Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မျက်ရည်များအကြောင်း

ဇူလိုင် ၂၇၊ ၂၀၁၁




အန္တိမဒေသကို သွားခဲ့ကြသူအတွက်
ဟောဒီ …
အလွမ်းရာသီထဲ ကျတဲ့မျက်ရည်။

မိုးဖွဲ တစိမ့်စိမ့်ထဲ…
အသည်းတမြိုက်မြိုက် ကျွမ်းလှိုက်စားလို့
ကျတဲ့ ၀မ်းနည်းမျက်ရည်။ 
ယုံကြည်ရာကို လုပ်ရဲကြသူ …
“အဖ” တွေအတွက်
နောက်ပေါက်ကောင်တွေဆီက
ကျတဲ့ သတိတရမျက်ရည်။

မုန်တိုင်းရင်ခွင်ထဲမှာ
အောက်ဆီဂျင် ရှာခဲ့ကြသူတွေအတွက်
ကျတဲ့ ဂုဏ်ပြုမျက်ရည်။

တကယ်တော့…
တိမ်တောက်စားတဲ့ နံနက်ခင်းတွေမှာ
ငါတို့ “အဖ”တွေဟာ
အမှန်တရားအတွက်
ထာဝရ သေခြင်းကင်းရာအရပ်ဆီမှာ။

တကယ်ဆို…
ဂုမ္ဘာန်နက္ခတ်ထဲ ရဲရင့် …
“အဖ” နဲ့ပုံတူ မျိုးဆက်တွေတွက်
ရင်နဲ့ အမျှဆက်ကျနေဦးမယ်
ဒေါသမျက်ရည်။

မဆုံးသေးတဲ့ ပြည်သူ့ခရီးကြမ်းထဲ
“အမှန်တရား” ပန်းပွင့်တွေ ဆက်ပွင့်နေဖို့
ငါတို့မျက်ရည်ကို
ဟောဒီ …
ဇူလှိုင် (၁၉) မှာ အသက်ထပ်သွင်းကြမယ်။ ။

(၆၄) ကြိမ်မြောက်အာဇာနည်နေ့ အမှတ်တရကဗျာ။
ဇူလိုင် ၂၇၊ ၂၀၁၁




အန္တိမဒေသကို သွားခဲ့ကြသူအတွက်
ဟောဒီ …
အလွမ်းရာသီထဲ ကျတဲ့မျက်ရည်။

မိုးဖွဲ တစိမ့်စိမ့်ထဲ…
အသည်းတမြိုက်မြိုက် ကျွမ်းလှိုက်စားလို့
ကျတဲ့ ၀မ်းနည်းမျက်ရည်။ 
ယုံကြည်ရာကို လုပ်ရဲကြသူ …
“အဖ” တွေအတွက်
နောက်ပေါက်ကောင်တွေဆီက
ကျတဲ့ သတိတရမျက်ရည်။

မုန်တိုင်းရင်ခွင်ထဲမှာ
အောက်ဆီဂျင် ရှာခဲ့ကြသူတွေအတွက်
ကျတဲ့ ဂုဏ်ပြုမျက်ရည်။

တကယ်တော့…
တိမ်တောက်စားတဲ့ နံနက်ခင်းတွေမှာ
ငါတို့ “အဖ”တွေဟာ
အမှန်တရားအတွက်
ထာဝရ သေခြင်းကင်းရာအရပ်ဆီမှာ။

တကယ်ဆို…
ဂုမ္ဘာန်နက္ခတ်ထဲ ရဲရင့် …
“အဖ” နဲ့ပုံတူ မျိုးဆက်တွေတွက်
ရင်နဲ့ အမျှဆက်ကျနေဦးမယ်
ဒေါသမျက်ရည်။

မဆုံးသေးတဲ့ ပြည်သူ့ခရီးကြမ်းထဲ
“အမှန်တရား” ပန်းပွင့်တွေ ဆက်ပွင့်နေဖို့
ငါတို့မျက်ရည်ကို
ဟောဒီ …
ဇူလှိုင် (၁၉) မှာ အသက်ထပ်သွင်းကြမယ်။ ။

(၆၄) ကြိမ်မြောက်အာဇာနည်နေ့ အမှတ်တရကဗျာ။

0 comments:

Post a Comment