Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

Welcome your charity for NLD support towards Burmese political prisoners

၂၀၁၁ ခုနှစ် မိုးမခမိတ်ဆွေများဆုအဖြစ်  အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကိုဂေုဏ်ပြု မဲပေါက်သည့်   နို်င်ငံရေးအကျဉ်းသား ၅၀ ကိုလည်း လစဉ် အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲမည်
မိုးမခ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
၂၀၁၁နှစ်သစ်တွင်မိုးမခစာနယ်ဇင်းအဖွဲ့ကအင်န်အယ်ဒီပါတီ၏လူမှုထောက်ကူအဖွဲ့ကကုညီအားပေးနေသော နိုင်ငံရေးအကျ ဉ်းသား၆၀၀ဦးအားမိုးမခမိတ်ဆွေများဆုဖြင့်ဂုဏ်ပြုမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ခဲ့သည့်အတိုင်းလည်းမိုးမခရန်ပုံငွေထဲမှ ဒေါ်လာငွေ ၆၀၀ကျော်ကိုမိုးမခ၀ိုင်းတော်သားများအလှူအဖြစ်မတည်ခဲ့ပြီးအများပြည်သူအလှူကိုလည်းလက်ခံခဲ့ရာစုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ထောင်တန်ဖိုးဖြင့်ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြလိုက်ပါသည်။
ထို့အပြင်အင်န်အယ်ဒီပါတီကူညီစောင့်ရှောက်နေသည့်နှိင်ငံရေးအကျဉ်းသားစာရင်းများအနက်မှ စွန့်စားသူ ၅၀ ဦးကိုလည်း မဲနှိုက်ပြီးအဝေးရောက်မိတ်ဆွေများအဖြစ်လက်တွဲခွင့်၊မိတ်ဆွေဖွဲ့ခွင့်ရခဲ့သည်ဖြစ်ရာအဆိုပါအဝေးရောက်မိတ်ဆွေ၅၀ဦးနှင့်တကွ အင်န်အယ်ဒီပါတီကစာရင်းပြုစုအားပေးကူညီနေသောနိုင်ငံရေးအကျဉ်းသားများကိုမိုးမခမိတ်ဆွေများကလစဉ်အားပေးဂုဏ်ယူသွားနို င်ရန်ဆက်လက် ကြိုးစားသွားမည် ဖြစ်သည်။မိတ်ဆွေဖွဲ့လိုသူများအနေဖြင့် မိုးမခမှ တဆင့် မဲနှိုက်ပြီး မိမိ၏ အဝေးရောက်မိတ်ဆွေ သူရဲကောင်းတဦး၏ အမည်ကို သိရမည် ဖြစ်သည်။ အဝေးရောက်မိတ်ဆွေအဖြစ် လစဉ် အနည်းဆုံး မြန်မာငွေ ကျပ် ၅ ထောင်ဖိုးဖြင့် ကူညီမှုကိုစတင်နိုင်သည်။မိုးမခစာနယ်ဇင်းအဖွဲ့ကတာဝန်ယူပြီးအကြောင်းကြားမှု၊ ပြန်ကြားမှုတို့ကို ပြုလုပ်ပေးမည်ဟု ပြင်ဆင်ထားသ ည်။ယခုလက်ရှိတွင်မိုးမခမိတ်ဆွေများ၊ပရိသတ်များဖြင့်အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့၏နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှော က်မှုလုပ်ငန်းကိုရည်စူးလှူဒါန်းမှုများစတင်နေပြီဖြစ်ရာလက်ရှိတွင်အလှူရှင်ဦးရေ၂၀ရြှိ့ပီးနိုင်ငံရေးအကျဉ်းသား၂၇ဦးကိုအဝေးရောက်မိ တ်ဆွေများအဖြစ်စာရင်းသွင်းထားသည်ကိုတွေ့ရသည်။အလှူရှင်အချို့ကအများကောင်းမှုအဖြစ်အင်န်အယ်ဒီ၏ နိုင်ငံရေးအကျဉ်းသား များ ကူညီမှုလုပ်ငန်းသို့ ရည်စူး လှူဒါန်းကြသည်ကို တွေ့ရသည်။
အင်န်အယ်ဒီဦးစီးဆောင်ရွက်နေသော မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ လှုမှုထောက်ကူပြု အလုပ်များအတွက် အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ မြန်မာကွန်မြူနီတီများကလည်း ၀ိုင်းဝန်းခြင်း၊ ပံ့ပိုးခြင်း နှင့် အားပေးကူညီမှုများ   ပြုလုပ်လာကြသည်ကို ဆက်လက်သတင်းပေးပို့ ပြန်ကြားပေးပါမည်။ လက်ဆင့်ကမ်း သတင်းပို့ပေးကြပါရ

0 comments:

Post a Comment