Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မလေးရှားနိုင်ငံ UNHCR မှ Mr.Myat Ko Ko ၏အိတ်ဖွင့်ပေးစားအား ပြန်လည်၍ ဖြေကြားချက်ကို ဘာသာပြန်ဆိုခြင်း…. 25/08/2011

မလေးရှား UNHCR မှ အသိပေးထုတ်ပြန်ကြေငြာချက်
သို့ …. မလေးရှားနိုင်ငံရောက် UNHCR ဒုက္ခသည် အသိအမှတ်ပြု စာရွက်နှင့် ကဒ်ကိုင်ဆောင်သူ အားလုံး သြဂုတ်လ ၂၃ရက်နေ့ ၂၀၁၁ တွင် စတင်မည့် မလေးရှားနိုင်ငံ လ၀က 6P- စီမံကိန်းအတွင်း UNHCR မလေးရှားထံသို့  တရားဝင် မှတ်ပုံတင်ထားသော ဒုက္ခသည် စာရွက်နှင့် ကဒ်ကိုင်ဆောင်သူ အားလုံး PUTRA JAYA မလေးရှားလ၀က ဌာနသို့တစ်ဦးတစ်ယောက်ချင်းစီး၏ (Bio-data)ကိုယ်ရေး အချက် အလက်နှင့်၊ (Biometric) ဓာတ်ပုံနှင့် လက်ချောင်းဆယ်ချောင်းလုံးလက်ဗွေနှိပ်ယူရန် အစီအစဉ် ကို UNHCR မှ မလေးရှားလ၀ကသို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် .
၎င်းအစီအစဉ်ကို ပြီးပြတ်စေရန် လပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်၊
၂၄ရက်နေ့ UNHCR မလေးရှားနှင့် အစိုးရတို့သဘောတူညီ ချက်အရ ပထမအဆင့် အစီအစဉ်အဖြစ် KUALA LUMPUR နှင့် SELANGOR ဒေသရှိ ဒုက္ခသည်အားလုံး အကျုံးဝင်သည်။
များပြားသော ဒုက္ခသည် အရေအတွက်များကြောင့် ယင်းအစီအစဉ်ကို စနစ်တကျ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် CBOsဟု ခေါ်ဆိုသည့် တိုင်းရင်းသား လူမျိုးစု အခြေပြု သည့် လူ့အဖွဲ့အစည်းများ ပါတီအဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
၎င်းအဖွဲ့အစည်းများ၏ သဘောဆန္ဒနှင့် အညီ ၄င်းအဖွဲ့အစည်းများမှ ဒုက္ခသည် စာရွက်နှင့် ကဒ်ကိုင်ဆောင်သူတို့အား ရွေးချယ်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အသုတ်လိုက်အသုတ်လိုက် PUTRA JAYA လ၀ကဌာနသို့ ၂၃ရက်နေ့မှစ၍ ၂၆ရက်နေ့အတွင်း ပို့ဆောင်ပေးရမည်ဖြစ်သည်၊ ဒုတိယအစီအစဉ်အဖြစ် စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်ကို UNHCR မှ ထပ်လောင်း၍ ကြေငြာမည်ဖြစ်သည်။
၂၃ရက်နေ့မှ စ၍ ၂၆ရက်နေ့အတွင်း PUTRA JAYA မလေးရှားလ၀က ဌာနသို့ ပထမအဆင့် အစီအစဉ်အဖြစ် အောက်ဖေါ်ပြပါ အဖွဲ့အစည်းအသီးသီးအကျုံးဝင်ပါသည်၊
ACR / CRC / BRO / MMWC/ FRO /KAREN /KARENNI/ KACHIN/ DAI/ MON/ SHAN
ဗုဒ္ဒဟူး၂၄ရက်မှစ၍ သောကြာ ၂၆ရက်နေ့အထိ တစ်နေ့တာအတွက် ဒုက္ခသည်ဦးရေ (၂၅၀၀)ကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ CBOs အဖွဲ့အစည်း တစ်ခုချင်းဆီမှ ဒုက္ခသည်ဦးရေ (၆၀၀) ကို တစ်နေ့လျှင် (၂၀၀)နှုန်း ပို့ဆောင်ပေးရမည်ဖြစ်သည်၊ အကယ်၍ 6P -အစီအစဉ်တွင် ထင်ထားသည်ထက် ပိုများပါက ၄င်းအစီအစဉ်ကို နေ့ရက် ထပ်မံ တိုးချဲ့ပေးသွားမည်ဖြစ်သည်၊ အဖွဲ့အစည်း တစ်ခုချင်းစီသည် အောက်ဖေါ်ပြပါ အချိန်နာရီနှင့် သတ်မှတ်ထားသည့် ဒုက္ခသည် အရေအတွက်အတိုင်း မဖြစ်မနေ လုပ်ဆောင်ပေးရမည်ဖြစ်သည်။
CRC/ACR- ၂၀၀/ ၂၀၀ ဒုက္ခသည် နံက်(၈နာရီ)
BRO/ MMWC- ၂၀၀/၂၀၀ဒုက္ခသည် နံက်(၁၀နာရီ)
FRO/ KAREN- ၂၀၀/၂၀၀ဒုက္ခသည် နေ့လည်(၁၂နာရီ)
KACHIN/ KARENNIE- ၂၀၀/၂၀၀ဒုက္ခသည် နေ့လည်(၂နာရီ)
SHAN- ၂၀၀ ဒုက္ခသည် နေ့လည်(3နာရီ)
DAI/MON- ၂၀၀/၂၀၀ဒုက္ခသည် ညနေ(၄နာရီ)
အောက်ဖေါ်ပြပါ အဖွဲ့အစည်း များသည် ၄င်းတို့၏အဖွဲ့အစည်းအသီးသီးမှ ဒုက္ခသည်များကို ပထမအစီအစဉ်အတိုင်း လုပ်ဆောင်စရာမလိုပဲ UNHCR ၏ သတင်းထုတ်ပြန်ချက်နှင့် အညီ ဒုတိယအစီအစဉ်အဖြစ် လုပ်ဆောင်သွားရပေလိမ့်မည်။ ၄င်းတို့မှာ
BMC/ RSM/ ERCA/ STROM/ NLD/ ALD/ ZAM/ ZIM/ FALAM AGAPE/ ARAKAN
ကျွုနိုပ်တို့ UNHCRမှရရှိသော များပြားလှသည့် သတင်းမေးမြန်းချက်များကြောင့် အထက်ဖေါ်ပြပါ အစီအစဉ် ၂ရပ်လုံးနှင့် သက်ဆိုင်သော ဒုက္ခသည်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစု အခြေပြု သည့် လူ့အဖွဲ့အစည်းများ ပါတီအဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများနှင့် မသက်ဆိုင်သည့် UNHCR
အသိအမှတ်ပြု ဒုက္ခသည် စာရွက်နှင့် ကဒ်ကိုင်ဆောင်သူအား ထပ်လောင်းကြေငြာမည့် အစီအစဉ်ကို စောင့်ဆိုင်းကြပါရန် ။
မည်သို့ပင်ဖြစ်စေ မလေးရှားနိုင်ငံရောက် ဒုက္ခသည် အားလုံးသည် UNHCR မလေးရှားနှင့်မလေးရှားလ၀က / အစိုးရ တို၏အစီအစဉ်အတိုင်း မဖြစ်မနေ လုပ်ဆောင်သွားရမည်ဖြစ်သည်။
မှတ်ချက်။ ညှိနိုင်းပူးပေါင်းဆောင်ရွက်မူ့ 6P- အစီအဉ်အရ UNHCR သည် UNHCR အပိုင်း အတွက်သာ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး မလေးရှားလ၀ကမှလည်း လ၀က စည်းမျဉ်းစည်းကမ်း ဥပဒေ သတ်မှတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကျွန်တော်တို့ ထင်မြင်သုံးသပ်မိကြောင်း လွင်ပြင်ဝိုင်းတော်သားများမှ တင်ပြအပ်ပြပါသည်။

0 comments:

Post a Comment