Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဘောလုံးပွဲလာကြည့်တဲ့ ပရိသတ် မြန်မာပြည်သူပြည်သားတွေကို မဖမ်းနဲ့ ၊ အရင် ဖမ်းရမှာ ဇော်ဇော်ဘဲ။

မနေ့ကဖြစ်ပွားခဲ့တဲ့ဘောလုံးပွဲပဋိပက္ခမှာမြန်မာပြည်သူပြည်သားပရိသတ်တွေထဲကအချို့ကိုဖမ်းဆီးထိန်းသိမ်း ထားတယ်တဲ့ဗျာ။ ဆိုးသွမ်း သောင်းကြန်းခဲ့ကြတဲ့ ပရိသတ်တစ်ချို့ ဆိုပြီး ပြောဆိုထိန်းသိမ်းတာ အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့ ရဲ့  မြန်မာပြည်သူအပေါ်မှာ မိုက်ရိုင်းစော်ကားပြတာဘဲ။
နောက်ပြီး ပြောထားတာက “ဆိုးသွမ်းတဲ့ ပရိသတ်တွေက ကွင်းအတွင်းကို ဂျင်ဂလိတွေ၊ လေးခွတွေ ယူလာခဲ့လို့"တဲ့။စီစီတီဗွီကနေဆက်လက်ဖေါ်ထုတ်ဦးမယ်တဲ့။ဒီလိုဖြစ်အောင်လုံခြုံရေးတာဝန်ယူထားပါတယ်ဆိုတဲ့ လက်နက်အားကိုးသမားတွေကမစစ်ဆေးခဲ့ဖူးလား၊အရက်သေစာသောက်စားလို့ ရအောင် ရောင်းချပေးနေတာကို သိသိကြီးနဲ့ခွင့်ပြုနေခဲ့တာတာဝန်ရှိတဲ့ ဇော်ဇော်တို့ ကအစ မသိချင် ယောင်ဆောင်နေခဲ့တာ မဟုတ်ပါလား။
နောက်ဆုံးကိုယ့်မြန်မာပြည်သူပြည်သားတွေကိုအာဏာရူး သန်းရွှေ သိန်းစိန်တို့ က ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချူပ် FIFA ကိုပြန်ချော့ဖို့ အတွက် ထိုးကျွေးပါတော့မယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်တဲ့ သန်းရွှေ, သိန်းစိန်တို့ ရဲ့ လုပ်ရပ်လည်း၊ တရုတ်အစိုးရနဲ့  ပတ်သက်ရင်လည်း ကိုယ့်မြန်မာလူမျိုးတွေဘဲ ခံရ၊ အခုလည်း ဘောလုံးပွဲကိစ္စနဲ့ ပတ်သက်ရင်လည်း လာပြန်ပြီ၊ မြန်မာပြည်သူပြည်သားတွေ ခံရပြန်ဦးမယ်။
အခုလို ဘောလုံးပွဲပဋိပက္ခအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ် FIFA ကနေ ဒေါ်ဘာ (၅) သောင်းအထိ ဒါဏ်ရိုက်နိုင်တာကြောင့်၊FIFAဘောလုံးပွဲတွေအတွက် အိမ်ရှင်နိုင်ငံအဖြစ် လက်မခံနိုင်တော့မှာကြောင့်ဆိုပြီး ကိုယ့်မြန်မာလူမျိုးအချင်းချင်း ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ အာဏာရူး သန်းရွှေ သိန်းစိန်တို့ က ဖမ်းဆီးအရေးယူပါမယ်တဲ့။ကောင်းကြသေးရဲ့လားဗျာ။သန်းရွှေ,သိန်းစိန်အမျိုးသားသစ္စာဖောက်တွေမိုက်ရိုင်ြး ပြဦးမှာပါ။တကယ်တမ်းအရင်ဆုံးဖမ်းဆီးအရေးယူရမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ် ဇော်ဇော်ပါ၊ ဘောလုံးပွဲ ၀ါသနာရှင် မြန်မာပြည်သူပြည်သားတွေမဟုတ်ပါဖူး။ “အရင်းစစ်တော့ အမြစ်ကဆိုသလို ပဋိပက္ခတွေ ကြီးထွားရခြင်း အခြေခံကတော့ … http://niknayman-niknayman.blogspot.com/2011/07/blog-post_29.html” ဆိုတာ သေသေချာချာ ဖတ်ကြည့်ရင် အရင်ဆုံး ဖမ်းဆီးအရေးယူရမှာ ဇော်ဇော် ဆိုတာရယ်၊ နောက် ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်ရမှာ အာဏာရူး သန်းရွှေ သိန်းစိန်တို့ ဘဲ။

ဒါနဲ့များဘာတဲ့လည်းသိန်းစိန်တိုရဲ့သန့်ရှင်းအစိုးရဆိုတာ။ပြည်သူကိုသတ်လိုက် ပြည်သူကို နင်းခြေလိုက်နဲ့ ။
မနေကကိစ္စနဲ့ပတ်သက်ပြီးအာဏာရူးသန်းရွှေသိန်းစိန်တို့ က မြန်မာပြည်သူပြည်သား ဘောလုံးဝါသနာရှင်အချို့ ကို ဖမ်းဆီးထားပါတယ်ဗျာ။

အရင်းစစ်တော့ အမြစ်ကဆိုသလို ပဋိပက္ခတွေ ကြီးထွားရခြင်း အခြေခံကတော့ …

မြန်မာနိုင်ငံမှာ ဘယ်နေရာဘဲဖြစ်ဖြစ် ဘယ်အကြောင်းအရာဘဲဖြစ်ဖြစ် လက်နက်ကိုင်အင်အားတွေနဲ့  ထိန်းချူပ်မယ်၊ လက်နက်အားကိုးနဲ့  ဖြေရှင်းရင် ရတာဘဲဆိုတဲ့ အာဏာရူးအုပ်စုတွေရဲ့  လမ်းစဉ်အတိုင်း ကျင့်သုံးမှုဟာ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်ဆိုတာ လက်တွေ့ သဓကတွေ ပြတာများပါပြီ။

မနေ့ကဖြစ်ပွားခဲ့တဲ့န်ကုန်မြို့ဝဏ္ဏအားကစားရုံအတွင်းက မြန်မာလေုံးအသင်းနဲ့  အိုမန်ဘောလုံးအသင်းတို့ ရဲ့  ယှဉ်ပြိုင်ပွဲစဉ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမျိုးဟာလည်း ဒီဘောလုံးပွဲစဉ်တစ်ခုထဲမှာမှ စဖြစ်တာ မဟုတ်ပါဖူး။
မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်ကစပြီးဘောလုံးပွဲဆိုတာမြန်မာလူမျိုးတို့ ရဲ့အမျိုးသားတစ်ရပ်လုံး နှစ်ခြိုက်ဝါသနာကြီးမားလှတဲ့ အားကစားတစ်ရပ်ပါ။ဒီလိုမြန်မာလူမျိုးတွေရဲ့ဘောလုံးပွဲနှစ်သက်မှုကိုခုတုံးလုပ်ပြီးအာဏာရူးတွေဟာ ပြည်သူပြည်သားတွေ နိုင်ငံရေးစိတ်ပါဝင်စားမှုတွေ လျှော့ပါးစေအောင်               အာရုံလွှဲရာနည်းလမ်းတစ်ခုအနေနဲ့သုံးလာခဲ့ပါတယ်။ဘောလုံးပွဲတွေကိုပိုမိုဆောင်ရွက်ပေးတယ် အမျိုးသား အားကစားကိုတိုးတက်မြင့်မားစေရေးလုပ်ဆောင်ပေးတယ်လို့  အသံကောင်းဟစ်ပြီး အမှန်တကယ်မှာတော့ လာဘ်စားမှုတွေပိုမိုများပြားလာတယ်၊လောင်းကစားမှုတွေအရှိပြင်းပြင်းကြီးထွားလာတယ်။ မြန်မာ့ဘောလုံးတင်မက အားကစားတွေမှာအရည်အချင်းတွေကျတော့ကျဆင်းသထက် ပိုမိုကျဆင်းလာတယ်ဆိုတာ အာဏာရူးတွေ လက်ထက်တစ်လျှောက်မှာ ဖြစ်နေခဲ့တယ်။
အာဏာရူးတွေရဲ့နည်းလမ်းမကျတဲ့လုပ်ရပ်ဖန်တီးချက်တွေကြောင့်အားကစားကိုချစ်မြတ်နိုးတဲ့စိတ်တွေထဲမှာ အဖြူကိုအရောင်ဆိုးလို့ညစ်ထွေးမှုတေဖြစ်ကြရတဲ့အဓိကတရားခံဟာအာဏာရူးသန်းရွှေသိန်းစိန်တို့ ကြောင့် ဆိုတာ ပြောရမှာဘဲ။
မနေ့ က ဖြစ်ခဲ့တဲ့ မြန်မာဘောလုံးအသင်းနဲ့  အိုမန်ဘောလုံးအသင်းတို့ ရဲ့  ယှဉ်ပြိုင်ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပဋိပက္ခအစမှာ ပြေလည်စွာ ဖြေရှင်းရမယ့်အစား မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ် ဥက္ကဌဆိုပြီး သန်းရွှေတို့  သိန်းစိန်တို့မြှောက်စားလို့ဖြစ်လာရတဲ့ဇော်ဇော်ကမြန်မာပရိသတ်ကိုဦးစွာမာရေကြောရေနဲ့ သတိပေးခြိမ်းခြောက်ခဲ့လို့  ပြဿနာပိုမိုကြီးထွားသွားခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ နာက်က လက်နက်ကိုင်အင်အားစု အားကိုး၊ မြန်မာနိုင်ငံဘောလုံးအသင်းဥက္ကဌဆိုတဲ့ ဂုဏ်မာန်မာနနဲ့  သန်းရွှေ သိန်းစိန်တို့ ရဲ့  မြှောက်စားမှု အရှိန်အ၀ါနဲ့  မြန်မာပရိသတ်ကို မောက်မောက်မာမာ ပြောဆိုခဲ့လို့  အခြေအနေက ပိုမိုဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ဇော်ဇော်ဟာဘောလုံးပွဲစဉ်အတွင်းလက်ရှိပဋိပက္ခဖြစ်နေစဉ်အချိန်အတွင်းမှာတောင်ပဋိပက္ခကို ပြေ လည်အောင်ဖြေရှင်းဖို့ထက်ကမ္ဘာ့ဘောလုံးအဖွဲ့ချူပ်ကဆူပူကြိမ်းမောင်ပြီးအရေးယူမှာကိပိုကြောက်နေလေရဲ့ ၊ အောက်ဖေါ်ပြပါ ဗွီဒီယိုမှတ်တမ်းထဲမှာ သူရဲ့  လူတစ်ဦးကို “သွား သွား ဟို FIFA နားမှာ ကပ်နေ ဘာပြောမလည်းဆိုတာ” ဆိုပြီး စိုးရိမ်စိတ်အပြည့်နဲ့ ခိုင်းဆိုပြောပါလေရဲ့ ။
ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ် FIFA ကအရေးယူတာခံရရင်ဇော်ဇော်အနေနဲသန်းရွှေ သန်းစိန်တို့ ရဲ့  အညိုအညင်ခံရမှာရယ်၊မြန်မာနိုင်ငံမှာနောက်ဆိုနိုင်ငံခြားဘောလုံးပွဲတွေလာရောက်ဖို့နာက်ဆုတ်ကုန်မှာရယ်  ကို အတော့်ကို စိုးရိမ်နေတယ် ထင်ပါရဲ့ ၊ နောက်ဆုံးတော့ ဇော်ဇော်တစ်ယောက် အစကတော့ မောက်မာစွာ လက်ညှိုးထိုးခြိမ်းခြောက်ပြောဆိုနေရာကနေလက်အုပ်ချီတောင်းပန်တဲ့အနေအထားကိုပြောင်းလဲလိုက်ပါတော့ တယ်။

ဇော်ဇော်ရေ ကိုယ့်မြန်မာလူမျိုးတွေအပေါ် ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံလို့  မရပါဖူး။
မြန်မာပြည်မှာပဋိပက္ခတွေကိုနည်းလမ်းကျကျကောင်းကောင်းမွန်မွန်ငြိမ်းငြိမ်းချမ်းချမ်းမဖြေရှင်းတတ်တဲ့ ခါင်ကိုကမလုံတဲ့ အာဏာရူး သန်းရွှေ သိန်းစိန်တို့  အုပ်ချူပ်နေသ၍ ပဋိပက္ခတွေက ပိုမိုကြီးထွားနေမှာပါ။
တရားမျှတစွာနဲ့အရှုံးရှိလို့ရှိရင်ကျေကျေနပ်နပ်နဲ့လက်ခံပြီးအနိုင်ရသူကိုအောင်မြင်မှုအကျိုးပေးရမယ် ဆိုတာနားမလည်တဲ့အာဏာရူးသန်းရွှေတို့သိန်းစိန်တို့ကိုယ်တိုင်ခေါင်ကစပြီးမိုးမလုံနေသ၍၊အကြမ်းဖက်မှုနဲ့ ရှင်းနေကျအာဏာရူးသန်းရွှေတို့သိန်းစိန်တို့အုပ်ချူပ်နေသ၍၊ဘာဘဲဖြစ်ဖြစ်တစ်ခုခုဖြစ်ပြီဆိုရင် ပြည်တွင်းပြည် ပအဖျက်သမားများရဲ့သွေးထိုးလှုံ့ဆော်မှုဆိုပြီးတော့သာစွပ်စွဲလက်ညှိုးထိုးတတ်တဲ့ငါတိုကြာင့်မဟုတ်ဖူးဆိုပြီး       ခေါငိးရှောင်နေကြအာဏာရူးသန်းရွှတိုသိန်းစိန်တို့ကြီးစိုးနေသ၍နှိင်ငံနဲ့လူမျိုးအတွက်ပြည်တွင်းမှာဘာဘဲဖြစ် ဖြစ်/ပြည်ပမှာဘာဘဲ  မျက်နှာမလှ ဖြစ်နေကြရဦးမှာပါ။

0 comments:

Post a Comment