Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မိဘများထံတောင်းဆိုအပ်သော ပညတ်တော် ၁၀ ပါး

၁။ ကျွန်ုပ် ရဲ့ လက်လေးတွေက သေးငယ်ပါတယ်။ အိပ်ရာခင်းတဲ့အခါ၊ ပုံဆွဲတဲ့အခါ၊ ဘောလုံးကစားတဲ့ အခါ ပြီးပြည့်စုံကျွမ်းကျင်ဖို့ကို မမျှော်လင့်ပါနဲ့။ ကျွန်ုပ်ခြေထောက်လေးတွေက တိုတိုလေးတွေပါ။ ကျွန်ုပ် သင်တို့နဲ့ အတူ လိုက်နိုင်အောင် ဖြေးဖြေးလျှောက်ပေးပါ။

၂။သင်တို့ဆီမှာ ရှိတဲ့ မျက်လုံးတွေလို ကျွန်ုပ်ရဲ့ မျက်လုံးများက မမြင်နိုင်သေးပါဘူး။ ကျွန်ုပ်ကိုယ့်ဘာသာ အန္တရာယ်ကင်းကင်းနဲ့ လမ်းသစ်ထွင်နိုင်အောင် ဖေးမပေးပါ။ မလိုအပ်တဲ့ အရာနဲ့ ကန့်သတ်ချုပ်နှောင်ဖို့ မကြိုးစားပါနဲ့ ။

၃။ အလုပ်ဆိုတာတော့ ရှိမှာပါပဲ။ ဒါပေမဲ့ ဒါကိုအချိန်တိုအတွင်း နားလည်တတ်ကျွမ်းဖို့ ဆိုတာ ကျွန်ုပ်အနေနဲ့ ငယ်ပါသေးတယ်။ ဒီအံ့သြဖွယ် လောကကြီးရဲ့ အကြောင်းကို အချိန်ယူပြီး ရှင်းပြသင့်ပါတယ်။

၎။ ကျွန်ုပ်ရဲ့ခံစားချက်တွေက နုနယ်လွန်းလှတယ်။ ကျေးဇူးပြုပြီး .... လိုအပ်ချက်တွေကို နားလည်ပေးပါ။ တစ်နေကုန် စိတ်ညစ်အောင် အမြဲ မလုပ်ပါနဲ့။ သင်တို့စူးစမ်းခဲ့စဉ်မှာလဲ စိတ်ညစ်အောင် ပြောဆိုခံရတာကို ဖြစ်စေချင်မှာမဟုတ်ပါဘူး။ သင်တို့ ဆက်ဆံခံချင်သလိုမျိုးကျွန်ုပ်ကို ကျေးဇူးပြုပြီး ဆက်ဆံပေးပါ။

၅။ ကျွန်ုပ်က ဘုရားသခင်က ပေးအပ်လိုက်တဲ့ အထူးလက်ဆောင်တစ်ခုပါ။ ကျွန်ုပ်ကို တန်ဖိုးထားဆက်ဆံပေးပါ။ ကျွန်ုပ်ရဲ့ လုပ်ရပ်များကို တန်ဖိုးထားပေးပါ... ယဉ်ကျေး သိမ်မွေ့ပြီး စည်းကမ်းပြည့်ဝတဲ့ အမူအရာ ပိုင်ရှင်တစ်ယောက်ဖြစ်အောင် ဘ၀နေနည်းကို လမ်းပြပေးပါ။

၆။ကျွန်ုပ်ဟာ သင့်ရဲ့ အားပေးမှုတွေ ယုယမှုတွေ အထင်ကြီးမှုတွေနဲ့ ကြီးပြင်းဖို့လိုအပ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကျွန်ုပ်ကို မဝေဖန်သင့်ပါဘူး။ တကယ်တော့ ကျွန်ုပ်ကို ဝေဖန်တာထက် ကျွန်ုပ်ရဲ့ လုပ်ရပ်ကိုသာ ဝေဖန်သင့်ပါတယ်။

၇။ ကျွန်ုပ် ဆုံးဖြတ်ချက်ချတဲ့ အခါ ကိုယ်ပိုင် ဆုံးဖြတ်နိုင်အောင် လွတ်လပ်ခွင့်ပေးပါ။ အမှားလုပ်ခွင့်ပေးပါ ... အမှားထဲက သင်ခန်းစာယူချင်လို့ပါ။ တစ်နေ့ကျရင် ကျွန်ုပ်နဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်နိုင်အောင်လို့ပါ။

၈။ အလွန်အကျွံ မလုပ်ခိုင်းပါနဲ့ ။ကျွန်ုပ်ရဲ့စွမ်းအင်တွေဟာ သင်တို့ရဲ့ တောင့်တချက်နဲ့ မကိုက်ညီတဲ့ အခါ သိမ်ငယ်တဲ့ ခံစားမှုဖြစ်လို့ပါ။ တကယ်တော့ အလုပ်တွေဟာ ခက်တယ်ဆိုတာ နားလည်ပါ တယ်....ဒါပေမဲ့ ကျွန်ုပ်ရဲ့ ညီအကို မောင်နှမ တွေနဲ့ နှိုင်းယှဉ်ပြောဆိုခံရတာမျိုး မလိုလားပါဘူး။

၉။ တစ်ပတ်တစ်ခါ ကျွန်ုပ်အတွက် အချိန်ပေးပါ။ ကလေးတွေဟာ မိဘတွေနဲ့ အတူတူလျှောက်လည်သင့်ပါတယ်။ မိဘတွေလဲအတူတူပဲပေါ့။ ဒါ့အပြင်.... သင်တို့ရဲ့ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဘ၀ကိုလဲ ကျွန်ုပ်အား ပြသရာရောက်ပါတယ်။

၁၀။ဘုရား ကျောင်းကန် သို့ ပုံမှန်ခေါ်ဆောင်သွားပေးပါ။ ယဉ်ကျေးတဲ့ သားသမီးတစ်ယောက်ဖို့ သင့်အနေနဲ့ စံပြုထိုက်တဲ့ နမူနာကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပေးပါ။

မူရင်း၊ ၊ ငယ်ငယ်က ဖတ်ဖူးတဲ့ Child's Ten Commandments to Parents ကို ဘာသာပြန်သည်။
စာချစ်သူများအားကျေးဇူးတင်ပါသည်။
(ဇေယျာ)19/Aug/2011, Friday , 1:30 pm

Kyaw Zay Yar

0 comments:

Post a Comment