Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မြန်မာပြည်မှာ မ.ဆ.လ ခောတ်ကတဲက စစ်တပ်က အရာရှိများ အကြပ်တပ်သားများဟာ အရပ်ဖက် ရာထူး ကြီးများကို ပြောင်းရွေ.တာဝန်ထမ်းဆောင်လေ့ရှိပါတယ်။ အာ နာ ရှင် ဦးနေ၀င်း တီထွင်ခဲ့တာပါ။ စစ်တပ်က အရပ်ဖက်ကိုပြောင်းရွေ.တာဝန်ထမ်းတဲ့ ဖြစ်စဉ်တွေကို နိုင်ငံတကာမှာလည်းတွေ.မြင်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ ပြည်မှာလိုတော့ စစ်တပ်က အရပ်ဖက်ဌာနများကို လက်ဝါးကြီးအုပ်ပြီး စစ် အာ နာ ကွန်ယက်ဖြန်.တဲ့ သဘောတော့မဟုတ်ပါဘူး။
စစ်တပ်အရာ ရှိတွေဟာ အရပ်ဖက်အုပ်ချုပ်ရေးများကို နားမလည်ပဲ ထင်ရာစိုင်းမှု၊ စစ်တပ် အခွင့်အရေးများ နဲ. အရပ်ဖက်ဌာန အခွင့်အရေးများ နှစ်ခုစလုံးကို ရယူခွင့်ရှိပြီး၊ စစ်တပ်အရှိန်အ၀ါနဲ. ဖြုတ်ထုပ်သတ်၊ တပည့်မွေး ဆရာမွေးလမ်းစဉ်များ ကျင့်သုံးပြီး အရပ်သား အုပ်ချုပ်ရေးမှာ ၀င်ရောက်နေရာယူမှုများ ကို အဆုံးသတ်စေသင့်ပြီဖြစ်ပါတယ်။

 နိုင်ငံရေးပါတီများ အားလုံးနဲ. ပြည်သူများ၊ သတင်းဌာနများမှ သိသာစွာထောက်ပြသင့်ပြီဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနများမှာအရပ်သားအရာရှိများဟာဌာနတွင်းအဆင့်မြင့်ရာထူးများကိုတာဝန်ထမ်းဆောင်နိုင်လောက်ေ အာင် အလွန် အတွေ.အကြုံများတဲ့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်များဖြစ်ပါတယ်။
မည်မျှထူးချွန်သည်ဖြစ်စေစစ်တပ်ကအရာရှိတစ်ယောက်ဟာအရပ်ဖက်မှာသုံး လေးနှစ်လောက်တာဝန်ထမ်းဆောင်ပြီး မှ လုပ်ငန်းသဘာဝကိုနားလည်လာတာဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ အမှားတွေ ဘယ်လောက်များမယ်ဆိုတာ ခန်.မှန်းကြည့်ဖို.ပဲဖြစ်ပါတယ်။စစ်တပ်အရှိန်နဲ.သူတို.ကိုကြောက်လည်းကြောက်ရတော့သူတို.မှားနေလည်းဘယ်သူက မှ မပြောရဲပါဘူး။ အဂတိလိုက်စားမှုကလည်း အလွန် ကြွံဖြစ်ပါတယ်။
မီဒီယာများကလည်းလူ.အခွင့်အရေး၊ကလေးစစ်သားနဲ.သဘာဝပတ်ဝန်ကျင်အကြောင်းလောက်သာ ရှေ.တန်းတင်   ဟာပြောနေတာကိုတွေ.ရပါတယ်။တိုင်းပြည်ရဲ့အရေးကြီးတဲ့မတရားမှုများကိုမီးမောင်းထိုးပြဖို.အလွန်လိုအပ်နေတဲ့ ကာလာဖြစ်ပါတယ်။
ကျွန်ုပ်တို.ပါတီအနေနဲ.တင်ပြနေမှုများကိုပုံမှန်အားဖြင့်မီဒီယာနဲ.နိုင်ငံရေးလောကမှာစိတ်ဝင်စားမှုနဲပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွက် အရေးကြီးဆုံးကိစ္စများဖြစ်တာကိုတွေ.ရမှာပါ။

ပြည်သူများ လေ့လာကြဖို.နဲ. နက်နဲစွာဆုံးဖြတ်နိုင်ကြဖို.ဖြစ်ပါတယ်။

...

0 comments:

Post a Comment