Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဒေါ်စု အကြောင်းဇာတ်ကား “The Lady” ကို တိုရွန်တို ရုပ်ရှင်ပွဲတွင် ပြမည်

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် အနစ်နာခံခဲ့ပုံများကို ဇာတ်လမ်းဆင် ရိုက်ကူးထားသည့် "The Lady" ဇာတ်ကားကို စက်တင်ဘာလတွင် ပြုလုပ်မည့် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် တင်ဆက်ပြသမည်ဟု နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
“The Lady” ရုပ်ရှင်ကားကို ဒါရိုက်တာ Luc Besson ရိုက်ကူးပြီး မင်းသမီး မစ်ရှဲယိုးက ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဗြိတိသျှလူမျိုး တိဘက်သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင်ထားသည်။
တိုရွန်တို ရုပ်ရှင်ပွဲတော်ကို ယူတူး ဂီတ အဖွဲ့နှင့် အဆိုတော် ဘိုနိုတို့ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် “From the Sky Down” ဖြင့် စတင်ဖွင့်လှစ်မည် ဖြစ်သည်။
ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး “The Dangerous Method”,“The Idles of March” နှင့် “Moneyball” ရုပ်ရှင်များလည်း ပါဝင်ပြသမည် ဖြစ်သည်။

0 comments:

Post a Comment