Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

နေလောင်ပန်း

ကြည်မွေ့အိမ်
ဇူလိုင် ၂၄၊ ၂၀၁၁

(၁)
သူ့မျက်နှာမှာ အပေါစားပေါင်ဒါမှုန့်များဖြင့် ဖွေးလျက်ရှိ၏။ သူ့နှုတ်ခမ်းဆိုးဆေးက နီရဲစိုလက်ပြီး အပြင်ဘေးနှုတ်ခမ်းအနားသားများဆီသို့ပင်အံကျနေသည်။ပင်ကိုယ်ထူသောမျက်ခုံးပေါ်မှာအနီရောင်ခဲ ဆွဲထားလိုက်သေးသဖြင့်နည်းနည်းတော့အကြည့်ရဆိုးသည်။သူကတော့လှတယ်လို့ထင်နေမှာပါပဲ။ ပွင့်ရိုက်ပါတိတ်အစိမ်းပွင့်ဝမ်းဆက်ကအမြင်မှာပူလောင်နေ၏။ဝဝဖြိုးဖြိုး၊ပြည့်ပြည့်တင်းတင်းတင်သား များကအတန်ငယ်ချိုင့်ဝင်ပြားကပ်ကာတင်းရင်းသောလက်မောင်းများမှာလည်းမဆိုသလောက် ပျော့ကျေ နတာသတိထားလိုက်ဖြစ်တော့သူတော်တော်ပိန်သွားတာပဲဟုမှတ်ချက်ချဖြစ်သည်။သူ့မျက်နှာပြင်က ခါတိုင်းလိုခက်ထန်မာကျောနေခြင်းမရှိဘဲတောက်တောက်ပပကြည်ကြည်လင်လင်မို့သူတစုံတခုအပေါ်မျှော် လင့်ကျေနပ်နေကြောင်းခန့်မှန်း၍ရလေသည်။အထပ်ထပ်အသုံးပြုထားသဖြင့်နွမ်းလျှက်အရောင်အဆင်းပြယ် လျက်ရှိနေသောလက်ကိုင်ပဝါကိုအသစ်အတိုင်းဖြစ်အောင်လျော်ဖွပ်မီးပူတိုက်ထားကာကျကျနနသေသေသပ် သပ်ခေါက်လျက်ခါကြားညှပ်ထားလိုက်သေးသည်။ နဂိုကောက်နေသောဆံပင်ကုတ်ဝဲကပခုံးပေါ်မမီ့တမီကျနေချေသေး၏။ရုတ်တရတ်သော်ကလေး၎ ယောက် အမေရယ်လို့ဘယ်လိုမှထင်ဖွယ်မရှိ။စိတ်ဓာတ်တက်ကြွကာမျှော်လင့်ချက်ပြည့်နေသူတို့၏စိတ်ဓာတ်ကိုကူးစက်  ခံစားရတာလည်းပီတိတမျိုးပင်ဖြစ်ပေမည်။သူ့ကိုကြည့်ပြီးကျမစိတ်ပင်ပေါ့ပါးသွားသလိုပင်ခံစာလိုက်ရ၏ ။ရှေးမဆွတုန်းကအကြိမ်တရာထက်မနည်းကိုယ်ကစပြီးလိုလိုလားလားပြုံးပြနှုတ်ဆက်ခဲ့ဖူးသော်လည်း ကြည်လင်ချမ်းမြသောတုံ့ပြန်အပြုံးကိုတခါမှမရရှိမခံစားခဲ့ရစဖူးပါ။ အခုတော့ဖြင့်ထိုသို့မဟုတ်ပြီ။သူကပင်စတင်၍မြင်မြင်ချင်းနှုတ်ခမ်းတပြင်ပြင်ဖြစ်နေ၏။ထုံးစံအတိုင်း ကျမကစတင်နှုတ်ဆက်မည်ပြုစဉ်သူကဝင်းပကြည်လင်သောမျက်နှာရွှင်လန်းသောအပြုံးနှင့်ဆီးကြိုမေး လိုက်လေ၏။ “ရုံးသွားတော့မလို့လား” တဲ့။
    “ဟုတ်ကဲ့”
ရှည်ရှည်ဝေးဝေးမပြောဖြစ်တော့ဘဲအံ့သြပီတိလွှမ်းလျက်သူငယ်ချင်းဖြစ်သူထံဝင်လိုက်သည်။သူငယ်ချင်း ကမီးဖိုချောင်မှာချွေးတလုံးလုံး၊ယောင်းမတပြင်ပြင်၊ဇွန်းတကိုင်ကိုင်နှင့် ပျာလောင်ခတ်နေတုန်းရှိ၏။
  “ဝင်းရေ … မအေးနွယ် ဘယ်သွားမလို့လဲ မသိဘူး။ မျက်နှာကြီးကလည်း ပြုံးဖြီးနေတာပဲ”
ကျမကတအံ့တသြဆိုလိုက်မိသည်။သူငယ်ချင်းကငရုတ်ဆုံထဲထည့်ထားသောကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို တဒုံးဒုံး ထုထောင်းနေရင်း …
“သူ့ ညီမအငယ်ဆီသွားမယ်လေ၊ သူ့သမီး သွားခေါ်မလို့တဲ့”
သူသည်သူငယ်ချင်း၏အစ်မဝမ်းကွဲတော်စပ်သူဖြစ်၏။ဆင်းရဲပင်ပန်းမှုဒဏ်ကိုမခံနိုင်ဟုဆိုကာ၊သူ့ယောကျာ်း ကသူ့ကိုကလေး၎ယောက်နှင့်ထားပစ်ခဲ့ကာသစ္စာဖောက်သွားခြင်းခံရသူလည်းဖြစ်၏။ကလေး၎ ယောက်က ၁၇နှစ်၊၁၄နှစ်၊၁၀နှစ်၊၅နှစ်စသည်ဖြင့်စားနိုင်သောက်နိုင်တုန်း၊စားကောင်းသောက်ကောင်းတုန်း၊ကမောက် ကမအရွယ်ကလေးများပေမို့အာပေါက်အောင်ပြောဆိုရတုန်းအရွယ်။မျက်နှာလွှဲရလောက်အောင်လည်း မဟုတ်သေးသည့်အရွယ်။မအေးနွယ်ကိုယောက်ျားကပစ်ခွာပြီးအိမ်ပေါ်မှထွက်စဉ်မှစ၍ဥမမယ်၊စာမမြောက် ဟိုမရောက်၊ဒီမရောက်ကလေးများ၏များပြားလှသည့်မနိုင်မနင်းတာဝန်၊စားဝတ်နေရေး၏ကြီးမားသည့်ဒု က္ခ၊လွယ်ပိုးထားရသောနှလုံးသား၏မရှုမလှအရှုံးဒဏ်တို့ကိုမျက်ကွယ်ပြုလို့မရနိုင်အောင်ဖြစ်ခဲ့ရလေ၏။ ထိုမှစ၍သူ့ကိုဂရုတစိုက်ဖြင့်အရေးတယူမေးမြန်းခေါ်ပြောနေမိ၏။သူ့သားသမီးများကိုအတတ်နိုင်ဆုံး ချိုချိုသာသာပြောဆိုဆက်ဆံဖြစ်၏။မုန့်ဖိုးပဲဖိုးကိုယ်တတ်နိုင်သလောက်လေးပေးရ၏။သူ၏သုန်မှုန်ခက် ထန်လာမှုကိုကရုဏာသက်ရ၏။သူ၏လိုချင်မျက်စိကိုနားလည်လာရ၏။သူ့ရင်တွင်းမှအုံနေသောမီးပုံကြီးကို စာနာသနားမိရ၏။သူ့ကလေးများကိုကျွဲရိုက်နွားရိုက်လျှင်မချိတင်ကဲဖြစ်လျက် နာကျင်ဝမ်းနည်းရ၏။
(၂)
“ဟဲ့ ... အိမွန် … အမလေး အပျိုကြီးဖားဖား ဖြစ်လို့ပါလားဟေ့”
ကျမကမယုံနိုင်သလိုတအံ့တသြကြည့်ပြောလျှင်သူ့မျက်နှာကားပြုံးပြုံးကြီးနေ၏။အိမွန်မှာအနည်းငယ်ရှက် ရိပ်စွန်းလျက်ရယ်နေလေသည်။အမှန်တကယ်ပင်ထွားလာ၊ဝလာ၊လှလာလိုက်တာ။ဆံပင်လည်းခါးလည်းေ ကျာ်နေပြီ။အုံကောင်းကဖြောင့်စင်းနက်မှောင်နေ၏။သူ့အဒေါ်အိမ်မှာအိပ်လိုက်၊စားလိုက်၊သူ့တူကိုထိန်းလို  က်နှင့်ဟန်ကျပန်ကျနေနိင်နေ၏။သူ့အဒေါ်ငယ်ကပြေလည်သဖြင့်တလ\တလအိမွန်ကိုပေးသောမုန်ဖိုးပဲဖိုး ပင်တသောင်းမျိုး၊နှစ်သောင်းမျိုးရှိတတ်သည်။ဒါကိုမအေးနွယ်ကကြိုယူနေကျ။သမီးဖြစ်သူကလည်းသူ့လုပ် အားခဆိုကာမညည်းမညူဂုဏ်ယူစတမ်းပေးနေကြ။အဝတ်အစား တောက်တောက်ပြောင်ပြောင်ကလေးနှင့် ဆိုတော့“အံမယ်ဘယ်ဆိုးလို့လဲ၊ငါ့တူမကအလာသားဟေ့”လို့ကျမသူငယ်ချင်းကပြောတော့အိမွန်က ရှက်နေချေသေး၏။ဒေါ်လေးဝင်းကလည်း၊ဒေါ်လေးဝင်းကလည်းနှင့်သာဘာပြန်ပြောရမှန်းမသိတိုင်း အရှက်ပြေရေရွတ်နေတော့သည်။
“ရည်းစားတွေဘာတွေ ရနေပလားဟေ့ အိမွန်”
“ဟာ ဆရာမကလည်း၊ သမီးက ကလေးပဲရှိသေးတာ”
မျက်နှာနီနီနှင့်ပျာပျာသလဲရှင်းချက်ထုတ်သေး၏။ဒါကိုပဲသူကသဘောကျစွာသူ့သမီးခေါင်းလေး ပွတ်ပွတ်ပြီးတဟားဟားနှင့်သဘောအကျကြီးကျနေချေသေး၏။သူဒီလိုမရယ်မောနိုင်တာအတန်ကြာခဲ့ပြီပဲလို့ ရင်ထဲမှစိတ်မကောင်းစွာတွေးဖြစ်သေးသည်။
“အံမယ်..ဒေါ်လေးမိညိုကအလုပ်တွေရှုပ်နေတာ၊ပိပိကလည်းသမီးချီမှရတယ်။အမေကဘုရားလို က်ပို့မယ်ဆိုလို့ပြန်လာရတာ၊ ညီမလေးတွေလည်းလွမ်းတာပေါ့၊ကိုကြီးဖိုးကျော်ကိုလည်းလွမ်းတာပါပဲ”
“ဒီည သွားကြမှာလား”
“မသိဘူး ဆရာမရဲ့၊ အမေက ဘယ်နေ့ပို့ပေးမလဲ မသိဘူး၊ ကိုကြီးဖိုးကျော်ကိုစောင့်ဦးမယ် ထင်တယ်၊ မိသားစုစုံစုံညီညီ သွားမယ်တဲ့”
“ညည်းအဖေ လာသေးလား”
သူ့ကွယ်ရာမှာ အိမွန်ကို တိုးတိုးမေးမိသည်။
“မလာပါဘူး ဆရာမရယ်၊ အဖေက နေကိုနေနိုင်ပါတယ်လေ၊ အဖေ့ကို သိပ်စိတ်နာတာပဲ”
“အံမယ် ညည်းတို့ တုန်နေအောင်ချစ်တယ် မဟုတ်လား”
“ချစ်တာပေါ့..ဆရာမရယ်၊ဒီအဖေတယောက်တည်းရှိတာ။ဒါပေမယ့်အဖေကသမီးတို့ကိုမချစ်ပါဘူး။ သူ့မှာချစ်ရမယ့်သူတွေပြည့်လို့”ကျမမှာမေးမိ၊ပြောမိပြီးမှနောင်တရသွားသည်။ကလေးတွေရဲ့စိတ်ဒဏ်ရာ ဟာအရွယ်နဲ့မမျှအောင်ပဲရင်းခံနေခဲ့ပြီဖြစ်၏။ကျမသူ့ကိုတွေငေးစွာကြည့်နေမိသည်။အလိုလိုရင်နာလာ၏။ သူ့အသံသြသြရယ်၊သူ့ပါးအို့နီနီရယ်တွေ ကြည့်ပြီးကျမသက်ပြင်းမောတချက် ရှိုက်လိုက်မိသည် ထင်၏။
“အိမွန်ရေ … သမီး လာပါဦး”
“ဟော … အမေ ခေါ်နေပြီ။ ဆရာမ၊ သမီးသွားလိုက်ဦးမယ်”
“အေး … အေး”
“အိမွန်ရေ …”
“လာပြီ အမေ”
မအေးနွယ်သည် လွယ်အိတ်တလုံးနှင့် အမျိုးသမီးကြီးတယောက်ကို လက်ခံစကားပြောနေရာမှ သူ့သမီးကို တကြော်ကြော် ခေါ်နေလေသည်။ အိမွန်က ရုတ်ခနဲထကာ အပြေးအလွှားသွားမည်ပြုစဉ် အငယ်ဆုံးမလေးက အာသွက်ခရာပီပီ သူ့ဂါဝန်နွမ်းလေးဖားဖားနှင့် အပြေး လာပြီး …
“အိမွန် မပွားနဲ့ မပွားနဲ့၊ အမေက နင့်ဆံပင်တွေ ရောင်းမို့တဲ့”
အို … ကျမရင်ထဲ လှုပ်ခနဲဖြစ်သွားသည်။ တစုံတရာသည် ရင်ဝကို လာဆောင့်လိုက်သလို နင့်နဲစွာနာကျင်သွားမိ၏။ အိမွန်သည် မျက်လုံးကလေးများ ဝိုင်းစက်သွားပြီးလျှင် သူ့ညီမလေးကို မယုံနိုင်သလို ပြန်ကြည့်နေပေသည်။
“မပွားနဲ့ အစ်မ သိလား”
“အိမွန်ရေ သမီးရေ မြန်မြန်လာစမ်းပါဆို”
အိမွန်ထွက်သွားတော့ကျမကသူငယ်ချင်းဆီလေးဖင့်သောခြေလှမ်းများဖြင့်ထွက်လာခဲ့လိုက်သည်။
“ဝင်းရေ ... မအေးနွယ်က အိမွန်ဆံပင်ကို ရောင်းမယ်နဲ့တူတယ်”
“ဘာရယ်”
“ဟုတ်တယ် ...။ ဟိုမယ် ဆံပင်ဝယ်တဲ့အမျိုးသမီး ရောက်နေတယ်”
ကျမ သူငယ်ချင်းမျက်နှာက ထိန်းမရအောင်ပျက်သွားလေ၏။
“မဟုတ်တာဟယ်။ ကလေးစိတ်ထိခိုက်အောင် ... မအေးနွယ်က မဟုတ်သေးပါဘူး။ ငါသွားပြောမယ်”
“မသွားနဲ့”
ကျမကသူငယ်ချင်း၏လက်ကိုဆုပ်ကိုင်ဟန့်တားလိုက်မိသည်။သူငယ်ချင်းရောကျမပါငူငူကြီးထိုင်နေမိကြ သည်။တစုံတရာစကားမဆိုနိုင်။မကြာပါ။ရေတွင်းကုန်းဘက်ဆီမှပြေးလာသောခြေသံတဖုတ်ဖုတ်ကိုကြား ရသည်။ထမီစွန်တောင်ဆွဲလျှက်မျက်ရည်ပေါက်ကြီးတွေပိုးပိုးပေါက်ပေါက်ကျရင်းရှိုက်ငိုပြေးထွက်လာသော အိမွန်ကိုတွေ့ရသည်။သူ့ဦးခေါင်းထက်မှရှည်လျားနက်မှောင်သောပိတုန်းရောင်ဆံကေသာကြီးကဂုတ်ပိုးအ ရင်းထိရောက်အောင်တိုပြတ်လျှက်ရှိလာပါပကော။ရင်ထဲတွင်ဆို့လုံးကြီးတခုကလှိုက်တက်လာပြီးမျက်နှာ အသာလွှဲထားမိသည်။ကျမပင်မျက်ရည်များစို့လာလေသည်။မတတ်နိုင်ပါ။ခံစားရခြင်းသည်ဖုံးကွယ်မရစွာ    
ဖြစ်ပေါ်လေ၏။အိမွန်သည်သူ့အဒေါ်၏ရင်ခွင်အတွင်းသို့အားကုန်ပြေးဝင်လိုက်ရင်းတရှိုက်ရှိုက်၊တအင့်အင့်နှ င့်ငိုနေလေသည်။သူ့ကိုယ်လေးသည်တချက်တချက်တုန်ခနဲတုန်ခနဲဖြစ်သွားပြီးပါးစပ်မှလည်းဗလုံးဗထွေး ဝူးဝူးဝါးဝါး ပြောနေရှာ၏။ ထိုခဏ၌ ကျမသည် မအေးနွယ်ကို တူးတူးခါးခါး မုန်းသွားမိလေ၏။
“ဟီး … ဟီး … သမီးက … သမီးက တမြတ်တနိုးထားတဲ့ဟာ … အင့် ... ဟာကို အမေ … အင့် … အမေ”
သူ--ခပ်ငယ်ငယ်နေမကောင်းဖြစ်စဉ်ဆရာဝန်ကဆံပင်ညှပ်ခိုင်းစဉ်ကလည်းသူ ငိုဖူးသည်။ အခုလို ယူကျုံးမရတသသရှိုက်ကြီးငင်ကြီးမနေ။သူ့အဒေါ်ကသူ့ဦးခေါင်းကိုညင်ညင်သာသာပတ်သပ်ချော့မြူရင်း မျက်ရည်ကျရှာလေသည်။
“တိတ်ပါသမီးရယ်၊ဆံပင်ကပြန်ရှည်လာမှာပေါ့။ကိုယ်ကအခုမှ အသက်ငယ်ငယ်လေး ရှိသေးတာ။ ဆံပင်တိုတိုကသမီးနဲ့ လိုက်ပါတယ်၊ ဆိုင်မှာ ပြန်သွားညှပ်လိုက်နော်၊ တိတ် တိတ်”
သူငယ်ချင်းကသူ့ပါးပေါ်မှမျက်ရည်စများသိမ်းဖယ်ပေးရင်းနှစ်သိမ့်နေသည်။အိမွန်သည်မီးဖိုချောင်ထောင့် မှာတိတ်ဆိတ်စွာထိုင်ရင်းမျက်ရည်တွေသာတပေါက်ပေါက်ကျနေချေ၏။ကျမသူငယ်ချင်းသည်သူ့အစ်မဝမ်း ကွဲရှိရာဆီသို့ခြေလှမ်းကျဲကြီးများဖြင့်အလွန်စိတ်ဆိုးမာန်ဆိုးထွက်သွားလေသည်။ကျမကလည်းသူ့နောက် မှ မယောင်မလည် လိုက်သွားမိသည်။
“အစ်မတကယ်ရက်စက်တယ်သိလား။ကိုယ့်သားသမီးဆန္ဒမပါဘဲနဲ့ဒီလိုအတင်းလုပ်လိုက်တာ   ကောင်းသလား။ဘုရားလိုက်ပို့မယ်ဆို ခေါ်လာပြီးတော့”
သူသည်ရေတွင်းဘောင်ဘေးကပိတောက်မြစ်ဆုံပေါ်၌ထိုင်ပြီးကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော တစ်ထောင်တန်များကိုသာမဲကြည့်နေသည်။တစုံတရာမပြော။ဦးခေါင်းကိုလည်းတွင်တွင်ငုံ့ထား၏။ သူ့မျက်နှာလည်းအလွန်ပင် ပျက်ယွင်းနေရှာ၏။
“ပြောပါဦး၊ ဘယ်လောက်ကြီးတောင် ရလို့တဲ့လဲ...။ ပြောစမ်းပါဦး”
“သောင်းငါးထောင်”
သူ့အသံသည်ကျမသူငယ်ချင်းဖြစ်သူ၏ဒေါသသံနှင့်ဆန့်ကျင်လွန်းစွာတိုးဖွတုန်ယင်စွာထွက်ပေါ်လာသည်။ သူများငိုချလိုက်ဦးမှာလား။ကျမသည်သူငယ်ချင်း၏လက်ကိုဆွဲကိုင်ကာခေါ်ပြန်လာရသည်။သူသည်ဒူးနှစ် လုံးပေါ်တွင်မျက်နှာအပ်ရင်းငြိမ်သက်နေခဲ့သည်။ကျမလည်ပြန်လှည့်ကြည့်စဉ်သူ့ကိုယ်သည်လည်းတဆတ် ဆတ်တုန်နေချေ၏။ သူ ငိုနေပြီကော။
(၃) 
အားလုံးတက်ကြွရွှင်လန်းစွာထမင်းခူးခပ်ပြင်ဆင်နေကြ၏။အဝတ်သစ်၊အစားသစ်များဖြင့်။သနပ်ခါးအဖွေး သားကိုယ်စီဖြင့်။ကိုကြီးဖိုးကျော်ရေ၊ညီမလေးရေ၊အမေရေနှင့်စကားသံများကဆူညံဝေစည်လျက် နေသည်။ ကျမမှာ ရေချိုးရန်ပြင်ပြီးမှ မချိုးဖြစ်သေးဘဲ အသာရပ်ကြည့်နေမိသည်။
“အမေ ... ဟို ကြွေးခုနှစ်ထောင် ဆပ်လိုက်လား”
“ဆပ်လိုက်တယ်တော့်...။အဲ့ဒါကျေမှနောက်ထပ်ဆန်(၁)ခွဲလောက်တောင်းပန်ပြောယူရမှာမဟုတ် လား။ဘုရားပန်းကနျစ်ရာ့ငါးဆယ်တဲ့၊လှပါတယ်နော်၊အပွင့်ကြီးကြီးလေးတွေရွေးလာခဲ့တာပဲ။ ကြက်သားကထောင့်ခုနှစ်ရာဖိုး၊ပဲကြီးနဲ့ဆူးပုတ်ဟင်းချိုစားချင်တယ်ဆိုလို့ဝယ်ခဲ့သေးတယ်။ တို့စရာလည်းစုံတယ်။ညနေဘုရားဈေးကျရင်အရုပ်တွေမပူဆာကြနဲ့နော်။ရေခဲမုန့်လေး၊ဘာလေးစားပြီး   ပြန်တာပေါ့”
“ဟာ ... အမေကလည်း ဆပ်ကပ်မကြည့်တော့ဘူးလား”
“ဈေးကြီးတယ်ဟယ်”
“တုတ်ထိုးကြည့်မယ်”
“တစ်နှစ်လာလည်းဒါချည်းကြည့်နေရတာ။မကြည့်ချင်ပါဘူး။အမေ..ကျနော်လည်းလုပ်ခပါလာတာပဲ။ ပွဲကြည့်ရအောင် မိုးဝင်း ကြည့်မယ်”
“ကိုကြီးဖိုးကျော်ကလည်း ဖိုးချစ်က ကောင်းတာကို”
သူတို့အငြင်းအခုန်လုပ်နေစဉ်အငယ်မကလေးစန်းစန်းခိုင်သည်ကျမရပ်နေသည်ကိုလှမ်းမြင်သွားပြီး ဝမ်းသာအားရ ခုန်ပေါက်အော်ဟစ်ကာ ကြွားလိုက်ပါသည်။
“ဆရာမရေ၊ သမီးတို့အားလုံး ဘုရားပွားမလို့၊ ကျိုက်ခေါက်ဘုရားပွားမလို့”
“အေး ... အေး ... ကောင်းတာပေါ့”
“ဆရာမကော လိုက်မလား”
“မလိုက်ပါဘူးအေ၊ညည်းပဲသွားပါ၊အောင်မယ်--ဂါဝန်လေးကလှလိုက်တာ၊ ဘယ်သူဝယ်ပေးတာလဲ”
“မေ …”
သူက ဝံ့ဝံ့ကြွားကြွား ရင်ကော့ဖြေ၏။ တက်ကြွပျော်ရွှင်နေသော အသံ၊ ဟန်၊ မျက်နှာထား။
“အခု … သမီးတို့အိမ်၊ ကြက်သားဟင်း ချက်တယ်”
“အေး … အေး … ကောင်းတာပေါ့ကွယ်”
ဘာရယ်မသိ။ မျက်ရည်လည်လာမိပြန်၏။
“ဆရာမ စားမလား”
“မစားပါဘူးအေ။ ညည်းပဲ စားပါ”
ထိုစဉ်ထမင်းဇလုံကိုင်လျက်အိမ်ပေါက်ဝလှေကားရင်းတွင်ဝတ်ကောင်းစားလှများ၊သနပ်ခါးအဖွေး သားများဖြင့်အိမွန်ကဝုန်းခနဲဆောင့်ထိုင်လိုက်ရင်းပလုပ်ပလောင်းအသံနှင့်သူ့ထမင်းလုပ်ကို မြှောက်ပြကာ ကျမကို …
“ဆရာမ စားပါဦး” ဟု ခေါ်လိုက်သည်။
ရင်ထဲတွင်အမည်ဖော်ပြရန်မစွမ်းသာသောဝေဒနာတရပ်သည်ဆောင့်ဝင်လာသဖြင့်ရုတ်တရတ်ေ သ်ာဘာစကားမှပင် ပြန်မဖြေလိုက်နိုင်။ဆို့ကျပ်တုန်ယင်နေလေသည်။ အတန်ကြာမှ…
“အေး ... အေး ... စား … သမီး ... စား စား ...” ဟု ပြန်ဖြေနိုင်တော့၏။ ကျမ၏ အသံလှိုင်းမှာ အနားသတ် မညီမညွတ်ဘဲ ယိမ်းထိုးလှုပ်ခါ တုန်ယင်လျှက်နေလေသည်။

0 comments:

Post a Comment