သွားမယ်လို့ပြောသွားတယ်။ဦးဝင်းတင်က ပျော့သွားတာလားလို့ မေးကြတယ်။
ဖြေ.၊ဦးဝင်းတင်။။။ကျနော်တို့ပြောတာက၁၉၈၈အရေးတော်ပုံကြီးကမွေးဖွားလာတဲ့ပြည်သူတွေဆီမှာမှတ်ပုံတင်ထားတဲ့ နို
င်ငံရေးပါတီဖြစ်တယ်။အဲဒီတုန်းကဥပဒေနဲ့အညီ၁၉၈၈စက်တင်ဘာ၃၀မှာဒေါ်အောင်ဆန်းစုကြည်၊ဦးမိုးသူတို့နဲ့ ကျနော်တို့ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ခဲ့တာဖြစ်တယ်။                                                                                ဒါတွေကိုထည့်သွင်းစဉ်းစားပြီးတော့လက်ရှိအစိုးရတရပ်ကနိုင်ငံရေးပါတီတရပ်အဖြစ်ဆက်လက်ရပ်တည်နိုင်ရေးကိုတရား မျှတတဲ့ဥပဒေတွေနဲ့ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်ကျနော်တို့ကလက်ခံဆွေးနွေးနိုင်တယ်လို့ပြောတာဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ပွင့်လင်းတဲ့ ညှိနှိုင်း ဖြေရှင်းမှုတွေကို လက်ခံမယ်လို့ ပြောတာဖြစ်တယ်။
မေး-မိုးမခ။။သူတို့တွေဆီကဥပဒေနည်းလမ်းတွေအရလက်မခံနိုင်ဘူးဆိုရင်ကော။
ဒါကတော့ရှင်းနေပြီးသားပဲ။ပြည်သူတွေအသိအမှတ်ပြုပြီးသားပြည်သူ့ပါတီတရပ်အနေနဲ့ကျနော်တို့ကဆက်လ က်ရပ်တည်သွားရမှာပဲ။ပြည်သူတွေတင်သာမကနိုင်ငံတကာကပါအသိအမှတ်ပြုလက်ခံထားတဲ့       နိုင်ငံရေးပါတီတရပ်အဖြစ်ဖြတ်သန်းရပ်တည်ထားပြီးသားကိုကျနော်တို့ကိုယ်တိုင်ကငြင်းပယ်ပစ်လို့ မရဘူး။
မေး-မိုးမခ။။ဆရာကကျန်းမာရေးကလည်းမကောင်း၊ဆေးရုံကလည်းတက်ရ၊ရုံးလည်းမတက်နိုင်၊အစည်းအဝေးတွေမှာ လည်းမတွေ့ရဆိုတော့အခုအချိန်မှာဆရာ့ကိုခေတ်နဲ့လူတွေနဲ့ပါတီနဲ့အဆက်ပြတ်နေပြီ၊ဆရာမျက်ခြေပြတ်နေတာတွေ များနေပြီလို့ ပြောရင် ဘာပြောမလဲ။
ဖြေ-ဦးဝင်းတင်။။ကျနော်ကအခုချိန်မှာနိုင်ငံ့အရေးဆိုတဲ့စိတ်တခုတည်းပဲရှိတယ်။တောက်လျောက်ကျနော့်ဆီ  မှာဧည့်သည်တွေလာနေ၊ဖုံးတွေပြောနေ၊ဆွေးနွေးတိုင်ပင်နေတာတွေအားလုံးဒီအရေးကိစ္စတွေချည်းပဲ။ပြီးတော့ ကျနော့်ကိုသတင်းလာမေးတဲ့ဒေါ်အောင်ဆန်းစုကြည်တို့၊ဦးတင်ဦးတို့ကအစသူတို့တတွေက“ဆရာနေကောင်း လား”ဆိုပြီးမေးပြီးတော့ပြန်သွားကြတာမဟုတ်ဘူးဆိုတာတော့သိစေချင်တယ်။    ကျနော်တို့တတွေပြောဆိုဆွေးနွေးတိုင်ပင်နေကြတာချည်းပဲလူကြီးတွေကောလူငယ်တွေကော။ ကျနော့်ဖုံးတွေ၊တံခါးတွေ ၊ဆေးရုံတံခါးကအစကျနော်ဖွင့်ထားတယ်။ ပိတ်ထားတာတခုမှမရှိပါဘူး။
မေး-မိုးမခ။။ဒါဆိုရင်အာဇာနည်နေ့ကိုဆရာဒီတနှစ်မှာပထမဦးဆုံးအကြိမ်နိုင်ငံရေးခေါင်းဆောင်တွေအစုံအလင်နဲ့ ဖြတ် သန်းရတာပဲ။လွန်ခဲ့တဲ့၁၉၈၉ဇူလိုင်တုန်းကအတားဆီးခံခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ဦးဝင်းတင်နဲ့အတိုက်အခံ အင်အားစုတွေ၊လူကြီးလူငယ်တွေဒီနှစ်၂၀၁၁ဇူလိုင်၁၉မှာပြန်လည်ဖြတ်သန်းရင်ဆိုင်ကြရတယ်။ဘယ်လိုနေသလဲ။ ဘာတွေထူးခြားတာရှိသလဲ။အဲသည်တုန်းကတော့အာဏာဖီဆန်ရေးစိတ်ဓာတ်တွေနဲ့ပြင်ဆင်ခဲ့ကြရတယ်။အခု၂၂နှစ်အ ကြာမှာ ဆရာတို့ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲ။

ဖြေ-ဦးဝင်းတင်။။ဒီနှစ်မှာကျနော်တို့ကသဘောထားကြီးမှုတွေ၊နားလည်မှုတွေ၊ညှိနှိုင်းဆွေးနွေးလိုမှုတွေ၊ပွင့်လ င်းမြင်သာမှုတွေနဲ့အာဇာနည်နေ့ကိုဖြတ်သန်းတယ်လို့ပြောချင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုအာဇာနည် မိသားစုဝင်တဦးအဖြစ်ဖိတ်ခေါ်တာကိုလက်ခံပြီးအခမ်းအနားကိုတက်ရောက်သလို၊အင်န်အယ်ဒီပါတီနဲ့ ခေါင်းေ  ဆာင်တဦးအပါအ၀င်အဖြစ်အားလုံးစုဝေးကြပြီးတော့လည်းပြည်သူလူထုနဲ့အတူအာဇာနည်နေ့အခမ်းအနားကို ချီတက်ဂါရ၀ပြုခဲ့ကြတာကိုတွေ့ရမှာဖြစ်တယ်။ပြောချင်တာကလက်ရှိအစိုးရရဲ့ဥပဒေစည်းမျဉ်းတွေကမျှတညီ ညွတ်မှုရှိရင်ရှိသလိုပျော့ပြောင်းညင်သာစွာရင်ဆိုင်မှုရှိမှာဖြစ်တယ်။ပြည်သူလူထုကလည်းပဲစည်းကမ်းတကျ ညီညီညွတ်ညွတ်နဲ့လှုပ်ရှားနိုင်ကြတယ်ဆိုတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲသည်မှာအာဇာနည်နေ့အခမ်းအ နားကို ၂ မျိုး ဆောင်ရွက်ခဲ့တာကိုတွေ့ရမှာ ဖြစ်တယ်။

မေး-မိုးမခ။။၁၉၈၉ဇူလိုင်လ၁၉ရက်နေ့ကကြွေးကြော်သံဖြစ်တဲ့မတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြဆို တာကမလိုအပ်တော့ဘူးလား။
ဖြေ-ဦးဝင်းတင်။။အစပိုင်းမှာကျနော်ဖြေကြားခဲ့သလိုပဲကျနော်တို့တတွေဟာအရေးတော်ပုံက ပေါက်ဖွားလာ တဲ့ပြည်သူ့ပါတီဖြစ်တယ်။မတရားတဲ့အမိန့်အာဏာဥပဒေဆိုတာတွေကိုကျနော်တို့ပြည်သူ့ပါတီကအမြဲရင်ဆိုင်ခဲ့ ကြတာချည်းပဲ။အခုအချိန်မှာမတရားတဲ့အမိန့်အာဏာဥပဒေတွေကိုဆန့်ကျင်ဖို့ရင်ဆိုင်ဖို့လိုအပ်လာရင်လည်း ကျနော်တို့ကတော့ရင်ဆိုင်ရမှာပါပဲ။

မေး--မိုးမခ။။ဇူလိုင်လ၂၃ရက်နေ့ကဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကွယ်လွန်ခြင်းနှစ်ပတ်လည်ဆွမ်းကျွေးကျင်းပတယ်။ အဲသည်မှာဆရာဒဂုန်တာရာရဲ့၉၃ကြိမ်မြောက်ငြိမ်းချမ်းရေးပန်ကြားလွှာကိုလည်းထပ်မံဖြန့်ဝေတယ်။ အဲသည်မေလဆရာဒဂုန်တာရာမွေးနေ့တုန်းကလည်းဆရာကိုယ်တိုင်သွားရောက်ခဲ့တယ်လေ။အခုအချိန်မှာ ပေါ်ထွန်း လာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွက် ဆရာဘာပြောချင်သလဲ။

ဖြေ-ဦးဝင်းတင်။အဲသည်မေလခရီးထွက်တုန်းကဆရာဒဂုန်တာရာမွေးနေ့မှာကျနော်ပြောခဲ့ပါတယ်။၁၉၅၂/၅၃ ကနေ၁၉၆၂ကာလ၁၀နှစ်အတွင်းမှာပြည်တွင်းစစ်တွေအကြောင်းပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲေ တွပေါ်ပေါက်ခဲ့တယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ကဦးဆောင်တယ်။ပြည်တွင်းစစ်ကိုမဏ္ဍိုင်ပြုပြီး  ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ်။ အခုအချိန်မှာဒါတွေလည်းပြည်သူလူထုကြားမှာပေါ်ပေါက်လာသင့်တယ်။ အဲသည်မှာပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဆိုတာ၊ဆွေးနွေးပွဲတွေဆိုတာအင်န်အယ်ဒီပါတီကနေဦးဆောင် တာမျိုးမဟုတ်ဘဲလက်ရှိမျူိးဆက်ဟောင်း၊မျိုးဆက်သစ်တွေ၊လူကြီးလူငယ်တွေလွတ်လွတ်လပ်လပ်အားလုံးပါ ၀င်တဲ့အများပြည်သူလှုပ်ရှားမှုတွေအဖြစ်ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။

မေး-မိုးမခ။။အဲသည်ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့နှစ်လည်ကိုဒေါ်အောင်ဆန်းစုကြည်သွားရောက်တာကဒီအချက်ကို အားပေးတယ်၊သဘောတူတယ်လို့ ပြောရင်ရမလား။
ဖြေ-ဦးဝင်းတင်။။ဒါကအားလုံးက၊တိုင်းရင်းသားတွေအပါအ၀င်အားပေးကြ၊၀ိုင်းဝန်းကြရမယ့်အရေးကြီးတဲ့ အရေးလို့ထင်ပါတယ်။ ဒါကိုလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကသဘောပေါက်တယ်လို့ မြင်ပါတယ်။
မေး-မိုးမခ။။ပြည်တွင်းငြိမ်းချမ်းရေးကိုတဖက်သတ်တောင်းဆိုနေတာမျိုးဆိုရင်နိုင်ငံတကာဖက်ကအမြင်မှာဘယ်လိုတွေ   ဖြစ်ကုန်မှာလဲဆရာ။အခုချိန်မှာပြည်တွင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကသူတို့ရဲ့နယ်မြေတွေမှာ ခုခံစစ်ကိုဆင်နွှဲနေရတယ်။အပြစ်မဲ့တဲ့လက်နက်မဲ့တဲ့တိုင်းရင်းသားပြည်သူတွေကိုအကာအကွယ်ပေးဖို့လိုအပ်နေတယ်။ ဒုက္ခသည်တွေဟာအမြောက်အများတိုးပွားလာနေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာက နှစ်ဦး နှစ်ဖက် ငြိမ်းချမ်းရေး ကို ရှေ့ရှုမှ ဖြစ်ပေါ် လာမှာ မဟုတ်လားဆရာ။
ဖြေ-ဦးဝင်းတင်။။တလောကတရုတ်ပြည်အကြောင်းဆွေးနွေးပွဲဟောင်ကောင်မှာလုပ်တယ်ကြားတယ်။ ပြည်တွ င်းငြိမ်းချမ်းရေး၊အပစ်အခတ်ရပ်စဲရေးတွေကိုပန်ကြားပေးကြဖို့အကြံပေးကြတယ်ဆိုလား ပြောကြ၊ဆွေးနွေြး ကတယ်ပြောတယ်။ဒါကြောင့်ကျနော်ပြောချင်တာကတဖက်သတ်တောင်းဆိုတာမျိုးမဟုတ်ရဘူး။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအသွင်နဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက်ဦးတည်ဆောင်ရွက်မှုကိုအားပေး သင့်တယ်လို့ပြောချင်တယ်။တဖက်ဖက်ကဒါကိုအသုံးချဖို့အဖြစ်မခံနိုင်ဘူး။၂ဖက်စလုံးကနားထောင်မှလိုက်နာ မှဖြစ်ပေါ်လာမှာဖြစ်တယ်။အဲဒါကိုတော့နားလည်ရမယ်။နိုင်ငံတကာကအဖွဲ့အစည်းတွေကလည်းမတရားတာကို မတရားဘူး၊တရားတာကိုတရားတယ်ဆိုတာကတော့ထုတ်ဖော်ရပ်တည်ပေးဖို့လည်း လိုအပ်တယ်။

မေး-မိုးမခ။။ကဲ..ဒါဆိုရင်အခုပြောနေတဲ့အချိန်အတွင်းမှာပဲဒေါ်အောင်ဆန်းစုကြည်ကိုလက်ရှိအစိုးရရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကြည်ကတွေ့ဆုံဖို့စီစဉ်နေကြပြီဖြစ်တယ်။အဲဒီအရေးကိုကောဆရာကဘယ်လိုမြင်ပါသလဲ။

ဖြေ-ဦးဝင်းတင်။။ဦးအောင်ကြည်ကအယင်စစ်အစိုးရလက်ထက်မှာကတည်းကစစ်တပ်စကားနဲ့ပြောရရင်ဆက် သားပဲ။သူ့မှာဘာဆုံးဖြတ်ပိုင်ခွင့်မှမရှိခဲ့ဘူး။ဆက်သားဆိုတာကအထက်အရာရှိတွေရဲ့စကားကိုသယ်ဆောင် လာရတဲ့အဆင့်ပဲ။ဒါပေမယ့်အခုဒီတခါမှာကတော့သူကလက်ရှိအစိုးရရဲ့ဝန်ကြီးဖြစ်နေတယ်။ ဦးသန်းရွှေလက်ထက်က၀န်ကြီးထက်အခုဦးသိန်းစိန်လက်ထက်က၀န်ကြီးအနေနဲ့အယင်တုန်းထက်ကထက် ပိုပြီးကောင်းမွန်ဖို့အလားအလာရှိသင့်တယ်လို့ပြောချင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

မေး-မိုးမခ။။မျှော်လင့်တယ်သာဆိုတယ်ဒေါ်စုနဲ့ဦးအောင်ရွေှ့ကိုလိပ်တပ်ပြီးသတိပေးစကား ပြောတာက ပြည်ထဲရေးဝန် ကြီးဦးကိုကိုဖြစ်တယ်လေ။အခုတွေ့ရတာကအခြားဝန်ကြီးဌာနက ဦးအောင်ကြည်ဆိုတော့ သီးသန့်စီ ဖြစ်နေတယ်ဆိုပြီး ကျနော်တို့ဆီက စာရေးသူတဦးကတောင် သူတို့အာဘော်မှာ ရေးထားတယ်။ အဲဒါကိုကော ဆရာက ဘာပြောမလဲ။

ဖြေ-ဦးဝင်းတင်။။ဒါကိုကျနော့်အနေနဲ့ပြောနိုင်တာကတော့သူတို့သက်ဆိုင်ရာဝန်ကြီးဌာနတွေအလိုက်သူတို့ လုပ်ပိုင်ခွင့်တွေအရတွေ့ဆုံဆွေးနွေးခွင့်တွေ၊သတိပေးပြောဆိုခွင့်တွေရှိကြမယ်ထင်တယ်။ဒါတွေကိုကျနော်တို့ဖက်  ကလည်းလေ့လာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မေး-မိုးမခ။။ဦးအောင်ကြည်ကသူ့ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ကိစ္စတွေဆွေးနွေးတယ်ဆိုရင်လည်းထားပါတော့လေ။ ဒါက တပိုင်းပေါ။့ဟိုခုနင်ကသတိပေးထားသလိုဖျက်သိမ်းထားပြီးသားပါတီဆိုပြီးဖိအားတွေပေးလာတာမျိုးဆိုရင်ကော ဆရာက ဘာပြောမလဲ။

ဖြေ-ဦးဝင်းတင်။။ကျနော်ရှေ့မှာပြောပြီးသားပဲပြည်သူ့ပါတီတရပ်အနေနဲ့ကျနော်တို့ကခိုင်ခိုင်မာမာရပ်တည် သွားရမှာပဲ ဆိုတာ။

မေး-မိုးမခ။။ညနေလောက်ဆိုရင်တော့သိကြရလိမ့်မယ်ထင်ပါတယ် ဆရာ။ ထားပါတော့။ အခု မြန်မာပြည်ပြင်ပမှာ ၈၈ -၂၃နှစ်ပြည့်အခမ်းအနားတွေစုစည်းမှုတွေပြင်ဆင်နေကြပြီဆရာ။ကျနော်တို့ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ နိုင်ငံရေအ စုအဖွဲ့တွစုစည်းပြီးအခမ်းအနားလုပ်မယ်။ပြခန်းတွေဘာတွေနဲ့တင်ဆက်မယ်။အခြားမြိုနယ်တွေကလည်းသူတို့အစီအစဉ်ေ တွနဲ့ သူတို့ လုပ်လာကြတယ်။ အဲဒါကို ဆရာ ဘာပြောမလဲ။

ဖြေ-ဦးဝင်းတင်။။ဒီဖက်မှာလည်းမြန်မာပြည်တွင်းက၈၈မျိုးဆက်တွေကျောင်းသားလူငယ်တွေကလည်း ၈လေးလုံးနှစ်ပတ်လည်အခမ်းအနားတွေဆွေးနွေးပွဲတွေလုပ်ကြဖို့ပြင်ဆင်နေကြတယ်။ကျနော့်ကိုလည်းအများ အပြားလာတိုင်ပင်ကြပါတယ်။အင်န်အယ်ဒီပါတီအနေနဲ့အခမ်းအနားလုပ်တာမလုပ်တာကျနော်မသိသေးပေမ ယ့်ကျနော့်အနေနဲ့ဘာပြန်ပြောလိုက်သလဲဆိုတော့အဲသည်လိုလုပ်ကြတာကိုကျနော်ကအားပေးတယ်။ ကျနော်တို့တတွေကို်ယ်တိုင်ဒီလိုအခမ်းအနားတွေကိုတက်ကြမယ်လို့ကျနော်ကတော့ပြောတယ်။အခုကျနော့်ကို ကုပေးနေတဲ့ဆရာဝန်ကြီးပြောတာကတော့နောက်၂ရက်၃ရက်ဆိုကျန်းမာရေးပိုကောင်းလာမယ်တိုးတက်လာ မယ်ပြောတယ်။ ကျနော်လည်း ဆေးရုံက ဆင်းရတော့မှာပါပဲ။

မေး-မိုးမခ။။ဒီဖက်မှာကတော့၈လေးလုံးအခမ်းအနားနဲ့လှုပ်ရှားမှုတွေမှာတင်တဲ့တောင်းဆိုချက်တွေမီးမောင်းထိုးပြ တာတွေကတော့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့၊ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပြည်တွင်းစစ်ရပ်စဲရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေတားဆီးနိုင်ရေးပြီးတော့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးတို့တွေကို အဓိကထားတယ်ဆရာ။ ဘာတွေ ဖြည့်စွက်ချင်သေးသလဲ။
ဖြေ-ဦးဝင်းတင်။။တွေ့ဆုံဆွေးနွေးတယ်ဆိုတာက ဘယ်သူတွေကို ပြောတာလဲ။ ပြောစမ်းပါဦး။

မေး-မိုးမခ။။ဒေါ်အောင်ဆန်းစုကြည်၊အင်န်အယ်ဒီ၊မဟာမိတ်တွေနဲ့တိုင်းရင်းသားအစုအဖွဲ့တွေအားလုံးပါဝင်တဲ့ အတိုက်အခံအင်အားတွေနဲ့ လက်ရှိ အာဏာရှင်တွေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးပေါ့ ဆရာရယ်။

ဖြေ-ဦးဝင်းတင်။။ဟုတ်ပါပြီ။ဒီလောက်ပဲပေါ့လေ။ကိုယ်လုပ်နိုင်သလောက်လေးဝိုင်းလုပ်ကြတာ ကောင်းပါတယ်။

မေး-မိုးမခ။။အဓိကက ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေပါဆရာ။ အပြင်က စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တတ်နိုင်တဲ့ နေရာက ပံ့ပိုး ထောက်ခံမှုတွေ လုပ်နေကြဖို့ပါပဲ။

ဖြေ-ဦးဝင်းတင်။။အေးအေး။

မေး-မိုးမခ။။ကျေးဇူးပါပဲ ဆရာ။ နောက်မှ ထပ်ဆက်ပါဦးမယ်။  

0 comments:

Post a Comment