Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မြစ်မင်းဧရာ(1)

Min Thuraဆိုနေကြတဲ့မနက်ဖြန်တွေ
မျှော်တွေးခဲ့ကြတဲ့အနာဂတ်တွေ
စိမ်းစိုနေတဲ့စိတ်မြင်ကွင်းတွေ
မင်းရင်ခွင်မှာရှိနေတာမင်းသိရဲ့လား  ဧရာဝတီ.. နဒီပြာလှိုင်းကြက်ခွပ်တွေ ငေးရင်း ငါတို့အနာဂတ်တွေကိုတွေးပျော်ခဲ့ဘူး တယ်  ....
သောင်ပြင်ဖွေးဖွေးရေအေးအေးမှာ
ငါတို့လွတ်လပ်စွာပြေးလွှားချင်ခဲ့တယ်
ဧရာဝတီ....
ငါတို့ဘိုးဘေးဟိုးရှေးတည်းက
မင်းဟာတည်ရှိခဲ့တာပါ
ဧရာဝတီ...
မင်းသိခဲ့တဲ့အတိတ်သမိုင်းကိုနှောင်းလူတွေသိဖို့မင်းကြိုးစားနေမှာ
ငါယုံပါတယ်....
ဧရာဝတီ...............
 ငါတို့တွေမစည်းလုံးလို့လား
ငါတို့တွေသတ္တိနည်းကြလို့လား
ငါတို့တွေဇွဲမရှိကြလို့လား
မင်းဝေဖန်ပါ..
ဧရာဝတီ ........
နောင်သမိုင်းမှာ
ဒီခေတ်ကလူတွေညံ့ခဲ့တယ်လို့တော့
အပြောမခံချင်ခဲ့ရိုးအမှန်ပါ
ဧရာဝတီ
ရွှေပြည်ရွာမြစ်မင်းရယ်လို့
တိုင်တည်ပီးပြောပြချင်တယ်
ဧရာဝတီ......
" အိုဧရာဝတီ""
သင်မြစ်မင်းကိုတိုင်တည်ကာပြောလိုက်မယ်
ငါတို့အောင်ပွဲငါ့ရင်ထဲမှာအမြဲရှိတယ်
ငါဟာလွတ်လပ်သူ
                  (ကူးယူတင်ပြပါသည်။)
Min Thuraဆိုနေကြတဲ့မနက်ဖြန်တွေ
မျှော်တွေးခဲ့ကြတဲ့အနာဂတ်တွေ
စိမ်းစိုနေတဲ့စိတ်မြင်ကွင်းတွေ
မင်းရင်ခွင်မှာရှိနေတာမင်းသိရဲ့လား  ဧရာဝတီ.. နဒီပြာလှိုင်းကြက်ခွပ်တွေ ငေးရင်း ငါတို့အနာဂတ်တွေကိုတွေးပျော်ခဲ့ဘူး တယ်  ....
သောင်ပြင်ဖွေးဖွေးရေအေးအေးမှာ
ငါတို့လွတ်လပ်စွာပြေးလွှားချင်ခဲ့တယ်
ဧရာဝတီ....
ငါတို့ဘိုးဘေးဟိုးရှေးတည်းက
မင်းဟာတည်ရှိခဲ့တာပါ
ဧရာဝတီ...
မင်းသိခဲ့တဲ့အတိတ်သမိုင်းကိုနှောင်းလူတွေသိဖို့မင်းကြိုးစားနေမှာ
ငါယုံပါတယ်....
ဧရာဝတီ...............
 ငါတို့တွေမစည်းလုံးလို့လား
ငါတို့တွေသတ္တိနည်းကြလို့လား
ငါတို့တွေဇွဲမရှိကြလို့လား
မင်းဝေဖန်ပါ..
ဧရာဝတီ ........
နောင်သမိုင်းမှာ
ဒီခေတ်ကလူတွေညံ့ခဲ့တယ်လို့တော့
အပြောမခံချင်ခဲ့ရိုးအမှန်ပါ
ဧရာဝတီ
ရွှေပြည်ရွာမြစ်မင်းရယ်လို့
တိုင်တည်ပီးပြောပြချင်တယ်
ဧရာဝတီ......
" အိုဧရာဝတီ""
သင်မြစ်မင်းကိုတိုင်တည်ကာပြောလိုက်မယ်
ငါတို့အောင်ပွဲငါ့ရင်ထဲမှာအမြဲရှိတယ်
ငါဟာလွတ်လပ်သူ
                  (ကူးယူတင်ပြပါသည်။)

0 comments:

Post a Comment