Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

Burma Martyrs Day marked openly by Burmese public and Suu

Tuesday, 19 July 2011
အင်န်အယ်ဒီ ဌာနချူပ်ရှေ့က လူထု၏ အာဇာနည်နေ့မြင်ကွင်း
မိုးယံမခ၊ ဇူလိုင် ၂၀၊ ၂၀၁၁
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စု နီးပါးလောက်က ပျောက်ကွယ်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ ကျင်းပတဲ့ အလေ့အထကို တနိုင်ငံလုံးမှာ ပြန်လည်နိုးထလာအောင် ယမန်နေ့မနက်က ကျင်းပခဲ့တဲ့ အင်န်အယ်ဒီ အဖွဲ့ချုပ်ရုံးရဲ့ အာဇာနည်နေ့ပွဲက လှုပ်နှိုးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကြံ့ဖွှံအစိုးရတက်ပြီး ရက် ၁၀၀ ကျော် ကာလမှာ လူစုလူဝေးနဲ့ ချီတက်အလေးပြုခွင့်ရပြီး ယမန်နေ့ မနက်ပိုင်း ရန်ကုန်မြို့ နေရာတော်တော်များများမှာ လုံခြုံရေးအစောင့်ကားတွေ၊ မီးသတ်ကားတွေနဲ့ လူစုလူဝေးကိုဖြိုခွဲဖို့ အသင့်ပြင်ထားတာကို တွေ့နေရပါတယ်။
အင်န်အယ်ဒီ ရုံးချူပ်ရှေ့မှာ နံနက် ၈ နာရီလောက်က စပြီး အင်န်အယ်ဒီပါတီဝင်တွေ အာဇာနည်နေ့ အခမ်းအနားကို လာရောက်နားထောင်တဲ့ လူထုပရိသတ်တွေနဲ့ တဖြည်းဖြည်း စည်ကားလာခဲ့ပါတယ်။ အဖွဲ့ချုပ်ရုံးရှိရာကို ချီတက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေ ရောက်ရှိလာနိုင်မှာ နံနက် ၉ နာရီ ခွဲပါပြီ။ ဒီမတိုင်ခင်လေးမှာပဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လူအင်အား ၁၀၀ ကျော်လောက်ဟာ အဖွဲ့ချူပ်ရှေ့က ဖြတ်သန်းပြီး အာဇာနည်ကုန်းဘက်ကို အလေးပြုဖို့ ခြေလျင် ချီတက်သွားတာကို တွေ့လိုက်ရပါတယ်။

 အဖွဲ့ချူပ်မှာ အာဇာနည်နေ့အခမ်းအနားကို ၁၀ နာရီခွဲမှာ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်ဒီပါတီက ဗဟိုကော်မီတီဝင်များ အားလုံး ရုံးချူပ်ရှေ့မှာ ထွက်ပြီးတော့ အာဇာနည်ကုန်းဖက်ကို မျက်နှာမူကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို အလေးပြုကြပါတယ်။ အခမ်းအနားမှ သဘာပတိအဖြစ် ဦးတင်ဦးက ဆောင်ရွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာတဲ့နည်းနဲ့ လွတ်လပ်ရေးအရယူခဲ့ပုံကို တင်ပြပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ရဲ့ အဓိပ္ပါယ်နဲ့ ဒီမိုကရေစီရရှိဖို့ လူတိုင်း လူတိုင်းစည်းကမ်းရှိရှိ ကြိုးစားကြဖို့ တိုက်တွန်းပြီး အမှာစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားရဲ့ ကဗျာရွတ်ခြင်း အစီအစဉ်တွေကိုတော့ မုံရွာအောင်ရှင်၊ ငြိမ်းသစ်၊ နေထက်နိုင် စသည်တို့က ဆောင်ရွက်ခဲ့ကြပါတယ်။
 
အခမ်းအနားကို နေ့လည် ၁၂ နာရီခွဲမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ နေ့လည် ၁၂ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်များ၊ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားကြီးများ၊ အင်န်အယ်ဒီမှာ အမည်စာရင်းပေးသွင်းထားသူများက ကားများနဲ့ အာဇာနည်ကုန်းရှိရာကို အလေးပြုဖို့ ချီတက်သွားကြပါတယ်။
ကျန်ရှိတဲ့ ကျောင်းသားများ၊ အင်န်အယ်ဒီပါတီဝင်များ၊ လူထုပရိသတ်များ စုစုပေါင်း ၁ သောင်းကျော်ခန့်ဟာ အာဇာနည်ကုန်းရှိရာသို့ ခြေလျင်ချီတက်ခဲ့ကြပါတယ်။ ဘေးဖက် တချက် ၀ဲယာက ပြည်သူတွေက လက်ခုပ်သြဘာများ ပေးကြရင်း အာဇာနည်နေ့ရဲ့ အနှစ်သာရကို အနှစ် ၃၀ အတွင်း ပထမဦးဆုံး ပြန်လည် ဖော်ထုတ် မြင်တွေ့ ရှင်သန်ခွင့်ရကြတဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ်။
 
(ဓာတ်ပုံ - မိုးယံမခ၊ မိုးမခ)
 
0 comments:

Post a Comment