Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ဆွေးနွေးချက်များ စုစည်းတင်ပြချက် ...

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို.တွေ.ဆုံဆွေးနွေးချက်များကိုအင်အယ်ဒီပါတီတွင်းဆွေးနွေးခဲ့ ကြပါ သည်။ဦးအောင်ကြည်တင်ပြလာသောအချက်များမှာအင်အယ်ဒီအနေဖြင့်ရွေးကောက်ပွဲကောင်မရှင်တွင်ပါတီ မှတ်
ပုံတင်နိုင်ပြီးလူမှုရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက်ပြည်ထဲရေးဌာနတွင်မှတ်ပုံတင်နိုင်ကြောင်းအဓိကတင်ပြ တယ်လို.ဆိုပါတယ်။NLDအနေဖြင့်၎င်းတို.အစိုးရအားယုံကြည်စွာဆက်ဆံရန်ဖေါ်ပြပါရှိပြီးတိုင်းပြည်အကျိုးအတွက် ရည်ရွယ်၍စီးပွားရေးပိတ်ဆို.မှုများပြန်လည်ဖွင့်လှစ်ရေးအတွက်NLDမှတစ်တတ်တစ်အားပါဝင်ပါရန်လည်းတင်ပြ ပါတယ်။
ဆွေးနွေးပွဲအတွင်းရေးများကိုပြင်ပမီဒီယာများသို.ထုပ်ဖေါ်ခြင်းမပြုဖိုကိုလည်းဦးအောင်ကြည်ကအထူးဂရုပြုတင်ပြ တယ်လို.ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်အားပြည်ထောင်စုအစိုးရမှတရားဝင်တွေ.ဆုံခြင်းဖြစ်ပြီးသမ္မတဦး သိန်းစိန်အား တိုက်ရိုက်အစီရင်ခံရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်လိုတဲ့ကိစ္စများနဲ.ပတ်သက်ပြီးအထူး ကူညီပေးသွားမှာဖြစ်ပြီးလုပ်ဆောင်လိုသည့်လုပ်ငန်းအလိုက်သက်ဆိုင်သူများ၊၀န်ကြီးဌာနများနှင့်လည်းပူးပေါင်းေ ဆာင်ရွက်သွားနိုင်ကြောင်း တင်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဖက်မှNLDအနေဖြင့်တရားဝင်ရပ်တည်ဆဲပါတီတစ်ခုဖြစ်ကြောင်း၊ကနဦးအနေဖြင့်လုပ်ဆောင်လို သည့်အချက်များကိုပါတီတွင်းဆွေးနွေးတိုင်ပင်၍အကြောင်းပြန်မည်ဖြစ်ပါကြောင်း၊အစိုးရဖက်မှအပြုသဘောဆောင် သည့်လုပ်ရပ်များပိုမိုလုပ်ဆောင်ဖို.လိုအပ်ပါကြောင်း။နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရေး၊အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းများကို NLD အနေဖြင့်မြင်ခြင်ပါကြောင်း။
ဦးအောင်ကြည်မှတိုင်းပြည်အေးချမ်းတည်ငြိမ်သည်နှင့်အမျှအကျဉ်းသားများကိုလွတ်ပေးသွားနိုင်မည်ဟု မျှော်လင့် ရကြောင်း။၎င်းတို.အနေဖြင့်တည်ဆဲဥပဒေများဖြင့်သာလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါကြောင်းအစိုးရနေဖြင့်လုပ်ငန်း အားလုံးကိုလုပ်ဆောင်ရသည်မှာစေ့ငှဖို.မလွယ်ကူပါကြောင်း။ဒေါ်အောင်ဆန်းစုကြည်တို.အနေဖြင့်ပူးပေါင်းပါဝင် လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်းတင်ပြပါတယ်။
အချုပ်အားဖြင့်ဒေါ်အောင်ဆန်းစုကြည်မှNLDပါတီအမှုဆောင်များနှင့်ဆွေးနွေးတိုင်ပင်ပြီးပါတီ၏ရပ်တည်ချက်နှင့် ပတ်သက်၍အကြောင်းပြန်မည်ဖြစ်ပြီး၊အစိုးရမှလည်းသိသာသောအပြောင်းအလဲများပြုလုပ်ခြင်းနိုင်ငံရေးအကျဉ်း သား များလွတ်ပေးခြင်းများလုပ်ပေးရန်တင်ပြခဲ့သည်။
နှစ်ဖက်အဖွဲ.အစည်းများအတွင်းအသီးသီးဆွေးနွေးကြပြီးအဆင်သင့်ဖြစ်လျှင်နောက်တစ်ကြိမ်ထပ်မံတွေ.ဆုံကြ မည်ဖြစ်ပါသည်။
ကျွန်ုပ်တို.အနေဖြင့်သုံးသပ်သည်မှာဦးအောင်ကြည်မှNLDသို.တရားဝင်ရပ်တည်၍အစိုးရအားထိပ်တိုက်ရင်ဆိုင်မှု များမလုပ်ရန်ချိုချိုသာသာဖြင့်လာရောက်အသိပေးခြင်းသာလျှင်ဖြစ်ပြီးNLDအနေဖြင့်ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခြင်းမရှိပါက အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်မှုများသာဖြစ်လာနိုင်သည် ဟုသာယူဆပါသည်။

0 comments:

Post a Comment