Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

UNHCR က ပြည်တော်ပြန်မည့်အရေး ဖယ်ရှား အတည်ပြုချက်ပေး

26/08/2011

မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက မလေးရှားရောက် ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ပြောဆိုသည်မှာ UNHCR အသိအမှတ်ပြု စာရွက်နှင့် ကဒ် ကိုင်ဆောင်သူ အားလုံး သည် မလေးရှားလ၀က 6P - စီမံကိန်းတွင် မဖြစ်မနေ ပူးပေါင်း ဆောင်ရွက် မှသာလျှင် လုံးဝ နေ့ရပ် သို့ ပြန်ပို့လိမ့်မည် မဟုတ်ကြောင်း အသိအလင်း ယနေ့ Free Malaysia Today သတင်းမှ ထုတ်ပြန်ကြောငြားထားသည်ကို လွင်ပြင်ဝိုင်းတော်သားများမှ အကျဉ်းချုံး ဘာသာ ပြန်ဆို ထားပါသည်။
PETELING JAYA ….UNHCR မှ ဒုက္ခသည်များ ကြောက်ရွံ့နေသည့် ပြန်တော်ပြန်အရေး ကို မလေးရှာ ပြည်ထဲရေး ၀န်ကြီးဌာနမှ UNHCR သို့ ပေးပို့စာဖြင့် ထောက်လောင်းထောက်ခံ အတည်ပြု လိုက်ပါသည်။
မလေးရှားအစိုးရမှလည်း UNHCR မှ အသိအမှတ်ပြုထားသော စာရွက်နှင့် ကဒ် ကိုင်ဆောင်သည့် ဒုက္ခသည် အားလုံးကို နဂိုရှိရင်းစွဲ အနေအထားတိုင်း ဆက်လက်နေထိုင်ခွင့် ပြုရန် ထပ်လောင်း အတည်ပြု ပြောဆိုသွားပါသည်။
ဒုက္ခသည်များအတွက် သတင်းကောင်း …..
တရားမ၀င်လုပ်သားများအတွက် 6P- စီမံကိန်း ဆောင်ရွက်နေသော်ငြားလည်းပဲ တရားဝင် လုပ်သား အားလုံးအတွက်လည်း ၎င်းစီမံကိန်းအတိုင်း များမကြာမီ ဆက်လက်အကောင်အထည် ဖေါ်ဆောင်၇ွက်သွားမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန် ကြေငြာထားပါသည်။
အထက်ဖေါ်ပြပါ ဒုက္ခသည်များနှင့် သက်ဆိုင်သည့် 6P - စီမံကိန်းအတွက်လည်း မလေးရှားအစိုးရနှင့် ၎င်း၏ ၀န်ကြီးဌာနများ ဖြစ်ကြသော ပြည်ထဲရေး၊ လ၀ကနှင့် ရဲတပ်ဖွဲ့ တို့အား ပြည်တွင်းပြည်ပ မီဒီယာများမှ တရားမ၀င်လုပ်သားနှင့် ဒုက္ခသည် များအတွက် သီးခြား ကဏ္ဍ ခွဲထုတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ထိုးနှက်ခြင်းကို ခံခဲ့ရပေသည်။
UNHCR မှ Yante က “ ဒီကိစ္စဟာ UNHCR နှင်း မလေးရှား အစိုးရအကြား သိသာထင်ရှားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း” ထုတ်ဖေါ်ပြောဆိုသွားပါသည်။
Yante မှ ဥပဒေ စိုးမိုးရေး သက်ဆိုင်ရာ ရဲ့အရာရှိများမှ မည်သူ မည်ဝါဖြစ်ကြောင်း သတ်မှတ် ခွဲခြားခံရသည့် ဒုက္ခသည်တို့အား ပိုမို အားဖြည့် အကာအကွယ်ပေးနိုင်လိမ့်မည်ဟု ထပ်လောင်းပြောဆိုသွားပါသည်။
ဒုက္ခသည်တို့အား တရားဝင် အလုပ် လုပ်ပိုင်ခွင့်နှင့် ၎င်းနှင့် သက်ဆိုင်သည့် သဘောတူညီချက် များကိုလည်း UNHCR နှင့် မလေးရှား အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မူ လိုအပ်နေသေးကြောင်း ဖြည့်စွက် ပြောဆို သွားပါသည်။
မှတ်ချက်။ ။ ဤသတင်းအား ယနေ့ Free Malaysia Today သတင်း/Web ကြီးမှ အသိအလင်း ထုတ်ပြန်ကြေငြားသွားပါသည်။

လွင်ပြင်ဝိုင်းတော်သားများ

0 comments:

Post a Comment