ထိုင်းနိုင်ငံဘက်မှမော်တော်ယာဉ်အစီးရေ၅၀၀၀တင်သွင်းခွင့်ကိုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကရရှိထားကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီဝင်အလုပ်အမှုဆောင်များကိုလစာပေးနိုင်ရန်အတွက်အဆိုပါကားများကိုတင်သွင်းခွင့်ရရှိခြင်းဖြ စ်ကြောင်း၊ဇူလိုင်၂၆ရက်နေ့ကအမျိုးအစားစုံလင်သောကားများရန်ကုန်သို့စတင်ရောက်ရှိပြီဖြစ်ကြောင်းရန်ကုန်တိုင်းကြံ့ဖွံ့ပါတီအလုပ်အမှုဆောင် တဦးကပြောကြားပါတယ်။
ထိုင်းနိုင်ငံမဲဆောက်မြို့အမှတ်၁၀ လှေဆိပ်တွင် တွေ့ရသည့် မြန်မာဘက် ပို့မည့်ကားများ

ထိုင်းနိုင်ငံမဲဆောက်မြို့အမှတ်၁၀ လှေဆိပ်တွင် တွေ့ရသည့် မြန်မာဘက် ပို့မည့်ကားများကားများကိုမော်လမြိုင်ဘက်မှတဆင့်တင်သွင်းလာခြင်းဖြစ်ပြီးစစ်တောင်းတံတားဖြတ်ခအဖြစ်ယာဉ်အားလုံးအတွ က်ကျပ်၁၂သိန်းသာပေးဆောင်ခဲ့ရကြောင်းသိရသည်။ကြံ့ဖွံ့ပါတီမှပါတီဝင်များကိုမြို့နယ်အဆင့်၊ခရိုင်အဆင့်၊ပြည် နယ်နှင့်တိုင်းဒေသကြီးအဆင့်များခွဲကာလစာသတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ပါတီ၏ဗဟိုအဆင့်ရှိသူများကိုလစာ ကျပ်၃သိန်း၊ပြည်နယ်နှင့်တိုင်းအဆင့်ပါတီအတွင်းရေးမှူးများကိုကျပ်၁သိန်း၂သောင်း၊ခရိုင်အဆင့်အတွင်းရေးမှူးနှ င့်အလုပ်အမှုဆောင်များကိုကျပ်၈သောင်းနှင့်၇သောင်း၊မြို့နယ်အဆင့်အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များကို ကျပ်၆သောင်းနှင့်၅သောင်းစသည်ဖြင့်သတ်မှတ်၍လစဉ်ပေးနေကြောင်းရန်ကုန်တိုင်းကြံ့ဖွံ့ပါတီအလုပ်အမှုဆောင် တဦးကဆိုသည်။
ကြံ့ဖွံ့ပါတီကရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အဆင့်များအလိုက် စုစုပေါင်း၇၂၆ ဦးကို ဇူလိုင်လဆန်းမှစတင်ကာလစာပေးနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ကြံ့ဖွံ့ပါတီဝင်များအားလစာပေးနိုင်ရန်အတွက်မော်တော်ယာဉ်များပြည်ပမှတင်သွင်းခွင့်ရရှိသည့်အပေါ်နိုင်ငံရေး အသိုင်းအဝန်းကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“လစာပေးတာတော့သူတို့ပါတီအနေနဲ့ရန်ပုံငွေရှိလို့ပေးတာဘာမှပြောစရာမရှိဘူးပေါ့။နိုင်ငံတော်ကနေပြီးတော့ ဒီလိုအခွင့်အရေးပေးတယ်ဆိုရင်ပါတီတွေအားလုံးကိုပေးရင်ပြောစရာအကြောင်းမရှိပါဘူး။တပါတီတည်းခွဲပေးတာ ကတော့သိပ်မကောင်းဘူးပေါ့။နိုင်ငံရေးပါတီတွေကဝေဖန်စရာရှိလာနိုင်တာပေါ့။နိုင်ငံရေးပါတီတိုင်းမှာလည်းရပ် တည်ဖို့ရန်ပုံငွေအခက်အခဲလိုတာပဲလေ”ဟုအမျိုးသားဒီမိုကရေစီအင်အားစု(NDF)မှပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။
၂၀၁၀ရွေးကောက်ပွဲတွင်တသီးပုဂ္ဂလအမတ်အဖြစ်ဝင်ရောက်အရွေးခံခဲ့သူတဦးကလည်းကားများအလုံးအရင်းနှင့် တင်သွင်းခွင့်ကိုပုံမှန်ကားတင်သွင်းနေသူများပင် မရနိုင်ကြောင်း ပြောသည်။
ပြည်ပမှတင်သွင်းလာသောမော်တော်ယာဉ်များကားဈေးကွက်အတွင်းအလုံးအရင်းရောက်ရှိလာမည်ဆိုပါက ကားဈေးကွက်ကမောက်ကမဖြစ်လာမည်ကိုစိုးရိမ်ရကြောင်းဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှကားဝယ်ရောင်း တဦးကဆိုသည်။
“လက်တလောဘယ်ကားအမျိုးအစားတွေလဲဆိုတာမူတည်တယ်။နောက်ပြီးဒီမှာကားလိုအပ်ချက်ကတနှစ်ထက် တနှစ်တိုးနေတယ်လေ။ကားဈေးကွက်မှာတော့ နည်းနည်း လှုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်ဇွန်လအတွင်းကကားဈေးကွက်အတွင်းလိုင်စင်မဲ့ကားများအားလိုင်စင်ခွင့်ပြုပေးမည့်သတင်းနှင့်အတူ ကားမျိုးစုံတန်ဖိုးသတ်မှတ်ထားသည့်စာရင်းထွက်ပေါ်လာခဲ့သည်။ဈေးကွက်အတွင်းတွင်လည်းကားဈေးနှုန်း အတက်၊အကျကိုစောင့်ကြည့်နေသည့် အနေအထားဖြစ်သွားခဲ့ပြီး အရောင်းအဝယ် အေးသွားသည်ဟု သိရသည်။
“ဇွန်လအတွင်းက လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ်ဆိုပြီး ကားဈေးနှုန်းတွေ ထွက်လာတယ်။ အဲဒီလို ထွက်ပြီး ကားဈေးတွေငြိမ်သွားတယ်။အခုရက်ပိုင်းဈေးပြန်တက်လာတယ်။လိုင်စင်မဲ့ကားတွေပြန်ခွင့်ပြုမယ်ဆိုတဲ့သတင်းက အခုထိမသေချာသေးတော့ပွဲစားတွေကပြန်ပြီးဈေးမြှင့်လာကြတယ်”ဟုမော်တော်ယာဉ်ဝယ်ရောင်းတဦးကဆိုသည်။
ယခုလက်တလောတွင်မိုဒယ်လ်မြင့်အပေါ်ကားများသည်ကျပ်သိန်း၁၅၀မှ၂၅၀အထိဈေးနှုန်းမြင့်တက်သွားကြောင်း၊ ပြည်ပမှ မော်တော်ယာဉ်များ ပြည်တွင်းသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာပါကဈေးကွက်အတွင်းလေဈေးနှုန်းအကျဘက်သို့ဦးတည်နိုင်ကြောင်း၎င်းကပြော သည်။
ကြံ့ဖွံ့ပါတီမှတင်သွင်းခွင့်ရခဲ့သောမော်တော်ယာဉ်များထဲတွင်လိုက်ထရပ်၊SuperCustom၊MarkII၊ ၂၀၁၁ မိုဒယ်လ် Lexusအပါအ၀င်မိုဒယ်လ်မြင့်ကားများစွာပါဝင်ပြီးတင်သွင်းလာသောမော်တော်ယာဉ်စာရင်းအတိအကျကိုသတင်း ထုတ်ပြန်၍ မရသေးကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တဦးကပြောသည်။

ကြံ့ဖွံ့ပါတီသည်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၃၂၅နယ်အနက်၂၅၉နယ်၌လည်းကောင်း၊အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်၁၆၈နယ်အနက်၁၂၉နယ်၌လည်းကောင်း၊တိုင်းဒေသကြီး/ပြည်နယ်မဲဆန္ဒနယ်၆၆၁နယ်အနက်၄၉၄ နယ်၌လည်းကောင်းအနိုင်ရရှိခဲ့ပြီးစုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်၁၁၅၄နေရာအနက်၈၈၂နေရာ၌အနိုင်ရရှိခဲ့ သည်ဟု အစိုးက ကြေညာခဲ့သည်။

0 comments:
Post a Comment