Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ထုံထောင်း ... လမ်းခွဲ

ညိုထက် (လမ်းသစ်ဦး)
ဇူလိုင် ၂၉၊ ၂၀၁၁
 
(၁)

ကျနော် အမေရိကားကို လာခါနီး
သူငယ်ချင်းတဦးက ပြောတယ်
သူ
‘ထုံထောင်း’ မှာပဲ ရှိနေမယ်တဲ့။

‘ထုံထောင်း’ မှာ
ငါတို့သောက်နေကျ ‘ကျောက်ခုံ’ ရှိမယ်
‘နောင်ရိုး’ ရှိမယ်
‘မင်းသားကြီး’ ရှိမယ်
‘SAW’ ကျောင်းရှိမယ်။

ငါ့သူငယ်ချင်း
သူ
‘SAW’ ကျောင်းမှာ စာသင်တယ်
‘ကျောက်ခုံ’ ကိုသွားမယ်
‘နောင်ရိုး’ ကိုသွားမယ်
‘မင်းသားကြီး’ ကိုသွားမယ်။

သပိတ်မှောက်ကျောင်းသားကြီး
“ယမ်းကီး … … အလိုမရှိ” ကြွေးကြော်သံကို တင်မယ်
ကိုယ့်ဗဟို ကိုယ် ပြန်ပြီးသပိတ်မှောက်မယ်။

(၂)

အမေရိကားကိုရောက်တယ်
ကဗျာတွေ
စာတွေ
… …
ဖတ်နေရတယ်
ဟုတ်ပါ့
သူ
‘ထုံထောင်း’ မှာပဲ ရှိနေသေးတယ်။

(၃)

တနေ့က ‘Face Book’ မှာ
ဒီးယူနဲ့ ကိုနေမျိုးလေးရဲ့ဓာတ်ပုံတွေ တွေ့လိုက်ရတယ်
ဒီးယူက သူ့သမီးလေးကို ချီလို့
ကိုနေမျိုးလေးနဲ့အတူ စစ်ကြောင်းချီလို့
‘ပဲ’ လည်း မပေးအားပါဘူး
‘ထုံထောင်း’ မှာလည်း မဟုတ်ဘူး
‘တော’ ထဲမှာ။

အမှန်တော့
သူတို့လည်း ‘ထုံထောင်း’ မှာ နေခဲ့ကြဖူးသူတွေပါပဲ။

စဉ်းစားကြည့်တယ်
ငါ့သူငယ်ချင်းဟောင်းကြီးက
‘ထုံထောင်း’ မှာပဲ ရှိနေတယ်
(တခါတခါ)
သူ့ရဲ့ ဟိုစာ … ဒီစာတွေ ဖတ်ရတယ်။
ဒီးယူနဲ့ ကိုနေမျိုးလေးက တောထဲမှာ
‘တော်လှန်စစ်’ နွှဲနေကြတယ်
သူတို့လည်း ဟိုစာ … ဒီစာ ရေးတတ်ကြသူတွေပါပဲ
အဲ … ဒီအချိန်မှာတော့
‘နန္ဒအိမ်’ ရဲ့ ကဗျာတွေ မဖတ်ရတာကြာပြီ
‘ဒီးယူ’ ရဲ့ ဂစ်တာသံတွေ မကြားရတာကြာပြီ။
ကျနော်က အမေရိကားမှာနေတယ်
ဗမာပြည်နိုင်ငံရေးကို ပါဝင်ပတ်သက်နေရတုန်းပါပဲ
ဒါပေမယ့်
ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာလို့ ယုံကြည်တဲ့
ငြိမ်းချမ်းရေးတပ်သား ဖြစ်လာခဲ့ပြီ။

အမှန်တော့
ကျနော်တို့အားလုံးဟာ ‘ထုံထောင်း’ မှာ နေခဲ့ကြတယ်
ဒါပေမယ့် - အခုတော့
ကျနော်တို့ကြား မတူတာလေးတွေ ရှိလာတယ်
အဲဒါကြောင့်ပဲ ဒီကဗျာကို
‘ထုံထောင်း လမ်းခွဲ’ လို့ အမည်ပေးလိုက်တယ်။

၂၀- ၇- ၂၀၁၁

ညိုထက် (လမ်းသစ်ဦး)
ဇူလိုင် ၂၉၊ ၂၀၁၁
 
(၁)

ကျနော် အမေရိကားကို လာခါနီး
သူငယ်ချင်းတဦးက ပြောတယ်
သူ
‘ထုံထောင်း’ မှာပဲ ရှိနေမယ်တဲ့။

‘ထုံထောင်း’ မှာ
ငါတို့သောက်နေကျ ‘ကျောက်ခုံ’ ရှိမယ်
‘နောင်ရိုး’ ရှိမယ်
‘မင်းသားကြီး’ ရှိမယ်
‘SAW’ ကျောင်းရှိမယ်။

ငါ့သူငယ်ချင်း
သူ
‘SAW’ ကျောင်းမှာ စာသင်တယ်
‘ကျောက်ခုံ’ ကိုသွားမယ်
‘နောင်ရိုး’ ကိုသွားမယ်
‘မင်းသားကြီး’ ကိုသွားမယ်။

သပိတ်မှောက်ကျောင်းသားကြီး
“ယမ်းကီး … … အလိုမရှိ” ကြွေးကြော်သံကို တင်မယ်
ကိုယ့်ဗဟို ကိုယ် ပြန်ပြီးသပိတ်မှောက်မယ်။

(၂)

အမေရိကားကိုရောက်တယ်
ကဗျာတွေ
စာတွေ
… …
ဖတ်နေရတယ်
ဟုတ်ပါ့
သူ
‘ထုံထောင်း’ မှာပဲ ရှိနေသေးတယ်။

(၃)

တနေ့က ‘Face Book’ မှာ
ဒီးယူနဲ့ ကိုနေမျိုးလေးရဲ့ဓာတ်ပုံတွေ တွေ့လိုက်ရတယ်
ဒီးယူက သူ့သမီးလေးကို ချီလို့
ကိုနေမျိုးလေးနဲ့အတူ စစ်ကြောင်းချီလို့
‘ပဲ’ လည်း မပေးအားပါဘူး
‘ထုံထောင်း’ မှာလည်း မဟုတ်ဘူး
‘တော’ ထဲမှာ။

အမှန်တော့
သူတို့လည်း ‘ထုံထောင်း’ မှာ နေခဲ့ကြဖူးသူတွေပါပဲ။

စဉ်းစားကြည့်တယ်
ငါ့သူငယ်ချင်းဟောင်းကြီးက
‘ထုံထောင်း’ မှာပဲ ရှိနေတယ်
(တခါတခါ)
သူ့ရဲ့ ဟိုစာ … ဒီစာတွေ ဖတ်ရတယ်။
ဒီးယူနဲ့ ကိုနေမျိုးလေးက တောထဲမှာ
‘တော်လှန်စစ်’ နွှဲနေကြတယ်
သူတို့လည်း ဟိုစာ … ဒီစာ ရေးတတ်ကြသူတွေပါပဲ
အဲ … ဒီအချိန်မှာတော့
‘နန္ဒအိမ်’ ရဲ့ ကဗျာတွေ မဖတ်ရတာကြာပြီ
‘ဒီးယူ’ ရဲ့ ဂစ်တာသံတွေ မကြားရတာကြာပြီ။
ကျနော်က အမေရိကားမှာနေတယ်
ဗမာပြည်နိုင်ငံရေးကို ပါဝင်ပတ်သက်နေရတုန်းပါပဲ
ဒါပေမယ့်
ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာလို့ ယုံကြည်တဲ့
ငြိမ်းချမ်းရေးတပ်သား ဖြစ်လာခဲ့ပြီ။

အမှန်တော့
ကျနော်တို့အားလုံးဟာ ‘ထုံထောင်း’ မှာ နေခဲ့ကြတယ်
ဒါပေမယ့် - အခုတော့
ကျနော်တို့ကြား မတူတာလေးတွေ ရှိလာတယ်
အဲဒါကြောင့်ပဲ ဒီကဗျာကို
‘ထုံထောင်း လမ်းခွဲ’ လို့ အမည်ပေးလိုက်တယ်။

၂၀- ၇- ၂၀၁၁

0 comments:

Post a Comment