Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

အရောင်မဲ့ခြင်း...

ကျုပ်တို့မှာ .... ခံစားစရာ အနုပညာတွေ ပါးပါးသွားတယ်..။ သင်ယူစရာမဟုတ်တဲ့ ပုံစံတစ်မျိုးနဲ့ ပညာရေးကို ပုံဖော်ပြီး ကျောင်းတွေ အပြိုင်အဆိုင်တက်ကြတယ်...။ စာပဲ သင်ကြမယ်လေ... ကျက်ပြီးဖြေကြပေါ့...။   ဆင်ဆာလွတ်တာ.. နိုင်ငံတော်သီချင်း ...။ ကလေးစာပေနဲ့ ကာတွန်းလုံးချင်း...။ ဟုတ်ပါတယ်... အနုပညာတွေ ပါးပါးသွားတယ်..။ တွေးတော ခံစားပျော်ဝင်တာတွေ တစ်ဖြည်းဖြည်း ဝေး..ဝေးကုန်တယ်..။   အကျိုးဆက်အနေနဲ့.. ကျုပ်တို့ဟာ အရောင်အဆင်းတွေ ပျယ်လျော့သွားပြီး.. တောင်မရောက် မြောက်မရောက် ဦးနှောက်တွေနဲ့ ကိုယ့်ကိုယ်ကို မသတ်မှတ်တတ်တဲ့ သီလကြောင်တွေပိုက်... မတိုးသာ၊ မဆုတ်သာ... တံပိုးနဲ့ တင်းပုတ်ကြားက ဟင်္သာကိုးသောင်းဇာတ်.. မညောင်းတန်း ကနေကြဦးပေါ့...။   ခံစားစရာ.... အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ ကိုးရီးယားဇာတ်လမ်း သောတဆင်စရာ ကော်ပီဆို... ကော်ပီဆို...။ ဖတ်ရှုစရာက ပေါ့ရွှတ်ရွှတ် ဝတ္တုတို...။ သူများ မော်ဒန်ရင် လိုက်မော်ဒန်မယ်...။ အရေးကြီးတာက အရည်အသွေးမဟုတ်ဘဲ အရေအတွက်နဲ့ ပါဝင်စီးဆင်းနိုင်မှု ဖြစ်လာတော့........   ရေးမိတာကိုက ကျုပ်အမှားပါ....။ 

0 comments:

Post a Comment