Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဒီမိုးကရေစီးထဲ … ကျနော်တို့ ဘာလို့ မအောင်မြင်တာလဲ မောင်ဂဏန်းစိန် ဇူလိုင် ၁၃၊ ၂၀၁၁

ခေါင်းစဉ်ကတော့ဖေမြင့်ရေးတဲ့ တက်ကျမ်းလိုလို နံမယ်ပဲ။ တကယ်ကတော့ တက်ကျမ်းမဟုတ်ဘူး။ ဇူလိုင်၇ရက်ဟာမြန်မာပြည်အတွက်သမဂ္ဂနေ့ဖြစ်တယ်လို့ဆိုချင်တယ်။မြန်မာပြည်မှာသမဂ္ဂတွေမရှိတဲ့နောက် အာဏာရှင်တွေက ပြည်သူတွေကို ကျွန်ပြုတော့တာပဲ။ တပ်မတော်သားတွေအားလုံးကို အာဏာရှင်တွေက ကျွန်ဇာတ်သွင်းလိုက်တာပဲ။မြန်မာပြည်မှာငါတို့အားလုံးဟာစစ်ကျွန်တွေချည်းပဲ။ကျွန်ကြီးတွေကကျွန်ကလေးေ တွကိုအနိုင်ကျင့်နေကြတာကိုအချင်းချင်းပြန်သတ်ဖြတ်ရင်းအာဏာရှင်တွေနဲ့စနစ်ကိုအမြစ်ဖြတ်ဖို့ ဝေးလာကြ တယ်လို့ပြောချင်တယ်။ငါတို့မအောင်မြင်တာ၊ကျနော်တို့မအောင်မြင်တာဘာကြောင့်လဲဆိုတာကိုကိုယ့်မှန်ကို ယ်ကြည့်ပြီးမေးခွန်းထုတ်ကြည့်တာပါပဲ။ကျနော်တို့အနှစ်၂၀လောက်အတွင်းဖြစ်ချင်တိုင်းဖြစ်၊လုပ်ချင်တိုင်းလု ပ်နေကြမိတာဟာသမဂ္ဂစိတ်ဓာတ်တွေကိုအလေ့အကျင့်မလုပ်ခဲ့ကြလို့ပါ။အသင်းအဖွဲ့နဲ့အများနဲ့သဘောထားချ င်းတူသူ၊ကွဲသူတွေနဲ့အလုပ်လုပ်တဲ့အလေ့အထတွေကျနော်ကိုယ်တိုင်ခေါင်းပါးတော့လူ၁ဦး၊၂ဦး၊၃ဦးလောက်နဲ့ စုဝေးပြီးလုပ်ကိုင်နေရတာနဲ့တင်အင်အားတွေလည်းမတိုးဖြစ်၊ အစုအဖွဲ့တွေလည်း မကြီးထွားကြတော့ဘူးလို့ ထင်ပါတယ်။
စဉ်းစားမိတဲ့ကျနော်တို့မှားနေကျတလွဲတွေကိုအခုဒီမှာချရေးလိုက်တယ်။ဖတ်ကြည့်ဖို့ပါ။အလိမ္မာစာမှာရှိတယ် ဆိုတော့အဲဒါတွေကိုအခုသည်စာထဲမှာပဲဖတ်ပြီးရင်ထားခဲ့ပေါ့။ ဟုတ်လား။
၁။ အပြိုင်လုပ်တာ--------------အပြိုင်အဆိုင်စိတ်ဓာတ်ကကောင်းပါတယ်။ခက်တာကတခုတည်းကို ၀ိုင်းလုပ်ကြမယ့်အစားအပြိုင်လုပ်ကြတာ၊ညှိနှိုင်းလုပ်ဖို့ဆန္ဒမရှိဘူး။ဥပမာလွယ်တာတခုက၈လေးလုံးအခမ်းအ နားကိုတမြို့တည်းတင်ကို၃ခုလောက်အပြိုင်လုပ်တာမျိုးပေါ့။အခမ်းအနားတခုကိုတူနေရဲ့သားနဲ့ဘာလို့အတူတြွဲ ပီးမလုပ်နိုင်ကြတာလဲ။
၂။ အတင်းအဖျင်း ပြောတာ - တဦးနဲ့ တဦး မျက်နှာချင်းဆိုင် သဘောမတူကြရင် အော်ဟစ် ရန်ဖြစ်မယ်။ အနိုင်အထက် စကားနိုင်လုမယ်။ ၃ ခွန်းထက်ကျော်ရင် ငြင်းခုန်တာဖြစ်ပြီဆိုတာနဲ့  ကျောခိုင်းတော့တာပဲ။ တခုခုသဘောတူညီချက် ရအောင် မလုပ်နိုင်ဘူး။ သဘောတူညီချက် မရနိုင်တော့ နောက်ကွယ်မှာကိုယ့်လူ သူ့လူခွဲပြီးစုကြမယ်။တယောက်အတင်းတယောက်ပြောဆိုရှုတ်ချကြမယ်။ဒါနဲ့တင်သံသရာလည်နေတော့တာပဲ။ ဥပမာ - အင်း ဥပမာတော့ မရေးတော့ဘူး။ (ကိုယ်တွေ့ ကိုယ်တွေ့ … ဟဲဟဲ)
၃။မတွဲနိုင်လို့ခွဲလုပ်တာကိုဝန်မခံနို်င်တာ--အမြဲတမ်းတော့လည်းတွဲမလုပ်နိုင်ပါဘူး။ခွဲပြီးလုပ်ကြရတာတွေ ရှိတာပဲ။သို့သော်တွဲလို့မရလို့ခွဲလုပ်ရတာကိုလည်းအခြားဆင်ခြေတွေအမျိုးမျိုးပြပြီးဖုံးဖိထားချင်ကြပြန်တယ်။ ညီညွတ်ရေး ထိခိုက်မှာ စိုးသလိုလိုနဲ့။ တကယ်က တွဲလို့မရလို့ ဒီကိစ္စတွေမှာ ခွဲလုပ်ကြတယ်ဆိုတာလည်း အသိပေးဝန်ခံလို့ရတယ်ထင်တာပဲ။ဥပမာ-ပါတီကနေမူဝါဒချင်းလုပ်နည်းကိုင်နည်းချင်းမတူလို့လမ်းခွဲကြ တာတောင်လူတွေကိုမျက်စိလည်အောင်လုပ်ထားတာတွေရှိတယ်မဟုတ်လား။အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ပြီးတော့ အမျိုးသားဒီမိုကရေစီ ပါတီ … ကဲ …။
၎။အချိန်မပေးနိုင်တာ-ပြည်ပကနှိင်ငံရေးတို့ဘာတို့လုပ်တဲ့သူတွေ(တချို့)မှာအချိန်ယူပြီး၊အချိန်သတ်မှတ်ပြီး၊ အချိန်ပေးပြီးတော့အဲသည်အလုပ်တွေကို မလုပ်ဖြစ်ကြဘူး။ တလတခါ အစည်းအဝေးလုပ်ပြီး တွေ့တာလား၊ တပတ်တခါဆုံပြီးစကားပြောဆွေးနွေးကြတာလား၊ဘယ်လိုမျိုးအချိန်ဇယားနဲ့ဘယ်လိုပေတံတွေတိုင်းတာပြီးေ တာ့အလုပ်တွေ ဖြစ်အောင်လုပ်နေတာလဲ။“အလုပ်ဖြစ်”တာထက် “အဖြစ်လုပ်”နေတာမျိုး ဖြစ်နေသလား။ ဥပမာ-အခမ်းအနားလုပ်တာ၊ဆန္ဒပြဖို့အတွက်ပြင်ဆင်တာ၊အရေးပေါ်ကိစ္စတခုပေါ်လို့တုန့်ပြန်တာ၊ဘယ်လိုသူ တို့ လုပ်သလဲ၊ စောင့်ကြည့်သင့်တယ်။
၅။ တွေ့သမျှ အကုန်လုပ်ချင်တာ - မြင်မိတာတခုကတော့ တဦးတည်း၊ တဖွဲ့တည်း၊ တနေရာတည်းမှာ ရှိနေပေမယ့်ကြားဖူးနားဝ၊စဉ်းစားမိသမျှအကုန်လုံး လုပ်နိုင်အောင် ကြိုးစားတာ၊ အသံဟစ်တာတွေကလည်း အကြောင်းတခုဖြစ်တယ်။ ဥပမာ -သတင်းလည်းလုပ်ချင်၊ နိုင်ငံရေးလူမှုရေးလှုပ်ရှားမှုတွေလည်း လုပ်ချင်၊ ရန်ပုံငွေပွဲတွေလည်းဆောင်ရွက်ချင်၊ ဆန္ဒလည်း ပြချင်၊ ဆုတွေ အကယ်ဒမီတွေလည်း ပေးချင်တာမျိုးလည်း ရှိတယ်ဆိုတာတွေကို နည်းနည်းတော့ လျော့ကြစေချင်တာပဲ။ (မိုးမခကလူတွေကို စောင်းပြောတာ မဟုတ်။ အဟိ)
၆။ ရန်မလိုနဲ့ --- - ကျနော်တို့လူတွေကအရေခွံပါးတယ်ဆိုတော့အချင်းချင်းကိုအပြစ်မြင်မိရင်ဝေဖန်တာ လက်သံပြင်းတယ်။ပြောထည့်လိုက်ရင်အပြတ်ပဲ၊အကွဲအပြဲပဲ။အဲသလောက် ပြောလိုက်လို့ ပြင်သွားသလားဆိုေ တာ့မပြင်ဘူး။ပိုတောင်ဆိုးလာသေးတယ်။အဲဒါကအကျင့်ကြီးကိုပါလို့ဆိုရမယ်။စစ်အစိုးရကလည်းအတိုက်အ ခံတွေကိုဝေဖန်ရင်အဲသည်အတိုင်းပဲ။ကျနော်တို့ဖက်ကလည်းအချင်းချင်းသာမကစစ်အစိုးရကိုလည်း ပြောတဲ့ေ နရာမှာအမြဲတမ်းပြင်းထန်လေ့ရှိတယ်။အချင်းချင်းမှာသာမကရန်သူနဲ့ အလိုတော်ရိတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကျနော်တို့တွေမှာကြိုတင်တင်းမာမှုတွေကြောင့်အရေခွံတွေတင်းလေ့ရှိတယ်။ဥပမာ-မိုးမခက တချို့စာရေး ဆရာတွေကိုစစ်အစိုးရရွေးကောက်ပွဲရပ်တည်ချက်အပေါ်မှာဝေဖန်လေ့ရှိတယ်။သူကအခင်အမင်မပျက်ဖူးလို့  ပြောတာပဲ။ အဲဒါကို နှစ်ဖက်စလုံးကကော၊ ပရိသတ်ကပါ သဘောပေါက်ဖို့ လိုမယ် ထင်တာပဲ။
၇။ နိုင်သလောက်ပဲ လုပ်ပါ - ကျနော်တို့က ကျနော်တို့ ခြေကုပ်ယူထားတဲ့ အင်အားနဲ့ ပရိသတ်နဲ့ အားယူပြီး စလုပ်တာမျိုးထက် တခါတည်း အကြီးကြီးကို မှန်းပြီး ဖြန့်ကြဲပြီး လုပ်လေ့ရှိတယ်။ သူများထက် ဦးချင်တာလဲ ပါမယ်ထင်တယ်။ဥပမာ“စကြာဝဠာလုံးဆိုင်ရာကလေကခြေများဒီမိုကရေစီရရှိရေးဆောင်ရွက်မှုဦးဆောင်ရေး တပ်ပေါင်းစုကြီး”ဆိုတာမျိုးတခါတည်းကောက်အမည်ပေးထားပြီးတွေ့တဲ့အပေါက်ဝမှာ ကောက်ချိတ်ထားလို က်တော့တာပဲ။ကျန်တဲ့သူတွေကလည်းအဲသလောက်ကြီးကျယ်တဲ့အဖွဲ့တွေအများကြီးရှိတာပဲဆိုပြီးသူတို့နိုင် သလောက်ဖြစ်တဲ့“နေပြည်တော်ကွက်သစ်အခြေစိုက်မိန်းမကြောက်သူများဒီမိုကရေစီရရှိရေးသမဂ္ဂ”တို့ဘာတို့ မထောင်ဖြစ်တော့ဘူးပေါ့။
၈။ သဘောထား တခုတည်းနဲ့ စူးစူးစိုက်စိုက် လုပ်ကြဖို့ - ကျနော်တို့တတွေက ခနခန သဘောထားတွေ စိတ်ထားတွေပြောင်းကြတယ်။စစ်အာဏာရှင်ကိုတိုက်နေတာပါဆိုပြီးတော့ဘာရယ်လို့မဟုတ်ဖူး ရွေးကောက် ပွဲလေးတော့ဝင်လိုက်ဦးမှ၊အစိုးရထုတ်ပေးတဲ့ဟိုဟိုဒီဒီအခွင့်အရေးလေးတော့ယူထားလိုက်ဦးမှဆိုတာမျိုး စိတ်ကြီးတွေအလွန်ဝင်တာပဲ။စစ်အာဏာရှင်တွေကိုနိုင်ငံတကာကပိတ်ဆို့အရေးယူထားတာကိုမျက်စိလည်ေ အာင်ပြောလိုက်တာနဲ့နားတွေယောင်ပြီးတော့(ကိုယ်ကိုယ်တိုင်မှာစစ်အစိုးရကလည်မျို်ကိုနင်းထားလို့ဘာမှ သာစားမ၀င်မယ်)စစ်အစိုးရကိုဖွင့်ပေးလိုက်ပါဆိုပြီးမျက်ရည်ခံကလိုက်ထိုးချင်သေးတယ်။ ဦးဝင်းတင်တို့တတွေထောင်ထဲမှာတသက်လုံးနေလာရတာတချက်ကလေးမှစိတ်ကစားပြီး ထွေလီကာလီတွေ လျှောက်ပြောတယ် မကြားဖူးဘူး။နောက်ပြီးတော့လည်းစိတ်ကိုတခုတည်းထားပြီးစိုက်လိုက်မတ်တပ်လုပ်ကြဖို့လည်း လိုပါတယ်။ စစ်အစိုးရတွေစစ်အာဏာရှင်တွေကိုတော့မုန်းပါရဲ့၊လောလောဆယ်ငါမအားသေးလို့ဘွာခပ်ပြီးခနနားလိုက်ဦး မယ်ဆိုတာမျိုးဝင်စို့ထွက်စို့တွေလုပ်နေလို့တော့မဖြစ်ချေဘူး။အများနဲ့လက်တွဲပြီးလုပ်ကြရင်တဦးနဲ့တဦး ဖြည့် ပးလို့ ရတော့ အချိန်တွေ ပိုထွက်လာမယ် ထင်ပါတယ်။
၉ ။ကိုယ်မလုပ်နိုင်တာတွေသူများကိုမခိုင်းနဲ့၊လွှဲမချနဲ့၊ ဟိုတုန်းကတည်းကလူကြီးတွေကော၊ လူငယ်တွေမှာ ဖမ်းတတ်တဲ့စတိုင်ကသူကပဲ နောက်ကွယ်က ကြိုးကိုင်နေသလိုလို၊ ညွှန်ကြားနေသလိုလို၊ တခြားသူတွေကို ဦးစားပေးပြီး ရှေ့မှာပဲ ပွဲထုတ်ပေးနေသလိုလို ဆိုတဲ့ လိုလိုတွေ သိပ်များတယ်။ အခုလည်း သည်အတိုင်းပါပဲ။ ကိုယ်မလုပ်နိုင်တာကိုအကြံပေးတာ၊ပံ့ပိုးတာတွေဆိုတာကောင်းပါတယ်၊သို့သော်လည်းကိုယ်ကိုယ်တိုင်ကလ ည်းဘယ်လောက်အတိုင်းအတာထိလိုက်လုပ်ပေးမယ်၊ထောက်ခံဆောင်ရွက်မယ်ဆိုတဲ့ပိုင်းဖြတ်မှုတော့ရှိရမယ်၊ ပြရမယ်၊ ၀န်ခံရမယ်ထင်ပါတယ်။သူများကိုတဖက်လှည့်နဲ့မြှောက်ပင့်ပေးပြီးတော့လုပ်ခိုင်းတာမျိုး၊ ဘေးကနေ ရှောင်ဖ ယ်နေတာမျိုးတွေမလုပ်သင့်ဖူးထင်ပါတယ်။ကိုယ့်ဆရာတွေကပြောလိုက်၊ရေးလိုက်တာတွေကအညွန့်ချည်းပဲ။ သူ့ဖာသာသူကတော့ ချိုမိုင်မိုင်လောက် ကပြီး ပွဲထွက်နေတာကို ရိပ်မိသင့်တယ်။ (သူများကိုလည်းပြော၊ ကိုယ့်ဖာသာလည်း ကိုယ်ပေါင်လှန်ထောင်းပြီး ပြောတာပါ)။
၁၀။ အသနား မခံနဲ့၊ သနားစရာ သတ္တ၀ါလေးလိုမျိုး ဇာတ်နာအောင် မလုပ်နဲ့ - ပြောချင်တာက “ငါ့မှာ ဒီလိုဘ၀ပျက်နေရတာသူများတွေကြောင့်…သူများတွေရဲ့အပြစ်တွေချည်းပဲ”ဆိုတာမျိုးမလုပ်နဲ့လို့ ပြောချင်တာပါ။ ကျနော်တို့တတွေက သူများကို အပြစ်တင်တယ်။ ကိုယ်တိုင်ကသနားစရာသတ္တ၀ါလေးလိုမျိုး ပုံဖမ်းတယ်။ အသနားခံချင်တယ်။“ရွေးကောက်ပွဲရှုံးမှာပေါ့ဗျာ…ဟိုကလူတွေက ငွေကော၊ လက်နက်ကော၊ အာဏာကော ရှိနေတာကိုး။ အဲသည်ကြားထဲက မနည်း ရှုံးမှန်းသိသိနဲ့ အနာခံပြီး ၀င်ပြိုင်နေရတာပါ။ သနားကြပါခင်ဗျာ …”ဆိုပြီးပြောနေတာကြားမှာပေါ့။“ဒီမိုကရေစီကမရတာလည်းမပြောနဲ့လေ၊ကျနော်ကလွဲရင်ကျန်တဲ့ကောင်ေ တွကညံ့လွန်းတော့ဘယ်လိုလုပ်ကျနော်ကတိုင်းပြည်ကြီးကောင်းစားအောင်လုပ်လို့ရမှာလဲ။သနားကြပါခင်ဗျာ” ဆိုပြီး ပြောနေတာတွေလည်း ရှိတာပေါ့။ ဒါတွေလည်း နဲနဲတော့ လျော့ကြရမယ် ထင်တာပဲ။

0 comments:

Post a Comment