Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

သမ္မတ အသစ် တင်မြှောက် ဖို့ စင်္ကာပူမဲဆန္ဒခံယူပွဲ 27/08/2011

                                                                                                                                                                ၾသဂုတ္လ(၂၇)ရက္စေ
နနေ့ နံက် (၈)နာရီ၊ ..စင်္ကာပူနိုင်ငံ ကျွန်းတစ်လျှောက်လုံးတွင် ဖွင့်လှစ်ပေးထားသော မဲဆန္ဒရုံများတွင် စင်္ကာပူနိုင်ငံသား ၂.၂၇သန်း သည် နောင်လာမည့် စင်္ကာပူနိုင်ငံ သမ္မတ အသစ်အတွက် ည(၈)နာရီထိ ဆန္ဒမဲ ပေးနေကြပြီဖြစ်သည်။
လက်ရှိသမ္မတ S R Nathan နှင့် သမ္မ တကတော် တို့သည် ဂျိုချိုင်း အရပ်ရှိ ဟိုင်းအမျိုးသမီးကျောင်းသို့ မဲဆန္ဒပေးရန် ရောက်ရှိလာခဲ့ပြီး သမ္မတကတော် သတင်းထောက်များကို ပြောကြားခဲ့သည်မှာ …
“S R Nathan အတွက်ကတော့ခက်ခဲ့တဲ့ ကိစ္စတစ်ရပ်မဟုတ်ပေမယ့် S R Nathan ယုံကြည်မိတဲ့ချက်ကတော့ စင်္ကာပူနိုင်ငံသားတွေဟာ တကယ်လုပ်ပေးနိုင်မဲ့သူတွေသာ ရွေးချယ်ကြပါလိမ့်မယ်”
“ကျနော်သိတာကတော့ စင်္ကာပူနိုင်ငံသားတွေဟာ အသိစိတ် ပြည့်ဝကြတဲ့ နိုင်ငံသားတွေဖြစ်တယ်၊ သူတို့လက်ထဲမှာ ဘာတွေကို ဆွဲကိုင်ပြီး စင်္ကာပူနိုင်ငံအတွက် အကောင်းဆုံး ဘာလုပ်ပေးရမလဲဆိုတာကို ဆုံးဖြတ်ပေးမယ့်လူတွေဖြစ်တယ်”
လက်ရှိသမ္မတ S R Nathanသည် စင်္ကာပူနိုင်ငံအတွက် ၆ဆက်မြောက် သမ္မတလည်းဖြစ်သည်၊ စင်္ကာပူနိုင်ငံဆိပ်ကမ်းများ စင်္ကာပူလူ့အဖွဲ့အစည်းများ ၏ နေရာဌာနများ ကျောင်းများ နှင့် စင်္ကာပူနိုင်ငံတစ်ဝှမ်း မဲဆန္ဒရုံပေါင်း(၇၈၁)ရုံရှိသည်၊ မဲဆန္ဒပေးပြီးသည့်အခါ အဓိက မဲရုံပေါင်း (၁၆၂) ရုံတွင် မဲများအားလုံးကို ရေတွက်မည်ဖြစ်သည်။
သတင်းမီဒီယာဌာနအသီးသီးမှလည်း ဆန္ဒ မဲပေးပုံ မဲရေတွက်ပုံတို့ကို အများပြည်သူရှေ့မောက်တွင် ကမ္ဘာသို့ တိုက်ရိုက် အသံလွှင့် ထုတ်လွှင့်ပြသ နေပါသည်။
မဲဆန္ဒနှင့်ပတ်သက်သည့် သတင်းအသီးသီးကိုလည်း CHANNEL NEWS ASIA မှ ည၁၀နာရီတွင် ထုတ်လွှင့်ပြသမည်ဖြစ်သလို အခြားသော မီဒီယာ TV တို့မှလည်း မဲအနိုင်အရှုံး ရလဒ်ကို အများပြည်သူ သိအောင် ကြေငြာသွားမည်ဖြစ်သည်။
ထို့အပြင် Media Corp Radio ၊ Today newspaper Media Corp သတင်းဌာနတို့မှလည်း မဲဆန္ဒခံယူပွဲနှင့်ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မူ့များနှင့် အနိုင်အရှုံးရလဒ်ကို လေလိုင်းမှ အသံလွှင့်ကြေငြားသွားမည်ဖြစ်သည်။

မှတ်ချက် ။ ။ အာရှပစိဖိတ်သတင်းဌာန မှ လွင်ပြင်ဝိုင်းတော်သားများ ဘာသာပြန်ဆိုတင်ပြသည်။

0 comments:

Post a Comment