Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ရှစ်လေးလုံးအရေးတော်ပုံမှ ပြောနေသည်

အာကာထက်
ဇူလိုင် ၂၉၊ ၂၀၁၁

ရှစ်လေးလုံးသည်အရေးအခင်းမဟုတ်၁၃၀၀ပြည့် ရေနံမြေသပိတ်ကြီးပြီးလျှင်ဒုတိယမြောက် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်သည်။ (ဆရာကြီး ဒဂုန်တာရာ)
ရှစ်လေးလုံးသည်ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည်(ဒေါ်အောင်ဆန်းစုကြည်)ကျုပ်တို့ကျောင်း သားတွေဟာကွန်ပါဘူးမရလို့၊ဘောပင်မရလို့လမ်းမတွေပေါ်ထွက်ပြီးသောက်ကမြင်းကျောထကြတာမဟုတ် ဘူး။မတရားမှုကိုတော်လှန်ဖို့အတွက်ကျောင်းခန်းတွေထဲကထွက်လာတာဖြစ်တယ်။(မင်းကိုနိုင်၁၉၈၉ ပြည်ေ ထာင်စုနေ့ ဒီ/ငြိမ်း ဌာနချုပ်)---
စစ်တပ်ဆိုတာမိုးပေါ်ကိုထောင်မပစ်ဘူး။ပစ်ရင်မှန်အောင်ပစ်တယ်(အာဏာရှင်ဟောင်းဦးနေဝင်းရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်လေးတွင် တိုင်းပြည်ကိုပြောသည့် မိန့်ခွန်း)စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားပါနဲ့ (စစ်အာဏာသိမ်း ဒုတိယ ခေါင်းဆောင် ဦးအောင်ကြီး)။
အထက်ပါ စကားလုံးများသည် ကျနော်တို့တတွေရဲ့ နုနယ်သည့် ကျောင်းသားဘဝမှာပင် မိမိ တိုင်းပြည်မှာ ဘာတွေဖြစ်နေသည်၊ ဘာတွေလုပ်ရမည်၊ ဘယ်သူတွေသည် အမှန်တရားရဲ့ဘက်တော်သား ဖြစ်သည်၊ မည်သူတွေသည်တိုင်းပြည်ကိုဖျက်စီးနေသူများဖြစ်သည်ဆိုသည်ကိုဆုံးဖြတ်ပေးခဲ့သည့်စကားလုံးများပင် ဖြ စ်ပေ သည်။ မိမိတိုင်းပြည်ကိုလည်း နောက်ပြန် လှည့်ကြည့်မိလိုက်သည့်အချက်များ ဖြစ်ခဲ့ရပေသည်။
ကျောင်းသားဘဝဆိုသည်မှာ ပျော်ရွှင်မှုများအတည့်ဖြင့် ရှေ့တက်လှမ်းမည်ဟု မျှော်လင့်မိခဲ့သော်လည်း ပြည် သူကိုရန်သူအဖြစ်သတ်မှတ်သည့်လူမဆန်သည့်လုပ်ရပ်ပိုင်ရှင်ဦးနေဝင်းစကားလုံးသည်နုနယ်သည့်ကျနော်တို့ ဘဝများစွာကိုနာကျည်းစရာစိတ်ေ၊တ်ာလှန်ရေးဆိုသည့်ဘဝတော်လှန်ရမည်ဆိုသည့်အသိစိတ်များကိုစတင် ကိန်အောင်းလိုက်စေခဲ့ပေသည်။
အထက်ပါ အဆိုအမိန့်များတွင် အပေါ်မှ အဆိုအမိန့်ပိုင်ရှင် ၃ ဦးသည် တတိုင်းပြည်လုံး လေးစားရသောသူ ၃ဦးဖြစ်ပြီးအောက်မှအဆိုအမိန့်ပိုင်ရှင်၂ဦးမှာတော့ တိုင်းပြည်ကို စစ်ကျွန်စနစ်သို့ စနစ်တကျ သွတ်သွင်းခဲ့သူ ၂ ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပေသည်။
၁၉၆၂မှသည်၁၉၈၈အထိတိုင်းပြည်တွင်စစ်အာဏာရှင်စနစ်ကိုတရားဝင်ဖြစ်စေရန်အရောင်အမျိုးမျိုးပြောင်းလဲ ပြီးအုပ်ချုပ်ခဲ့သူများလည်းဖြစ်ပေသည်။ထိုခေတ်ဆိုးစနစ်ဆိုးကာလများကိုအပြီးတိုင် ခြေမှုန်းသုတ်သင်လိုက် သည့်ရှစ်လေးလုံးအရေးတော်ပုံကြီးကိုစတင်မွေးဖွာပေးလိုက်ရာရန်ကုန်စက်မှုတက္ကသိုလ်မှလွင့်ထွက်လာသည့် မီးပွားသည် နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ခိုအောင်းနေခဲ့သည့် ယမ်းအိုးပေါ်သို့ ကျရောက်ခဲ့ပေသည်။
ကျောင်းသားများဦးဆောင်မှုဖြင့်တတိုင်းပြည်လုံးထကြွတော်လှန်ခဲ့သည့်၈.၈.၈၈ရှစ်လေးလုံးအရေးတော်ပုံနေ့ ကြီးသည် မြန်မာတွင်မက ကမ္ဘာသို့ပင် ကျော်ကြားခဲ့ရပေသည်။ အာဇာနည် ထောင်ပေါင်း များစွာတို့မှာ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာကို ပေးဆပ်ခဲ့ရပေသည်။ ပေးဆပ်နေရတုန်းပင် ဖြစ်ပေသည်။
ကျနော်တို့ကိုယ်တိုင်ဆင်နွှဲခဲ့သည့်ရှစ်လေးလုံးတိုက်ပွဲသည်မဆလတပါတီစနစ်ဆိုးကိုအပြီးတိုင်ချေမှုန်းခဲ့ပြီး လည်းဖြစ်ပေသည်။ထိုသည်ကိုပင်ဦးအောင်ကြီးမှဦးနေဝင်းကိုယ်တိုင်ကပင်ရိုက်ခွဲဖျက်စီးလိုက်သည်ဟုပင်ေ  ပြာခဲ့သေးသည်။(သူ့အဆိုအရမဆလအိုးချမ်းပဲ့ပါတီ)အမှန်မှာလူထုတော်လှန်ရေးကို သေးသိမ်အောင်ပြောချ င်းပင်ဖြစ်ပါသည်။မဆလလက်ဝေခံစစ်ခေါင်းဆောင်အဆက်ဆက်မှရှစ်လေးလုံးနေ့ကို သေးသိမ်ပပျောက်ေ အာင်နည်းမျိုးစုံဖြင့်ဖျောက်ဖျက်နေသော်လည်းကျနော်တို့မျိုးဆက်များမှထိုနေ့ရောက်တိုင်းပြည်တွင်း၊ ပြည်ပ တွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၃ နှစ်ကာလသို့ပင် ရောက်ရှိခဲ့ပေသည်။
သမိုင်းဆိုသည်မှာ မည်သို့မှ ဖျောက်ဖျက်၍ မရသလို၊ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားသူများသည် သမိုင်း၏တရားခံများပင် ဖြစ်ပေသည်။ သမိုင်းဆိုသည်မှာ မှန်သည် မှားသည်မရှိ၊ တကယ်ဖြစ်ခဲ့သည်ကို သမိုင်းဟုခေါ်ပါသည်။ထို့ကြောင့်ထိုနေ့ထိုရက်ကိုရောက်တိုင်းကျနော်တို့ရင်ထဲမှာလက်ဆုပ်လက်ကိုင်မပြနိုင် သည့် ခံစားချက်တွေကို ကိုယ်စီကိုယ်စီ ခံစားနေကြမည်။ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တော်လှန်ဖက် သူငယ်ချင်းများ ရင်ထဲတွင်လည်း ထိုခံစားချက်မျိုး ရှိနေမည်ဆိုသည်ကို ကျနော် ယုံကြည်မိနေပါသည်။ ထိုနည်းအတူသားပျောက်မိခင်များ၊သားသမီးကိုရှင်ကွဲခွဲနေရသည့်မိခင်ဖခင်များလည်းထိုနည်းတူစွာအောက့်ေ မ တသသ ဖြစ်နေကြပေမည်။
ကျနော်တို့မှီတင်းနေထိုင်ရာအမိနိုင်ငံတော်ကြီးသည်ကားရှေးပဒေသရာဇ်တွေလက်ထက်မှသည်ယနေ့အထိ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့်ရှင်သန်နေရသည်မှာအင်မတန်မှ နည်ကျည်းဖွယ်ရာအတိပင် ဖြစ်ပေသည်။
ထိုအရေးတော်ပုံကြီးမှကျနော်တို့အားများစွာသောသင်္ခန်းစာတွေကိုပေးခဲ့ပေသည်။ ကျနော်တို့လုပ်နိုင်ခဲ့သည်မှာပြည်သူလူထုကိုတော်လှန်ရေးထဲသို့ပါဝင်လာအောင်လှုံ့ဆော်နိုင်ခဲ့ပြီးမတရားသ ည့်တပါတီစနစ်အားမြေလှန်ခဲ့သော်လည်းကျနော်တို့တွင်တိကျသည့်ဦးဆောင်မှုစနစ်မရှိခြင်း၊တိကျသေချာသ ည့်ညီညွတ်ရေးလမ်းစဉ်များမရှိခြင်း၊အပြန်အလှန်လေးစားသည့်စနစ်ကိုမတည်ဆောင်နိုင်ခြင်း၊စစ်အာဏာရှ င်တို့၏ပရိယာယ်ကိုကြိုတင်မဆန်းစစ်နိုင်ခြင်း၊မိမိလုပ်သင့်လုပ်ထိုက်သည့်အခြေအနေတွင် တွေဝေနေခဲ့ခြင်း၊ မာန်မာန တရားတွေအား ပြိုင်နေခြင်းများဖြင့် အချိန်များကုန်ခဲ့ရပေသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးမှလည်းမင်းတို့ကောင်တွေဒါတွေဖြစ်နေပြီဆိုတာကို မီးမောင်းထိုးပြခဲ့ပေသည်။ ထို့ကြောင့်အင်အားကြီးမားသည့်ကျနော်တို့မြန်မာ့တော်လှန်ရေးလှိုင်းကြီးသည်လည်းတဖြည်းဖြည်းအင်အားချ နဲ့ခဲ့ပြီးအောင်မြင်မှုနဲဝေ့းခဲ့ရပေသည်။အထူးသဖြင့် ခေါင်းဆောင်ဆိုသူများ ညီညွတ်ရေးတရားဟောနေသူများ ကိုယ်တိုင်ပင် ညီညွတ်ရေးများ ပျက်စီးနေသည်ကို တွေ့ရပေသည်။
ယနေ့အချိန်အခါတွင် တော်လှန်ရေးသမားများ၊ ဒီမိုကရက်တစ်ဆိုသူများကိုယ်တိုင် ပြန်ဆန်းစစ်သင့်သည်မှာ မိမိအနေဖြင့်ရောဒီမိုကရေစီကျင့်စဉ်ကိုတကယ်တမ်းယုံကြည်နေပါသလား၊တကယ်ရောကျင့်သုံးနေပါသလား ဆိုသည်ပင်ဖြစ်သည်။
အများအားဖြင့်တွေ့ရသည်မှာအများစုသဘောထားကိုလက်ခံသည်၊အနည်းစုသဘောထားကို လေးစားသည် ဟုယျေဘူယပြောနေသော်ငြားလည်း၊တကယ်တမ် တွေ့နေရသည်မှာ မိမိနှင့် သဘောထား မတိုက်ဆိုင်လျှင် လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို လိုအပ်ရင် နောက်ထပ် တဖွဲ့ထောင်ရန် ဝန်မလေးတော့ပါ။
အများဘက်မှ ရပ်တည်သူများကလည်း အနည်းစုကို ရန်သူလို သဘောထားပြီး အဖွဲ့အတွင်းမှဖယ်ထုတ်ရန် ကြိုးစားကြပေသည်။ အုပ်စုဖွဲ့ခြင်း တဦးဦးနှင့်အားပြိုင်ခြင်း၊ မင်း ဘာကောင် ငါ ဘာကောင် ဆိုသည့် အစွယ်များကို ရသည့်နေရာကနေ ထုတ်ပြတတ်ကြပေသည်။ ထိုကဲ့သို့ အတွေးအခေါ်များကြောင့် မိမိအဖွဲ့အစည်းတွင် အင်အားများ ချို့တဲ့ပြီး သူ့အလိုလို ပြိုကွဲ ပျက်စီးခဲ့သည့် သာဓက များစွာရှိခဲ့ပေသည်။
ဒါကြောင့်လည်းစစ်အာဏာရှင်စနစ်မှာတကျော့ပြန်ခေါင်းထောင်နေခြင်းဖြင့်ကြုံတွေ့ခဲ့ရပေသည်။ရှစ်လေးလုံး အရေးတော်ပုံကြီးထိုသို့သောဖြစ်ရပ်များကိုမျက်ရည်စက်လက်ဖြင့် ယူကြုံးမရဖြစ်နေမည်မှာ သေချာပါသည်။ ကျဆုံးသွားခဲ့သောအာဇာနည်အထောင်သောင်းတို့ကလည်းကျနော်တို့အားသေချာပေါက်အသုံးမကျတဲ့ေ ကာင်တွေအဖြစ် သတ်မှတ်နေမည်မှာ မလွဲပါ။

ထို့ကြောင့် နောင်လာမည့်ကာလများတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေးနေသည့် သင်္ခန်းစာများကို သေချာစွာယူကြရင်း အနာဂတ်တိုင်းပြည်အတွက်၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးအတွက် ညီညွတ်သော၊ လေးစားမှု အပြည့်ရှိသော၊ အချောင်သမား စိတ်ကင်းစင်သော၊ စိတ်ကောင်း စေတနာကောင်းများကို မွေးမြူနိုင်မှသာ မြန်မာပြည်ကြီး တိုးတက်အောင်မြင်မည် ဖြစ်ပေသည်။

ယနေ့အချိန်အခါတွင် ကျနော်တို့တွင် မှန်ကန်တိကျသည့်၊ ပြည်သူ့မျက်နှာကိုသာကြည့်သည့် ခေါင်းဆောင်ကောင်းတွေ ရှိနေပါသည်၊ ထိုခေါင်းဆောင်များကို ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သူတို့တတွေသည် ပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာဖို့အတွက် ပြည်သူ့မျက်ရည်များ ထာဝရတိတ်သွားစေရန်အတွက် မီးပုံထဲတွင်ကနေသည့် သူရဲကောင်းငှက်များပင် ဖြစ်ပါသည်။ ထိုသူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများပင် ဖြစ်ပါသည်။
ကျနော်တို့အားလုံး ထိုခေါင်းဆောင်များနောက်သို့ နောက်လိုက်ကောင်းများ ပီသစွာဖြင့် အတူလက်တွဲပြီး ချီတက်ရန်သာ ဖြစ်ပါသည်။ ဖြစ်ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ ဘယ်လမ်းကိုလိုက်မလဲဆိုသည်ကို တိကျစွာဆုံးဖြတ်ဖို့ အချိန်ရောက်နေပေပြီ။

ယနေ့ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် လှိုင်းဆိုသည်မျိုးကို ကျနော်တို့ မြန်မာနိုင်ငံက လွန်ခဲ့သည့် ၂၃ နှစ်မှာကတည်းက စတင်ပြီးခဲ့ပြီဖြစ်သည်။ ကျနော်တို့လူမျိုးတွေ မညံ့ပါ။ သို့သော် တူနီးရှားလို၊ အီဂျစ်လိုနိုင်ငံများတွင် အောင်မြင်မှု ရနေပေသည်။ ကျနော်တို့ မအောင်မြင်သေးပါ။ အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါသည်။ သို့သော် ကျနော်တို့ ဇွဲလျှော့စရာ မလိုပါ၊ ယုံကြည်ချက်ပြည့်ဝစွာဖြင့် ရှစ်လေးလုံးအချိန်က စိတ်ဓာတ်ကို မွေးမြူရင်း မပြီးဆုံးသေးသည့်တိုက်ပွဲအား ဆက်လက်တိုက်ပွဲ ဝင်နေရဦးမည်ဖြစ်ပါသည်။
ရှစ်လေးလုံးအရေးတော်ပုံနေ့ ကမ္ဘာတည်သရွေ့ တည်ရှိရမည်။
ပြည်သူကို မတရားအနိုင်ကျင့် စော်ကားသူများ ကျဆုံးရမည်။
ဒီမိုကရေစီရေးတိုက်ပွဲ ချွင်းချက်မရှိ အောင်မြင်ရမည်။
ကျဆုံးသွားသော အာဇာနည် သူရဲကောင်းအပေါင်းအား အစဉ်လေးစား ဂုဏ်ပြုလျှက်။

0 comments:

Post a Comment