Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

သြော်..တက်လည်းတက်နိုင်တဲ့ စကားပြန်ကြီးရယ်..

သန်းရွှေ သိန်းစိန်တို့ ရဲ့  မြန်မာစကားပြန် အောင်ကြည် ဖြစ်ပျက်နေတဲ့ အဖြစ်တွေ။

ပြောတာလည်း မင်းပါဘဲ။ အပြောကတော့ ရွှေမန်းတင်မကတော့ဖူး အောင်ကြည်ပါ ပါနေတာမို့  အမည်ပြောင်းပေးဖို့  လိုပါပြီ “ကြောင်အီ” လို့ ။

ဒီနေ့  နေ့ လည်  (၁) နာရီက အာဏာရူးတို့ ရဲ စေတမန် အောင်ကြည်ကနေလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့  စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ခေါ်ယူတွေ့ ဆုံခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနဲ့  အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတွေ ပါပါတယ်။ ကျွန်တော်တို့ ဒီတွေ့ဆုံမှုတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ်လို့  အောင်ကြည်က ပြောပြန်ပါတယ်။

အောင်ကြည်ဟာ စစ်ယူနီဖောင်းချွတ်တစ်ဦးဖြစ်ပြီး သန်းရွှေလက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံရေးကိစ္စတွေမှာ ကြားခံအသုံးချဖို့  ထားထားသူ ဖြစ်ပါတယ်။ ယခု သိန်းစိန်းလက်ထက်မှာတော့ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့  ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ နေရာရာထူးတွေ ဘယ်လိုပြောင်းပြောင်း အောင်ကြည်က အောင်ကြည်ပါဘဲ။

အောက်လမ်းနည်းတွေနဲ့  ယတြာခြေတာကို အစွန်းရောက် ရူးသွပ်နေကြတဲ့ သန်းရွှေက စပြီး ယခု သိန်းစိန်တို့ အထိ “အောင်ဆန်းစုကြည်” ရဲ့  အမည် ထိပ်ဆုံးစာလုံးနဲ့  နောက်ဆုံးစာလုံးကို အပိတ်သဘော အချုပ်သဘောယူပြီး “အောင်ကြည်” လို့ အ ဒေါ်အောင်ဆန်းစုကြည်ကို စကားလုံးအနုအလှ အလိမ်အကောက်လေးတွေနဲမည်တွင်တဲ့သူတို့ ရဲ့ ယတြာသဘောဆောင်ပြီ့း  တွေ့ ဆုံစကားပြော အချိုသပ်နည်းလမ်း ကျင့်သုံးပြီး နိုင်ငံရေးလှည့်ဖြားမှုတွေနဲ့  အချိန်ဆွဲဗျူဟာအတိုင်း လုပ်ဆောင်စေဖို့  အောင်ကြည်လို လူမျိုးကို ပျော့ပျော့လေသံနဲ့  ပြောဖို့  အထူးရွေးချယ်ထားတာပါ။သန်းရွှေ သိန်းစိန်တို့  အောင်ကြည်ကို လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောစေခဲ့တာ အကြိမ်ပေါင်းမြောက်မြား လှပါပြီ။ အပြုသဘောအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုပြီး သတင်းစာထဲ ၀ါဒဖြန့်ဓါတ်ပုံတွေနဲ့  အရွှီးအညာတွေ ဖေါ်ပြတာလည်း များနေပါပြီ။အောင်ကြည်အနေနဲ့  သန်းရွှေတို့  သိန်းစိန်တို့  ခိုင်းတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူ တွေ့ဆုံစကားပြောခဲ့တဲ့ အကြိမ်တွေ ကြည့်ရင် သိနိုင်ပါတယ်

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။

သန်းရွှေတို့  သိန်းစိန်တို့ အနေနဲ့  တကယ်သာ ဖြူစင်သန့် ရှင်း ရိုးသားမှု ရှိတယ်ဆိုရင် အောင်ကြည်ကို ကြားခံထား ပြောစရာ မလိုပါဖူး။ သန်းရွှေ သိန်းစိန်တို့ လည်း မြန်မာစကားပြောတတ်တာဘဲ၊ ဒေါ်အောင်ဆန်းစုကြည်လည်း စကားပြောတတ်တာဘဲ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်နေကြသူတွေဆိုရင်လည်း လုပ်ဆောင်ချက်ခြင်း ရည်ရွယ်ချက် ပန်းတိုင်ခြင်း တူညီတယ်လို့ ခံယူရင် တိုက်ရိုက တွေ့ ဆုံးဆွေးနွေးကြလို့  ရကြရမှာပါ။

အခုတော့ သန်းရွှေတို့  သိန်းစိန်တို့ က ကြားထဲက အောင်ကြည်ကို စကားပြန်ထားထားတာလားများ။ တွေ့ ဆုံပြောဆိုခဲ့တဲ့အကြိမ်တွေလည်း များလွန်းပါပြီ၊ ဘာမှ ထူးခြားသော စစ်မှတ်သော လုပ်ဆောင်မှုမျိုးလည်း သန်းရွှေတို့  သိန်းစိန်တို့  လုပ်ပေးတာ မရှိသေးပါဖူး။ အောင်ကြည်လည်း ကြားထဲက သန်းရွှေတို့  သိန်းစိန်တို့ ရဲ့  အသုံးတော်ခံပီပီ ခိုင်းရင်သွား အမိန့်အတိုင်း ပြောဆိုနဲ့  တွေ့ ဆုံစကားပြောမှုတွေများလွန်းလို့  အီနေပြီး ကြောင်တောင်တောင် ဖြစ်နေတာမို့  အောင်ကြည် အီကြောင်လို့ သာ နေပါပြီ။

သန်းရွှေတို့  သိန်းစိန်တို့ လည်း မြန်မာလူမျိုးအချင်းချင်း မြန်မာလိုတောင် စကားမပြောတတ်တော့လို့  ကြားထဲက အောင်ကြည်ကို စကားပြန်အဖြစ် ခိုင်းထားတာ အံ့သြမိပါရဲ့ ။

0 comments:

Post a Comment