Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

တို့တိုင်းပြည်-ဆရာဇော်ဂျီ

ထလော့ မြန်မာ အိုမြန်မာတို့၊ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်၊စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်၊ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်၊အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား၊လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍၊ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့၊ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်၊ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ များလဲများ၏ ၊များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်၊မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

0 comments:

Post a Comment