Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

အဝေးရောက် ချစ်သူတို့ ၏ အတားအဆီးများ

၁)အခက်အခဲကို ဖော်ပြရန်မလွယ်ကူခြင်း
   တကယ်တော့ ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်အတွက် မက်ဆေ့ခ်ျ ပို့တယ်ဆိုတာ စကားသံကြားရတာမဟုတ်ဘူး... စကားပြောရတယ်ဆိုတာလဲ အမူအရာကို တွေ့ရတာမဟုတ်ဘူး။ တကယ်လို့ ငါ နင့်ကို စိတ်မဆိုးဘူးလို့ ပြောရင် နင်ယုံချင် ယုံမှာလား... ငါငိုနေတယ်ဆိုလဲ နင် တွေ့ရမှာ မဟုတ်ပါဘူးချစ်သူ.... မှတ်ချက်၊ ၊ vzo ပြောဖို့ရာ အမြဲမလွယ်ကူပါ... လွယ်ကူသည့်တိုင် မှန်ကန်သော ခံစားချက်ကို သိဖို့ရန် အခက်ကြုံနိုင်ပါသေးသည်...

၂)ချစ်သူဆီက စကားသံကို အမြဲ မကြားနိုင်ခြင်း
  တကယ်လို့ သာ ချစ်သူနှစ်ယောက် အတူတူ ရှိခဲ့ကြရင် ... စကားအတူတူပြောလို့ရသလို နေ့တိုင်းလဲ မတူညီတဲ့ အကြောင်းအရာ... စကားအသစ်အဆန်းလေးတွေ ကြားဖို့ အခွင့်အရေး ရနိုင်တာပေါ့။ အတူတူ မနေနိုင်တဲ့ ချစ်သူ နှစ်ယောက် အတွက် မှာတော့... အမြဲပဲ "ငါနင့်ကို သတိရလိုက်တာ... လွမ်းတယ်" ဆိုတဲ့ စကားလေးတွေသာ ကြားရမှာလေ....
ချစ်သူရယ် .... ငါနင့်အတွက် မရိုးနိုင်တဲ့ အကြောင်းအရာတွေကို ကြိုးစားရှာပါ့မယ်... ငါ့ကို " အော် ၊ ဟုတ်ပါပြီ " ဆိုတဲ့ စကားလေးတွေနဲ့ ပဲမနှစ်သိမ့်ပါနဲ့လား ..

၃) လုံခြုံစိတ်ချမှု မရှိသလို ခံစားရခြင်း
    ဟန်းဖုန်းကို ကြည့်ရတာ ၁၀ ခါ လောက် ရှိပြီ.... နင်ဘာလို့ စာမပြန်သေးတာလဲ... နင် ဘယ်ရောက်နေလဲ ၊ ဘယ်သူနဲ့ အတူရှိနေလဲ.... ပြီးတော့ ဘာတွေ လုပ်နေသလဲ ချစ်သူ... နင့်ဘေးနားမှာ ဘယ်လို ပျံလွှားငှက် လေးတွေ ရောက်နေသလဲ... ငါ့ဘေးမှာ ရှိတဲ့ ပန်းပွင့်လေးတွေလိုပေါ့။

၎) ရေနဲ့ဝေးရင် မီးဟာ ငြိမ်းဖို့ မလွယ်
     တကယ်လို့ ဒီမှာ မိုးရွာတယ် ဆိုရင် .... သူငယ်ချင်းတစ်ယောက်ကပဲ ငါ့ကို ထီးလာပေးမယ်....ပတ်ဝန်းကျင်က မိသားစု မိတ်ဆွေတွေပဲ ရှိတယ်လေ..... တကယ်လို့ နင် နေမကောင်းဖြစ်တယ် ဆိုဦးတော့.... ငါစိတ်ပူနေရုံကလွဲလို့ ရေတစ်ခွက်တောင် တိုက်နိုင်မှာ မဟုတ်ပါဘူး...

၅)ဝေးကွာခြင်းက စိတ်ကို ကစဥ့်ကလျားဖြစ်စေတယ်
    ဝေးကွာနေတဲ့ နင့်ကိုချစ်ရတာ..... ဘယ်လို စကားတွေကို ယုံကြည်ပေးရမလဲ.... ကောင်းတဲ့ အပြော... ချို သာတဲ့ စကားတွေနဲ့ ပြောနေပေမဲ့ ပြောတဲ့ စကားတွေက ကောင်းတယ်လို့ တပ်အပ်မပြောနိုင်ဘူးလေ....

၆) ဝေးကွာခြင်းက ချစ်သူ နှစ်ယောက်ကို အထင်လွဲ စေတယ်
    ငါက စိတ်လှုပ်ရှားဖွယ် အကြောင်းအရာ ကို နင့်ဆီ မက်ဆေ့ခ်ျပို့တဲ့ အခါ ... နင်က "အော် ဟုတ်လား " ဆိုတဲ့စကားလေးပဲ ပြန်ပို့တတ်တယ်.... တကယ်တော့ ငါ နင်အလုပ်များနေတာမသိလို့ပါ၊ တကယ်လို့ ငါ အလုပ်များတဲ့ အခါ ငါလဲ မက်ဆေ့ခ်ျ မပြန်.... ဖုန်းမဖြေခဲ့ရင် နင် ဘယ်လို ခံစားရမလဲ.... နင်အလှပြင်ဆိုင် ရောက်နေလို့ ငါ က ဖုန်းဆက်တဲ့ အချိန်... ဖုန်းက အိတ်ထဲရောက်နေမယ်ဆိုရင်ရော ဘယ်လိုလုပ်ရပါ့မလဲ...တမင်လုပ်တာ မဟုတ်ဘူးလို့ သိနေပေမဲ့  စိတ်မချတာတော့ အမှန်ပါပဲ ချစ်သူ...

၇)အဖြူရောင် မုသားစကားသုံးစွဲရခြင်း
    တကယ်လို့ ငါသူ့ငယ်ချင်း မိန်းကလေးတစ်ယောက်ယောက်နဲ့ ရုပ်ရှင် အတူတူ သွားကြည့်ဖြစ်မယ်ဆိုရင် စဉ်းစားပြီးတော့  ယောကျာ်းလေး သူငယ်ချင်းနဲ့ သွားကြည့်တယ်လို့ ပြောမိမှာပါ အဓိကက အထင်မလွဲစေချင်လို့ပါ....နင်လဲ ဒီလို မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ် ချစ်သူ.... ငါ့ဘက်ကတော့ အိပ်မရတဲ့ ညတွေသာ တစ်နေ့တစ်ခြားပိုများလာခဲ့တာပေါ့။

၈) အထီးကျန်ဆန်ခြင်း
 လူဟာ တစ်ယောက်တည်းနေတဲ့ အခါ အထီးကျန် မဆန်ပါဘူး... အခြားတစ်ယောက်ကို သတိရသွားတဲ့ အခါမှ အထီးကျန်ခြင်း မြစ်ဖျားခံပါတယ်။ နင်ကတော့ ပြောမှာပေါ့... နင့်ကို ဖက်ထားပါလို့.... ဒါပေမဲ့ ငါ့မှာ ပွေ့ဖက်စရာဆိုလို့ စောင်တစ်ထည်ပဲ ရှိပါတယ်... မျက်လုံးကို မှိတ်ပြီး ခံစားမှုနဲ့ ပွေ့ဖက်ထားမှာပါ.... တကယ်လို့ နင် ရုံးဆင်းတဲ့ အခါ နင်ငါ့ဘေးမှာ ရှိဖို့မှ မလွယ်ကူတာပဲချစ်သူ...

၉) ယုံကြည်ချက် ပျက်သုဉ်းခြင်း
   တကယ်လို့  ချစ်သူနှစ်ယောက်သာ အတူတူရှိခဲ့ကြရင် တစ်ယောက် က အကူအညီလိုတဲ့အခါ တစ်ယောက်က ကူညီနိုင်တယ်လေ... အခက်အခဲကြုံရင် အတူတူ စဉ်းစားဖြေရှင်းလို့ ရနိုင်တာပေါ့... အားပေးစကားပြောပေးမဲ့သူလဲ အနားမှာ အဆင်သင့်ဆိုတော့ အားဆေးမလိုတော့ဘူးလေ....တို့ နှစ်ယောက်က ဝေးနေကြတော့.... အားငယ်စိတ်ပျက်တဲ့ အခါမှာ ဘ၀မှာတန်ဖို့ထားတဲ့ ယုံကြည်ချက်တွေ ပျက်သုဉ်းသွားနိုင်လောက်ပါရဲ့ ချစ်သူရယ်။

၁၀)တစ်ယောက်နဲ့တစ်ယောက် စိတ်ထားအမှန်ကို မသိနိုင်ခြင်း
 လူ့စိတ်ဆိုတာ ၀မ်းဗိုက် အရေပြား တစ်ချပ်စာပဲ ခြားထားတာပါ..... ဒါပေမဲ့  ငါတို့ နှစ်ယောက်ကျတော့ ဘာလို့ မိုင်တွေ အများကြီးဝေးကွာနေကြရတာလဲ ....ဒီတော့ တစ်ယောက်အခက်အခဲ အခြေအနေတွေ... တစ်ယောက်ရဲ့ စိတ်အားသိမ်ငယ်မှုတွေကို သိဖို့မလွယ်တော့ဘူး  ချစ်သူရယ်... ငါနင့်ကို အနီးနားမှာ ရှိစေချင်လိုက်တာ... မျှော်လင့်ခြင်း များစွာနဲ့ပေါ့....

မူရင်း။ ။那些败给距离的爱 ကို ဆီလျော်သလို ဘာသာပြန်ခံစားပါသည်... ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ....

စာချစ်သူများအား ကျေးဇူးတင်လျက်
ဇေယျာ ၁)အခက်အခဲကို ဖော်ပြရန်မလွယ်ကူခြင်း

ဇေယျာ

0 comments:

Post a Comment