Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

UNHCR Malaysia သို့ အိတ်ဖွင့်ပေးစာ 25/08/2011

သို့ 
မစ္စတာ အလန်ဗာနွန်နှင့် သက်ဆိုင်ရာ UNHCR အရာရှိကြီးများ ခင်မျာ
ကုလသမ္မကဒုက္ခသည်များဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီးရုံး၊မလေးရှာ။လေးစားအပ်ပါသော UNHCR ကိုယ်စားလှယ်တော်ကြီးများ၊အရာရှိကြီးများ၊ဌာနဆိုင်ရာ အရာရှိကြီးများနှင့် သက်ဆိုင်ရာဌာနအသီးသီးရှိ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးမှူးများခင်ဗျာ…..
ကြောင်းအရာကတော့ ယ္ခုလောလောဆယ်ဖြစ်ပေါ်နေသော
UNHCRမှအသိအမှတ်ပြုဒုက္ခသည်စာရွတ်နှင့် ကဒ်ကိုင်ဆောင်သူများအားလုံး Putrajaya လဝကဌာနသို့ 
သွားရောက်၍မိမိကိုယ်ရေးအချက်အလက် ၊ဓါတ်ပုံနှင့် လက(်၁၀)ချောင်းလက်ဗွေပုံစံ မှတ်တန်းတင်ရယူရ
မည်ဆိုသညိ့သတင်းအားUNHCRဘက်မှရှင်းရှင်းလင်းလင်းသတင်းထုပ်ပြန်ကြေငြာပေးပါရန် ကျွန်တော် မှမေတ္တာရပ်ခံအပ်ပါသည်။
၎င်းအစီအစဉ်သည် မလေရှနိုင်ငံရောက် မြန်မာဒုက္ခသည်များအားပိုမိုစိတ်သောကရောက်စေ
သဖြင့်UNHCR မလေးရှားမှချက်ချင်းကြေငြာချက်ထုတ်ပြန်ပေးပါရန်ထပ်လောင်းမေတ္တာရပ်ခံပါသည်။
မနေ့ ကသြဂုတ်က၂၃ရက်နေ့ နံက်(၈)နာရီတွင်စတင်သည့် UNHCRနှင့်မလေးရှားလဝက 6P စီမံကိန်း တွင်UNHCRမလေးရှား၏ အစီးစအစဉ် ညံ့ဖျင်းမူ့ကြောင့် တဖြေးဖြေးများပြားလာသောဒုက္ခ
သည်လူအုပ်ကြီးသည်သူ့ ထက်ငှါအလျှင်စလိုလက်ဗွေရယူရန်တိုးဝှေ့ ကြသည့်အတွက်ထိန်းမနိုင်သိမ်းမရ
သည်ဖြစ်ခါ လဝကဌာနမှ မလေးရှားရဲတတ်ဖွဲ့ နှင့် ရေလာ တတ်ဖွဲ့ တို့ ကိုခေါ်
ယူအကြောင်းကြားခဲ့ရာ ၎င်းတို့ ကဒုက္ခသည်အုပ်ကြီးအားအကြောင်းမယ့်လူသားမဆန်စွာနံပတ်တုတ်ဖြင့်ရိုက်
နက်ထိန်းသိမ်းခဲ့သဖြင့် ကလေးများ၊မိခင်များ၊ သက်ကြီးရွယ်အိုများ၊ လူငယ်လူရွယ်များ၊ ဒါဏ်ရာ အနာတ ရ ဖြစ်စေခဲ့ပါသည်။
ထို့ကြောင့် ဒုက္ခသည် များ ရရှိသည် 6P-စီမံကိန်းစာရွက်တွင် “PULANG KE NEGARA ASAR ‘’ ဟုဆိုသည့် နေရပ်သို့ပြန်ရန် အင်္ဂလိပ်ဘာသာအားဖြင့် “RETURNING HOME (OR) LEAVING (OR) COMING BACK NATIVE COUNTRY ‘’ ဟုတ်အဓိပ္ပာယ်ရသော စာတမ်းပါရှိပါသည်။
ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် ဒုက္ခသည်များအား ကာကွယ်ဆောင့်ရှောက်ရေး ဟူသည့်UNHCR ၏ အခန်းကဏ္ဍ သည် မလေးရှားလ၀က၏ လုပ်ရပ်အောက်တွင် လက်ကိုင်တုတ်တခုဖြစ်နေပါသလားဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။
UNHCR မလေးရှားကိုယ်တိုင်က မြန်မာဒုက္ခသည်အားလုံးကို မလေးရှားအကျဉ်းထောင်ထဲသို့ တွန်းပို့နေပါသလား၊ ၄င်းဒုက္ခသည်အားလုံးကို ပြည်နှင်ဒါဏ် ပေးနေပါသလား။
ဒုက္ခသည်အရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်ပေးနေသည့် UNHCRE ဆိုတာဘာလဲ UNHCR နှင့် ကုလသမဂ္ဂ UNOs အဖွဲ့အစည်းများကိုယ်တိုင်က ကမ္ဘာ့ငြိမ်းချမ်းရေး ဇာတ်ခုံတွင် ကိုယ်မျက်နှာကို အိုးမည်း သုတ်နေပါသလား။
ကျွန်တော်ကိုယ်တိုင်မှ 6P- WORK PERMIT စာရွက်စာတမ်းနှင့် ယမန်နေ့က ဒုက္ခသည် မိသားစုတစ်စု ရရှိသည် 6P- စီမံကိန်း စာရွက်ကို UNHCR ရဲ့ အရာရှိကြီးများ တိုက်ရှု့ စစ်ဆေးနိုင်ရန်တင်ပြအပ်ပါသည်။
ထို့အပြင် UNHCR မှ CBOs အဖွဲ့အစည်းအချို့သို့ နှုတ်စကားဖြင့် ၄င်းအစီစဉ်ကို ညွန့်ကြားချက် ပေးထားသော်ငြားလည်းပဲ CBOs နှင့် မသက်ဆိုင်သည့် ဒုက္ခသည် အသိအမှတ်ပြု စာရွက် နှင့် ကဒ် ကိုင်ဆောင်သည့် ဒုက္ခသည်များအား ရေရာသေချာသော ညွန်ကြားချက်များ ထုတ်ပြန်ချင်း မရှိသည်ကို တွေ့ရှိရသည့်အတွက် တိကျသော သတင်းထုတ်ပြန်ကြေငြားပေးပါရန် ထိုသို့မဟုတ်လျှင် ဒုက္ခသည်များအားလုံးကို UNHCR ကိုယ်တိုင်က မလေးရှားမှ မောင်းထုတ်နေသလို့ ဖြစ်နေပေလိမ့်မည်။
အခြအနေအရ ဖြစ်ပေါ်လာသော မြန်မာဒုက္ခသည်များ အားလုံး၏ လက်ရှိအရေးကို တာဝန်ယူ ဆောင်ရွက်ဖြေရှင်းပေးရန် UNHCR မှ အပြည့်အ၀ တာဝန်ရှိပါသည်။
ထိုသို့ မဆောင်ရွက်နိုင်ခဲ့လျှင် ကျွန်တော်တို့ ဒုက္ခသည်အားလုံး မလေးရှားထောင်ထဲသို့ သွားရမည်လော၊သို့မဟုတ် ပြည်နှင်ဒါဏ်ပေးခံရမည်လော့ ..
နိုင်ငံတကာဒုက္ခသည်များအရေး ဆောင်ရွက်ဖြေးရှင်း ပေးနေသော UNHCR အနေဖြင့်လည်း ယခုဒုက္ခသည် အရေးကို မည်ကဲ့သို့သော အာမခံချက် ပေးနိုင်မည်လော…
မိမိအပါအ၀င် ဒုက္ခသည်များအားလုံးသည် မလေးရှားနိုင်ငံရှိ UNHCR မှ ထုတ်ပြန်ကြေငြာမည့် သတင်းကောင်းအား မျှော်လင့်စောင့်စားရင်း……
ကျေးဇူးတင်စွာဖြင့်
သာကြောင်းမာကြောင်းပြောပေးပါ…
သင်တို့၏ ရိုးသားလှစွာသော
Mr. Myat Ko Ko (မလေးရှားနိုင်ငံရောက် ဒုက္ခသည် ကဒ် ကိုင်ဆောင်သည့် သာမာန် အညတြ ဒုက္ခသည် တစ်ဦး)

0 comments:

Post a Comment