Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဆုံးရုံးတော့မည့် မြန်မာ့ သယံဇာတများ 26/08/2011

ဧရာမ မြစ်ကြီးတစ်စင်း ဟု မြန်မာ့သမိုင်းတွင် တင်စားခေါ်ဝေါ်ခဲ့သည့် ဧရာဝတီ မြစ်ကြီး အစ၏
ကမ်းနဖူးဖေါ်တွင် တည်ရှိသည့် မြစ်ကြီးနားမြို့သည် စိမ်းလန်းစိုပြည်သော မြို့ကြီးတစ်မြို့ဖြစ်ပါသည်၊ လူနေကျဲပါးပြီး ကချင်ရိုးရာ ခြေတန်ရှည် အိမ်လေးများပေါ်တွင် နေထိုင်ကြပြီး အေးအေး လူလူနှင့် သက်တောင့် သက်သာ လူနေမူ့ ဘ၀ပုံစံ မြို့ကြီး တစ်မြို့လဲဖြစ်ပါသည်၊ လမ်းဘေးဝဲယား တစ်ဘက်တစ်ချက်မှ ကြည့်မည်ဆိုလျှင် ဆင်စီး၍ ပျော်ရွှင်နေကြသော ကလေးငယ်များ ဗုဒ္ဒဘာသသာ ဘုန်းကြီးကျောင်းများ ကို တွေ့မြင်ရမည်ဖြစ်ပြီး အဝေးတနေရာမှ လာသော ဧည့်သည်များအတွက် လည်း ထူးဆန်းသည့်  ကမ္ဘာသစ်ကြီး တစ်ခု ဆီသို့ ရောက်နေသလို ခံစားရပေလိမ့်မည်၊
မြစ်ကြီးနားမြို့မှ (၂၈မိုင်) လေးဖာလုံး ဝေးကွာသော တံဖဲရွာ အလွန် မြစ်ဆုံ( မေခ/ မလိခ
တို့ပေါင်းဆုံရာ ) မြစ်ဆုံအထက် ကီလိုမီတာ (၄၀) အကွာ တွင် ပထမဦးဆုံးသော မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းဖြစ်သည့် ကီလိုဝပ် (၆သန်း) ထုတ်ပေးနိုင်သည့် ရေအားလျှပ်စစ်စီမံကိန်းကို စတင်တည်ဆောက်နေပြီ ဖြစ်ပါသည်။
၎င်း စီမံကိန်းနှင့် အတူ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စပ် ကုမ္မဏီသည်လည်း ပထမဦးဆုံး စီးပွားရေး ဈေးကွက်ထဲသို့ရောက်ရှိလာသည့် ရေအားလျှပ်စစ် ကုမ္မဏီဖြစ်သည်၊
မိုးနဲ့အပြိုင် …..
မေလ(၁၄)ရက် မိုးလယ်ကာလ မိုးတဖွဲဖွဲ အဆက်မပြတ် ရွာသွန်းနေချိန် …. တရုတ် (ယုတ်)လုပ်သား (၇၀၀) ထက်မနည်းသော လုပ်သားများသည် မိုးနဲ့အပြိုင်အံတုကာ မြစ်ဆုံ၏ စီမံကိန်းတစိတ်တဒေသဖြစ်သော တာတမံဘောင်ရိုးဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တိုက်ပွဲဝင်ရင်း
၎င်းအပြင် တောင်ကုန်းတည်ဆောက်ရေး တာတမံခုနှစ်ခုနှင့် ကန်ဘောင်ရိုးရှစ်ခုစီမံကိန်းကို တရုတ်ယွန်ငွေ-၅.၅ ထရီလျံအကုန်အကျခံကာ တည်ဆောက်နေပြီဖြစ်ပါသည်။
တည်ဆောက်ရေးလုပ်ငန်းခွင်နှင့်အတူ
အပူချိန်၄၂ဒီဂရီအောက် ကြမ်းတမ်းသောလုပ်ငန်းခွင်ဖြစ်သည့်ရေထိန်းချုပ်တံကားတောင်ကုန်း စီမံကိန်း အတွက်
ဧရာမစက်ကြီးများဖြင့် မြေကော် မြေတူး စက်ကြီးများ ခေါက်တုန့်ခေါက်ပြန်သွားလာနိုင်ရန်အတွက် လယ်မြေဧကပေါင်း ၅၃၅ ဧကကိုလည်း ဖယ်ရှားပြီးဖြစ်ပါသည်။ တရုတ်ပြည်အထင်ကရ TEREX တန် ၃၀ထရပ်ကားကြီးများဖြင့် နေ့ရောညပါ စီမံကိန်းလုပ်ငန်းခွင်အတွက် ဆောင်ရွက်နေရနေသည်။
အကျိုးဖြစ်ထွန်းမည်..
ယခုအချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် အဝေးပြေးလမ်းတလျှောက်လည်း ညာဘက်တာဘောင်ရိုးမှာ လုံးဝပြီးစီးသွားပြီး ကီလိုမီတာ ၄.၃ကျယ်ဝန်းကာ ခုနှစ်ကီလိုမီတာမြေသားထုဖြင့် အောက်ခံထားပြီး တံတား (၄)စင်းကို ဆက်သွယ်ရန် တည်ဆောက်ထားသော လုပ်ငန်းခွင်ဖြစ်သည်။ ယင်းတည်ဆောက်ရေးစီမံကိန်း မြေတူးကျောက်သယ်
လုပ်ငန်းခွင်အဆင့်ဆင့်တွင် လုပ်ငန်းခွင်ခေါင်းဆောင်များအား ပထမဦးဆုံးသော မြို့ပြတည်ဆောက်ရေးဆု ချီးမြင့်ခံခဲ့ရပါသည်။
ထိန်းချုပ်ကွပ်ကဲခြင်း..
မြို့ပြလမ်းတံတားများစီမံကိန်းအမှတ်(၁)၏ ကွပ်ကဲမှုအောက်တွင် ကုမ္ပဏီစီမံကိန်းများကို တနှစ်တာ ရာထားသတ်မှတ်၍ ကြည့်ကြပ်ဆောင်ရွက်နေပါသည်။စက်ယန္တရားကြီးများ၏အကူအညီဖြင့် ပြီးပြတ်အောင် ဆောင်ရွက်နေပါသည်။
လုပ်ငန်းခွင်ပျော်ရွင်မှုနဲ့အတူ..
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွင် များသောအားဖြင့် တက်ကြွသောတရုတ်အင်ဂျင်နီယာ
လူငယ်များကို လုပ်ငန်းခွင်ပျော်ရွင်မှုနဲ့အတူဆိုသည့် ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးထားသည်ကို
တွေ့ရပေသည်။ ၎င်းတို့မှာ လုပ်ငန်းခွင်ဧရိယာအတွင်း လုပ်ငန်းစဉ်အလိုက် ဘုတ်အဖွဲ့များ ဖွဲ့စည်း၍
ယူနီဖောင်းအရောင်သတ်မှတ်ခြင်း ၀တ်ဆင်ခြင်း လုပ်ငန်းခွင်အနားပေးခြင်း လုပ်ငန်းခွင်ပြင်ပနားနေချိန်တွင် မြန်မာတိုင်းရင်းသူပျိုဖြူလေးများ၏ အက အလှ အယုအယ အဖော် အချွတ်များဖြင့် လုပ်ငန်းခွင်တွင် ပိုမိုထိရောက်စေရန် ဦးသိန်းစိန်အစိုးရမှ ၎င်းတို့ကို စေတနာအရင်းခံ၍ အထူးအဖျော်အဖြေတို့ဖြင့် စီမံပေးထားသည်ကို တွေ့မြင်ရပေသည်။

န အ ဖ စစ်အုပ်စုသည် …..
မြန်မာ့သဘာဝအလှ သယံဇာတကိုပါမကျန် မြန်မာလူမျိုး မြန်မာတိုင်းရင်းသာ အမျိုးသမီးတို့ရဲ့ ဘ၀ကိုပါ ဖျက်ဆီးပြီး တိုင်းသူပြည်သားများ၏ မျက်နှာကို မထောက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်ဓာတ်ကို မျက်ကွယ်ပြုကာ တိုင်းတပါးသား တရုတ် (ယုတ်) ပေါက်ဖော် များ၏ လက်ထဲကို သဒ္ဒါတရားရက်ရောစွာ ပေးကမ်း၍ တိုင်းပြည်နှင့် လူမျိုးအပေါ်မှာ သစ္စာဖေါက် နေသော န အ ဖ စစ်အုပ်စုလုပ်ရပ်ကို အများပြည်သူအားလုံး သိရှိစေရန်

0 comments:

Post a Comment