Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ကိုယ်ပိုင်အတွေးလေးများ ၁၄ ( မူမှန်စိတ် )

ဘာလို့ တစ်ခါတစ်လေမှာ လူတွေဆက်ဆံရေးကြောင့် အဆင်မပြေမှုတွေဖြစ်နေကြတာလဲ ဆိုတာ ကျွှန်တော်ညက ထိုင်စဉ်းစားကြည့်တယ်။ အသေးအမွှားလေးတွေကနေ ပြသာနာအကြီးကြီးတွေဖြစ်သွားတတ်ကြတယ်။ အဲဒီအကြောင်းတွေ တွေးရင်းတွေးရင်းနဲ့ ကို စဉ်းစားလေ ပိုထွက်လေဖြစ်လာတယ်။ ကျွှန်တော် ဥာဏ်မှီသလောက်စဉ်းစားကြည့်တော့ လူတွေမှာ မူမှန်စိတ်ထား မရှိလို့ အဆင်မပြေတာတို့ ပဋိပက္ခ တို့ အတိမ်းအစောင်းလေးတွေတို့ ဖြစ်တတ်တာ။ အဲဒီအကြောင်းလေးရေးထားတာပါ။

စိတ်ဆိုတာ ဖောက်ပြန်တတ်တယ်။ အဲဒီ ဖောက်ပြန်တတ်တဲ့စိတ် ကို ဥာဏ်မျက်စိနဲ့ ထိန်းရတယ်။ ဥာဏ်မျက်စိရှိဖို့ ဆိုတာကလည်း အသိတရားလိုတယ်။ ဆိုတော့က အသိတရားသည်အရေးအကြီးဆုံးသော့ချက်ပဲ။ အဲဒီ အသိတရား ဆိုတာကို အဖြေရှာမရတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။ ဘာမှန်းမသိတဲ့လူတွေအများကြီးရှိတယ်။ အသိတရားရှိလာတဲ့ လူတစ်ယောက်သည် သူသိထားတဲ့အသိကို စံထားပြီး ပြုလုပ်တော့မယ့်အရာမှန်သမျှကို ဘယ်ဟာအမှား ဘယ်ဟာအမှန်ဆိုပြီး ဝေဖန်ပိုင်းခြားတတ်လာတယ်။ တစ်ချို့ နေရာတွေမှာ အမှားအမှန်လို့ သုံးတာထက် လုပ်သင့်တာ နဲ့ မလုပ်သင့်တာ လို့ သုံးတာက ပိုနားလည်လွယ်မယ်။ ဒါ ငါလုပ်သင့်သလား ၊ မလုပ်သင့်ဘူးလား စဉ်းစားပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တတ်လာတယ်။

လူတွေက ကိုယ်လုပ်ချင်တာကိုယ်လုပ်နေရရင် အကုန်မှန်တယ်ချည်းထင်နေကြတာ။ အဲလိုလည်းမဟုတ်သေးဘူး။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ လည်းရှိသေးတယ်။ တစ်ခါတစ်လေကျ ငါလုပ်တာ အမှားလား အမှန်လား ခွဲခြားလို့ မရတော့တဲ့အခြေအနေကြုံတတ်တယ်။ တစ်ခါတစ်လေကျ မှားမှန်းသိလျှက်နဲ့ ဆက်လုပ်ချင်တာတွေလည်းရှိတယ်။ အမှန်ကိုလက်မခံချင်ဘူး။ အဲဒါဆိုရင် အတ္တ နဲ့ မာန ကြောင့်ပဲ။  ၉၀% လောက်ကျိန်းသေတယ်။ အဲဒီ နှစ်ခုတော့ အထိမခံကြဘူး။ လောဘ ဒေါသ မောဟ နဲ့ မှားတဲ့အမှားတွေကျ အဲဒီအချိန်မှာ စိတ်က အမှန်ကိုမမြင်တာ။ လောဘ ဒေါသ မောဟ တွေဖုံးလွမ်းနေတာကို။ ဒါပေသိ့ အတ္တ နဲ့ မာန ကြောင့် စိတ်မူမမှန်ဖြစ်တာကျ ဆိုးတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူက အမှန်တရားကိုသိလျှက်နဲ့ ၊ အမှန်ကိုမြင်လျှက်နဲ့ သက်သက်ကို အမှားလုပ်တယ်။ မလုပ်သင့်မှန်းသိလျှက်နဲ့ လုပ်တယ်ပေါ့။ အဲဒီသဘောတရားပဲ။ အမှန်ကိုသိလျှက်နဲ့ အမှားဆက်လုပ်နေပါတယ်ဆိုမှတော့ တော်တော်ကြီးကို ဆိုးနေပြီ။ ကျွှန်တော်အရင် note မှာရေးဖူးတာလေးထပ်ပြောပါအုံးမယ်။ လောကမှာ အမှားကိုအမှားမှန်းသိတာကောင်းတယ်။ ဒီ့ထက်ပိုကောင်းတာက အမှားကို အမှန်ပြင်လိုက်နိုင်တာပဲ။ အဲ….လောကမှာ အဆိုးဆုံးကတော့ အမှားကို အမှန်ထင်နေတာပဲ။ အခုတစ်ခုထပ်တိုးရမယ်။ အမှန်ကိုသိပြီး အမှားကိုဆက်လုပ်နေတာလည်း တော်တော်ဆိုးတာပဲ။

လူတွေရဲ့ စိတ်က မူမမှန်လည်းဖြစ်တတ်တယ်။ ဖောက်ပြန်တတ်တဲ့သဘောရှိတဲ့ စိတ်ကိုမှ မူမမှန်ထပ်ဖြစ်တတ်သေးတယ်။ စိတ်ကြည်လင်နေရင် တစ်မျိုးဆက်ဆံတယ်။ စိတ်မကြည်လင်ဘူး ဆိုရင် တစ်မျိုးဆက်ဆံတယ်။ စိတ်ကြည်လင်နေလို့ ချိုချိုသာသာဆက်ဆံတာက ပြသာနာမရှိဘူး။ လူချစ်လူခင်ပေါတာပေါ့။ ဒါပေမယ့် စိတ်မကြည်လင်တဲ့အခါ တစ်ဖက်သားကို မူမမှန်စိတ်နဲ့ သွားဆက်ဆံလိုက်ရင် ကိုယ့်ရဲ့ ဆက်ဆံရေးကို လူတွေက ကဲ့ရဲ့ လာလိမ့်မယ်။ အပေါင်းအသင်း မိတ်ဆွေတွေ တဖြည်းဖြည်း နည်းလာလိမ့်မယ်။

လူအများစုသည် ကိုယ်သက်သာဖို့ အဓိကထားကြည့်ကြတယ်။ ကိုယ်လုပ်ချင်တာ ကိုယ်ပြောချင်တာ လုပ်ပလိုက် ပြောပလိုက်တယ်။ တစ်ဖက်သားကို မငဲ့ဘူး။ ပြောသင့် မပြောသင့် ၊ လုပ်သင့်မလုပ်သင့် မကြည့်တော့ဘူး။ အဲဒီတော့ ကိုယ်ကကောင်းပြီး တစ်ဖက်သားမှာကျ မကောင်းဖြစ်တတ်တယ်။ ပြောချင်တာက ကိုယ်က ကိုယ်လုပ်ချင်တာ ကိုယ်ပြောချင်တာ ပြောလိုက် လုပ်လိုက်ရတော့ စိတ်ချမ်းသာသွားတယ်။ ဒါပေမယ့် တစ်ဖက်သားမှာကျတော့ စိတ်မချမ်းမသာဖြစ်သွားတယ်။ အဲလိုအခြေအနေတွေက ကြောက်စရာကောင်းတယ်။ သူများကို ပူအောင်သွားလုပ်မိရင် ကိုယ့်ကိုလည်း တစ်ချိန်ပူအောင်ပြန်လုပ်မှာ။ သူပြန်မလုပ်ရင်တောင် တစ်ခြားတစ်ယောက်က ပြန်လုပ်မှာ။ ၀ဋ်ဆိုတဲ့သဘောတရားပဲပေါ့။ ဒါသဘာဝပဲ။

မူမှန်စိတ် ဆိုတာ ဘယ်လိုအခြေအနေကြုံကြုံ ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ အားလုံးအပေါ်မှာ မျှမျှတတနဲ့ ဆက်ဆံတာကိုခေါ်တာ။ စိတ်ကြည်လင်တုန်းလည်း တစ်ဖက်သားကို ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်။ စိတ်မကြည်မလင် ၊ အဆင်မပြေချိန်ကျလည်း တစ်ဖက်သားကို ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်။ ကိုယ်စိတ်မကြည်လင်တာ ၊ စိတ်ညစ်နေတာ ၊ အဆင်မပြေဖြစ်နေတာ တစ်ဖက်သားနဲ့ မှမဆိုင်တာ။ ဘာလို့ သူများကိုသွားပြီး အပူပေးမှာတုန်း။ ကိုယ့်ဂယက်သွားမရိုက်စေနဲ့ ဆိုတဲ့သဘောပဲ။ အဲဒီတော့ အစကတည်းက မလုပ်ခင်ကတည်းက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မူမှန်စိတ်ထား အချိန်ပြည့်ထားဖို့ လိုအပ်တယ်။ အဲဒါမှ အရာရာအဆင်ပြေမှာ။ သူ့ ဘက်ကမကောင်းသည်ရှိသော် ကိုယ့်ဘက်က အထိုက်အလျှောက်တော့ သဘောထားကြီးဖို့ ၊ သည်းခံဖို့ လိုတာပေါ့။

မူမှန်စိတ် ဆိုတာကတော့ နားလည်လွယ်အောင် မြင်သာအောင်ပြောလိုက်တာပေါ့။ အမှန်ကတော့ ကောင်းတဲ့စိတ်ကလေး ၊ သဘောထားကြီးတဲ့စိတ်ကလေး ၊ ရင့်ကျက်တဲ့စိတ်ကလေး ၊ အသိတရားရှိတဲ့စိတ်ကလေး မွေးပါလို့ ပြောချင်တာ။ အဲလိုပြောလိုက်လို့ ရှိရင် လူတွေက “ငါတို့ စိတ်က ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ငါ့ဘာငါ တစ်ယောက်တည်းနေနေတာ။ ဘာဖြစ်နေလို့ လဲ။ ဘယ်သူ့ ကိုများသွားထိခိုက်နေလို့ လဲ ” အဲဒါမျိုးတွေပြန်ပြောမှာစိုးလို့ ၊ နားမလည်မှာစိုးလို့ မူမှန်စိတ် ဆိုပြီးအခေါ်အဝေါ်ပြောင်းသုံးတာ။ အားလုံးနားလည်မယ်လို့ ထင်ပါတ ဘာလို့ တစ်ခါတစ်လေမှာ လူတွေဆက်ဆံရေးကြောင့် အဆင်မပြေမှုတွေဖြစ်နေကြတာလဲ ဆိုတာ ကျွှန်တော်ညက ထိုင်စဉ်းစားကြည့်တယ်။ အသေးအမွှားလေးတွေကနေ ပြသာနာအကြီးကြီးတွေဖြစ်သွားတတ်ကြတယ်။ အဲဒီအကြောင်းတွေ တွေးရင်းတွေးရင်းနဲ့ ကို စဉ်းစားလေ ပိုထွက်လေဖြစ်လာတယ်။ ကျွှန်တော် ဥာဏ်မှီသလောက်စဉ်းစားကြည့်တော့ လူတွေမှာ မူမှန်စိတ်ထား မရှိလို့ အဆင်မပြေတာတို့ ပဋိပက္ခ တို့ အတိမ်းအစောင်းလေးတွေတို့ ဖြစ်တတ်တာ။ အဲဒီအကြောင်းလေးရေးထားတာပါ။

စိတ်ဆိုတာ ဖောက်ပြန်တတ်တယ်။ အဲဒီ ဖောက်ပြန်တတ်တဲ့စိတ် ကို ဥာဏ်မျက်စိနဲ့ ထိန်းရတယ်။ ဥာဏ်မျက်စိရှိဖို့ ဆိုတာကလည်း အသိတရားလိုတယ်။ ဆိုတော့က အသိတရားသည်အရေးအကြီးဆုံးသော့ချက်ပဲ။ အဲဒီ အသိတရား ဆိုတာကို အဖြေရှာမရတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။ ဘာမှန်းမသိတဲ့လူတွေအများကြီးရှိတယ်။ အသိတရားရှိလာတဲ့ လူတစ်ယောက်သည် သူသိထားတဲ့အသိကို စံထားပြီး ပြုလုပ်တော့မယ့်အရာမှန်သမျှကို ဘယ်ဟာအမှား ဘယ်ဟာအမှန်ဆိုပြီး ဝေဖန်ပိုင်းခြားတတ်လာတယ်။ တစ်ချို့ နေရာတွေမှာ အမှားအမှန်လို့ သုံးတာထက် လုပ်သင့်တာ နဲ့ မလုပ်သင့်တာ လို့ သုံးတာက ပိုနားလည်လွယ်မယ်။ ဒါ ငါလုပ်သင့်သလား ၊ မလုပ်သင့်ဘူးလား စဉ်းစားပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တတ်လာတယ်။

လူတွေက ကိုယ်လုပ်ချင်တာကိုယ်လုပ်နေရရင် အကုန်မှန်တယ်ချည်းထင်နေကြတာ။ အဲလိုလည်းမဟုတ်သေးဘူး။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ လည်းရှိသေးတယ်။ တစ်ခါတစ်လေကျ ငါလုပ်တာ အမှားလား အမှန်လား ခွဲခြားလို့ မရတော့တဲ့အခြေအနေကြုံတတ်တယ်။ တစ်ခါတစ်လေကျ မှားမှန်းသိလျှက်နဲ့ ဆက်လုပ်ချင်တာတွေလည်းရှိတယ်။ အမှန်ကိုလက်မခံချင်ဘူး။ အဲဒါဆိုရင် အတ္တ နဲ့ မာန ကြောင့်ပဲ။  ၉၀% လောက်ကျိန်းသေတယ်။ အဲဒီ နှစ်ခုတော့ အထိမခံကြဘူး။ လောဘ ဒေါသ မောဟ နဲ့ မှားတဲ့အမှားတွေကျ အဲဒီအချိန်မှာ စိတ်က အမှန်ကိုမမြင်တာ။ လောဘ ဒေါသ မောဟ တွေဖုံးလွမ်းနေတာကို။ ဒါပေသိ့ အတ္တ နဲ့ မာန ကြောင့် စိတ်မူမမှန်ဖြစ်တာကျ ဆိုးတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူက အမှန်တရားကိုသိလျှက်နဲ့ ၊ အမှန်ကိုမြင်လျှက်နဲ့ သက်သက်ကို အမှားလုပ်တယ်။ မလုပ်သင့်မှန်းသိလျှက်နဲ့ လုပ်တယ်ပေါ့။ အဲဒီသဘောတရားပဲ။ အမှန်ကိုသိလျှက်နဲ့ အမှားဆက်လုပ်နေပါတယ်ဆိုမှတော့ တော်တော်ကြီးကို ဆိုးနေပြီ။ ကျွှန်တော်အရင် note မှာရေးဖူးတာလေးထပ်ပြောပါအုံးမယ်။ လောကမှာ အမှားကိုအမှားမှန်းသိတာကောင်းတယ်။ ဒီ့ထက်ပိုကောင်းတာက အမှားကို အမှန်ပြင်လိုက်နိုင်တာပဲ။ အဲ….လောကမှာ အဆိုးဆုံးကတော့ အမှားကို အမှန်ထင်နေတာပဲ။ အခုတစ်ခုထပ်တိုးရမယ်။ အမှန်ကိုသိပြီး အမှားကိုဆက်လုပ်နေတာလည်း တော်တော်ဆိုးတာပဲ။

လူတွေရဲ့ စိတ်က မူမမှန်လည်းဖြစ်တတ်တယ်။ ဖောက်ပြန်တတ်တဲ့သဘောရှိတဲ့ စိတ်ကိုမှ မူမမှန်ထပ်ဖြစ်တတ်သေးတယ်။ စိတ်ကြည်လင်နေရင် တစ်မျိုးဆက်ဆံတယ်။ စိတ်မကြည်လင်ဘူး ဆိုရင် တစ်မျိုးဆက်ဆံတယ်။ စိတ်ကြည်လင်နေလို့ ချိုချိုသာသာဆက်ဆံတာက ပြသာနာမရှိဘူး။ လူချစ်လူခင်ပေါတာပေါ့။ ဒါပေမယ့် စိတ်မကြည်လင်တဲ့အခါ တစ်ဖက်သားကို မူမမှန်စိတ်နဲ့ သွားဆက်ဆံလိုက်ရင် ကိုယ့်ရဲ့ ဆက်ဆံရေးကို လူတွေက ကဲ့ရဲ့ လာလိမ့်မယ်။ အပေါင်းအသင်း မိတ်ဆွေတွေ တဖြည်းဖြည်း နည်းလာလိမ့်မယ်။

လူအများစုသည် ကိုယ်သက်သာဖို့ အဓိကထားကြည့်ကြတယ်။ ကိုယ်လုပ်ချင်တာ ကိုယ်ပြောချင်တာ လုပ်ပလိုက် ပြောပလိုက်တယ်။ တစ်ဖက်သားကို မငဲ့ဘူး။ ပြောသင့် မပြောသင့် ၊ လုပ်သင့်မလုပ်သင့် မကြည့်တော့ဘူး။ အဲဒီတော့ ကိုယ်ကကောင်းပြီး တစ်ဖက်သားမှာကျ မကောင်းဖြစ်တတ်တယ်။ ပြောချင်တာက ကိုယ်က ကိုယ်လုပ်ချင်တာ ကိုယ်ပြောချင်တာ ပြောလိုက် လုပ်လိုက်ရတော့ စိတ်ချမ်းသာသွားတယ်။ ဒါပေမယ့် တစ်ဖက်သားမှာကျတော့ စိတ်မချမ်းမသာဖြစ်သွားတယ်။ အဲလိုအခြေအနေတွေက ကြောက်စရာကောင်းတယ်။ သူများကို ပူအောင်သွားလုပ်မိရင် ကိုယ့်ကိုလည်း တစ်ချိန်ပူအောင်ပြန်လုပ်မှာ။ သူပြန်မလုပ်ရင်တောင် တစ်ခြားတစ်ယောက်က ပြန်လုပ်မှာ။ ၀ဋ်ဆိုတဲ့သဘောတရားပဲပေါ့။ ဒါသဘာဝပဲ။

မူမှန်စိတ် ဆိုတာ ဘယ်လိုအခြေအနေကြုံကြုံ ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ အားလုံးအပေါ်မှာ မျှမျှတတနဲ့ ဆက်ဆံတာကိုခေါ်တာ။ စိတ်ကြည်လင်တုန်းလည်း တစ်ဖက်သားကို ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်။ စိတ်မကြည်မလင် ၊ အဆင်မပြေချိန်ကျလည်း တစ်ဖက်သားကို ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်။ ကိုယ်စိတ်မကြည်လင်တာ ၊ စိတ်ညစ်နေတာ ၊ အဆင်မပြေဖြစ်နေတာ တစ်ဖက်သားနဲ့ မှမဆိုင်တာ။ ဘာလို့ သူများကိုသွားပြီး အပူပေးမှာတုန်း။ ကိုယ့်ဂယက်သွားမရိုက်စေနဲ့ ဆိုတဲ့သဘောပဲ။ အဲဒီတော့ အစကတည်းက မလုပ်ခင်ကတည်းက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မူမှန်စိတ်ထား အချိန်ပြည့်ထားဖို့ လိုအပ်တယ်။ အဲဒါမှ အရာရာအဆင်ပြေမှာ။ သူ့ ဘက်ကမကောင်းသည်ရှိသော် ကိုယ့်ဘက်က အထိုက်အလျှောက်တော့ သဘောထားကြီးဖို့ ၊ သည်းခံဖို့ လိုတာပေါ့။

မူမှန်စိတ် ဆိုတာကတော့ နားလည်လွယ်အောင် မြင်သာအောင်ပြောလိုက်တာပေါ့။ အမှန်ကတော့ ကောင်းတဲ့စိတ်ကလေး ၊ သဘောထားကြီးတဲ့စိတ်ကလေး ၊ ရင့်ကျက်တဲ့စိတ်ကလေး ၊ အသိတရားရှိတဲ့စိတ်ကလေး မွေးပါလို့ ပြောချင်တာ။ အဲလိုပြောလိုက်လို့ ရှိရင် လူတွေက “ငါတို့ စိတ်က ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ငါ့ဘာငါ တစ်ယောက်တည်းနေနေတာ။ ဘာဖြစ်နေလို့ လဲ။ ဘယ်သူ့ ကိုများသွားထိခိုက်နေလို့ လဲ ” အဲဒါမျိုးတွေပြန်ပြောမှာစိုးလို့ ၊ နားမလည်မှာစိုးလို့ မူမှန်စိတ် ဆိုပြီးအခေါ်အဝေါ်ပြောင်းသုံးတာ။ အားလုံးနားလည်မယ်လို့ ထင်ပါတ

0 comments:

Post a Comment