မဇ္ဈိမသတင်းဌာန။။။။။။။။။။။။။။ချေးငွေယူလျှင်ပါတီဝင်ရသည့်ကျပ်သိန်းပေါင်းတသိန်းအားရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။
ကြာသပတေးမနက်၁ဝနာရီတွင်ရန်ကုန်တိုင်းကြံ့ဖွံ့ရုံးချုပ်၌ကျင်းပသော၎င်းတို့ပါတီနှင့်အခြား ၅ ပါတီမှ လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနား၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အတိုးနှုန်း ၂ ကျပ် ယူသည့် အသေးစား ချေးငွေ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း (ဓာတ်ပုံ - မဇ္ဈိမ)
သိန်းပေါင်း၇သောင်းနှင့်လယ်သမားများကိုစိုက်ပျိုးစရိတ်ချေးငွေသိန်းပေါင်း(၃)သောင်းထုတ်ချေးခဲ့ကာ၊ရရှိလာမည့် အတိုးများကိုလူထုကျန်းမာရေးအတွက်ဆောင်ရွက်မည်ဟုဦးအောင်သိန်းလင်းကပြောသည်။သူသည်လက်ရှိ တောင်ဥက္ကလာပပြည်သူ့လွှတ်တော်အမတ်ဖြစ်ပြီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်းလည်းဖြစ်သည်။
ရွှေပြည်သာမြို့နယ်မှကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးတဦးက ‘‘ မြို့နယ်ကိုဒီလောက်ငွေချေးပေးနေတာ၊ပါတီကိုလည်း သိတတ်ရမှာပေါ့၊ပြည်သူနဲ့အပြန်အလှန်ပေါ့ဆိုတာမျိုးပြည်သူကိုပြောပြတယ်။ပြီးတော့သူတို့ကိုငွေချေးတယ်။ လူတွေကလည်းပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။
မြောက်ဥက္ကလာပမြို့ခံတဦးကလည်း‘‘ကျမတို့ကိုတယောက်ကို၃သောင်းချေးတယ်။ကျမတို့အဖွဲ့မှာခေါင်းဆောင် တယောက် ပါတယ်။ ငွေချေးတာအပေါင်တော့မပေးရဘူး။ ဒါပေမဲ့ပါတီတော့ဝင်ရတယ်’’ ဟု ပြောသည်။
ဦးအောင်သိန်းလင်းက ရန်ကုန်၌ (ဖြိုးစေတနာ) အခမဲ့ဆေးခန်း ၃၅ ခု ဖွင့်လှစ်ခဲ့သလို သမိုင်းလမ်းဆုံတွင် ၆ ထပ်
ဆေးရုံဖွင့်ကာ အခမဲ့ မျက်စိခွဲစိတ်ပေးနေပြီး၊ အင်းစိန် GTI ၌ အခမဲ့ ကျောက်ကပ်ဆေးခြင်းကို
ဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီတွင် အခမဲ့ သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်

0 comments:
Post a Comment