Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ပန်းချီ

ကမာပုလဲ
ဇူလိုင် ၂၈၊ ၂၀၁၁


သွေးနဲ့ရေးတဲ့ အနီရောင် …
ဘ၀နဲ့ရေးတဲ့ အ၀ါရောင်ဝေဒနာများ …။ 
ဗဟိုချက်မှာ
ပန်းဥယျာဉ်သစ် ပွင့်လို့နေမယ် …
သေနတ်ကျည်ဆံရာတွေ ဗရပွ
ကြေကွဲမျက်ရည်စများ …

ဟင်းနံ့ ကျွေးနံ့ ဆီဥ ထောပတ်ရနံ့တွေမပါ
ရွံ့နံ့၊ မီးသင့်တောင်ယာရနံ့ …
မီးတွင်းထဲက ကလေးတယောက်ရဲ့
ဆေးတို့ပတ်ကြီး ရနံ့နဲ့
နနွင်းရနံ့တို့ပါမယ် … ။

အရောင်တွေက
ကြောက်မက်ဖွယ် အထီးကျန်ဆန်မှု အကြောင်းကို ပြောပြလိမ့်မယ် …
တဟီဟီကျွန်းက
စွန့်လွှတ်မှု ပါစဖက်တစ် ကို
တိတိကျကျ ခြယ်ပြလိမ့်မယ် …
တုန်း တွေဟာ
အလင်းနဲ့အမှောင်ရဲ့ ပဋိပက္ခကို
ဘီလူးစည်း၊ လူ့စည်း ခွဲပြလိမ့်မယ် …
ပန်းချီဆရာရဲ့
သူ့အသည်းပြင် ကင်းဗတ်စပေါ်
(လူထု ကြည့်မြင် ခံစားခွင့် မရရှိခဲ့တဲ့
လွတ်မြောက်မှုတိုက်ပွဲ … သမိုင်းဝင်)
ပေါ့ထရိတ် သက်ဝင်ရုပ်ပုံလွှာများ …
စုတ်ချက်တွေဟာ …
သမိုင်းရဲ့ စေရာအတိုင်း
သစ္စာရှိရှိ
သတ္တိရှိရှိ
အရှိကို အရှိအတိုင်း ၀ါဒနဲ့
ရေးခြစ် သရုပ်ဖော်တယ် …။
ဆေးခွက်ထဲမှာတော့
ဂန္ထ၀င်အဖြစ်အပျက်တွေ … အပြည့် ။     ။

Perspective= ဒြပ်ထု ရုဆွဲခြင်းအတတ်။ ( ပန်းချီ)
Tone= အရောင်အသွေး၊ အလင်းအမှောင်ပေးပုံ
ပ်လုံးပေါ်အောင် ၊ ခြယ်သပုံ။
Portrait = ရုပ်ပုံလွှာ
ကမာပုလဲ
ဇူလိုင် ၂၈၊ ၂၀၁၁


သွေးနဲ့ရေးတဲ့ အနီရောင် …
ဘ၀နဲ့ရေးတဲ့ အ၀ါရောင်ဝေဒနာများ …။ 
ဗဟိုချက်မှာ
ပန်းဥယျာဉ်သစ် ပွင့်လို့နေမယ် …
သေနတ်ကျည်ဆံရာတွေ ဗရပွ
ကြေကွဲမျက်ရည်စများ …

ဟင်းနံ့ ကျွေးနံ့ ဆီဥ ထောပတ်ရနံ့တွေမပါ
ရွံ့နံ့၊ မီးသင့်တောင်ယာရနံ့ …
မီးတွင်းထဲက ကလေးတယောက်ရဲ့
ဆေးတို့ပတ်ကြီး ရနံ့နဲ့
နနွင်းရနံ့တို့ပါမယ် … ။

အရောင်တွေက
ကြောက်မက်ဖွယ် အထီးကျန်ဆန်မှု အကြောင်းကို ပြောပြလိမ့်မယ် …
တဟီဟီကျွန်းက
စွန့်လွှတ်မှု ပါစဖက်တစ် ကို
တိတိကျကျ ခြယ်ပြလိမ့်မယ် …
တုန်း တွေဟာ
အလင်းနဲ့အမှောင်ရဲ့ ပဋိပက္ခကို
ဘီလူးစည်း၊ လူ့စည်း ခွဲပြလိမ့်မယ် …
ပန်းချီဆရာရဲ့
သူ့အသည်းပြင် ကင်းဗတ်စပေါ်
(လူထု ကြည့်မြင် ခံစားခွင့် မရရှိခဲ့တဲ့
လွတ်မြောက်မှုတိုက်ပွဲ … သမိုင်းဝင်)
ပေါ့ထရိတ် သက်ဝင်ရုပ်ပုံလွှာများ …
စုတ်ချက်တွေဟာ …
သမိုင်းရဲ့ စေရာအတိုင်း
သစ္စာရှိရှိ
သတ္တိရှိရှိ
အရှိကို အရှိအတိုင်း ၀ါဒနဲ့
ရေးခြစ် သရုပ်ဖော်တယ် …။
ဆေးခွက်ထဲမှာတော့
ဂန္ထ၀င်အဖြစ်အပျက်တွေ … အပြည့် ။     ။

Perspective= ဒြပ်ထု ရုဆွဲခြင်းအတတ်။ ( ပန်းချီ)
Tone= အရောင်အသွေး၊ အလင်းအမှောင်ပေးပုံ
ပ်လုံးပေါ်အောင် ၊ ခြယ်သပုံ။
Portrait = ရုပ်ပုံလွှာ

0 comments:

Post a Comment