Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မွန်ပြည်နယ်၌ စစ်တပ်အတွက် ရော်ဘာခြံ ဧက ရာချီ သိမ်းရန်စီစဉ်

အေးမွန်၊ ဇူလိုင် ၁၉၊ ၂၀၁၁
မွန်ပြည်နယ်သံဖြူဇရပ်-ကျးရွာအနီးဒေသခံများပိုင်ရော်ဘာခြံမြေများကိုအစိုးရစစ်တပ်ကသိမ်းယူရန်စီစဉ်နေကြောင်းဒေသခံများနှင့်မွန်လူ့အ ခွင့်အရေးဖောင်ဒေးရှင်းကပြောသည်။သိမ်းမည့်ခြံဧကကို၆၀၀နှင့်၁၀၀၀ကြားရှိမည်ဟုဒေသခံများကခန့်မှန်းကြသော် လည်းအဆိုပါပမာဏထက်ပိုမိုများပြားနိုင်ပြီးဧက၃၀၀၀၀န်းကျင်အထိပင်ရှိနိုင်သည်ဟုမွန်လူ့အခွင့်အရေး ဖောင်ဒေး ရှင်းမှတာဝန်ရှိသူဦးအွန်းမွန်ကဆိုသည်။
ထိုသို့ခြံမြေများသိမ်းယူရန်စီစဉ်ကိုယခုနှစ်ဆန်းပိုင်းမှစတင်ခဲ့ပြီးစစ်တပ်အတွက်သိမ်းမည့်အစီအစဉ်ဖြစ်ေ ကြာင်းယခုလတွင်ပိုမိုထင်ရှားလာသည်ဟုလည်း၎င်းကပြောပြသည်။“အခုအဲဒီသိမ်းမယ့်ခြံတွေရှေ့မှာအနီရောင်ပေါ် မှာအဖြူရောင်စာလုံးတွေနဲ့"တပ်မြေ'ဆိုပြီးဆိုင်းဘုတ်တွေaထာင်ထားပြီလို့ဒေသခံတွေကNပန်ပြောပြတယ်”ဟုဦးအွန်း မွန်ကဆက်လက်ပြောဆိုသည်။မြေသိမ်းမည့်သက်ကောကျေးရွာအနီးရှိခြံများကိုaNမတိုင်းဌာနမှမြေလာတိုင်းတာမှု များပြုလုပ်နေပြီဖြစ်ကြောင်းလည်းသိရသည်။လြောတိုင်းတာတော့ကျနော်ကိုယ်တိုင်မြင်တယ်၊ဒါပေမယ့်ဘာလုပ်မ ယ်ဆိုတာတော့မပြောဘူး။”ဟုအမည်မဖော်လိုသည့်ဒေသခံရော်ဘာခြံရှင်တစ်ဦက ပြောဆိုသည်။
မွန်ပြည်နယ်တွင်ရော်ဘာခြံစိုက်ပျိုးထုတ်လုပ်ခြင်းကိုအဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေဖြင့်လုပ်ကို င်ကြပြီးသံဖြူဇရပ်မြို့နယ်ဝန်းကျင်ရှိရော်ဘာခြံများသည်လက်ရှိတွင်ဈေးအကောင်းဆုံးရရှိနေသောခြံများဖြစ်သည်။တ စ်ဧကလျင်ကာလပေါက်ဈေးကျပ်သိန်း၈၀မှ၁၀၀၀န်းကျင်ရှိပြီးစတင်စိုက်ပျိုးပြီးချိန်မှ၇နှစ်၊၈ နှစ်ကြာမှသာလျင်ရော်  ဘာအစေးများထုတ်ယူနိုင်ကြောင်း သိရသည်။
တစ်ချို့ခြံတွေဆိုနောက်၂နှစ်လောက်ဆိုရော်ဘာအစေးထုတ်လို့ရပြီ၊အရမ်းနှမြောဖို့ကောင်းတယ်ဟုသံဖြူဇ ရပ်မြို့နယ်ပငကျေးရွာမှဒေသခံ နိုင်တင်အောင်က ပြောဆိုသည်။
အဆိုပါရော်ဘာခြံများနေရာတွင်တနင်္သာရီတိုင်းရေဖြူမြို့နယ်၌အခြေစိုက်နေသည့်အမှတ်၄၃တပ်ရင်းမှလာေ ရာက်တပ်ချထားမည်ဖြစ်သည်ဟုသိရကြောင်းဦးအွန်းမွန်ကဆိုသည်။၁၉၉၅ခုနှစ်နောက်ပိုင်းသံဖြူဇရပ်-ဘုရားသုံးဆူ လမ်းတစ်လျှောက်အစိုးရတပ်များချထားမှုရှိလာပြီးလက်ရှိတွင်အနန်းကွင်းကျေးရွာနှင့်ရေတံခွန်ရွာတို့တွင်တပ်များ ချထားသည်။မွန်ပြည်နယ်တွင်ယင်းသို့တပ်များချထားရန်အတွက်ဒေသခံများ၏မြေများကိုမကြာခဏသိမ်းယူလေ့ရှိေ ကြာင်း၂၀၀၀ပြည့်နှစ်မှ၂၀၁၀ပြည့်နှစ်အထိဆယ်နှစ်တာကာလအတွင်းမြေဧကပေါင်း၁၂၀၀၀ ကျော်ကိုစစ်တပ်ကသိမ်း ဆည်းခဲ့ကြောင်းမွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။သို့သော်သိမ်းယူထားသည့် မြေများအတွက် ဒေသခံများ ထိုက်သင့်သည့်လျော်ကြေးအလုံအလောက်မရရှိကြကြောင်းလည်းအဆိုပါဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးကဆို သည်။

0 comments:

Post a Comment