နေ့ လည်ခင်းက ခါးခါးသီးသီးမွန်းတည့် မော့ ကြည့် နေတဲ့ ကိုယ့် အရိပ်ကို
ငုံ့ ကြည့် ရင်းကိုယ်ကတက်နင်းမိ
ရုပ်လုံးကြွလာတဲ့  လှောင်အိမ်ထဲက မျက်ဝန်းတစ်စုံ
ရင်ခုန်နေတာလား ရင်တုန်နေတာလား
ကြာပြီဆိုတာ
နာရီနဲ့ တင်မဟုတ်ပဲ
ခံစားချက်အတိမ်အနက်နဲ့ ပါ သတ်မှတ်ရတာမျိုးလေ
အိပ်ကပ်ထဲ နှိုက်လိုက်တိုင်း တစ်မျိုးမဟုတ်တစ်မျိုးထွက်လာတတ်တဲ့ 
ပဉ္စလက်အပြုံး မခိုးမခန့် နဲ့ 
"သုံး" ပြီးရင် "လေး" ကိုဆက်ဖို့ 
ဘာမှဖြစ်မလာခဲ့ တဲ့ 
"တစ်"နဲ့  "နှစ်" ကိုမေ့ ပစ်ဖို့ 
ကိုယ့် ဖာသာ အကြောင်းပြချက်ကခိုင်လုံ
"ပုထုဇဉ်" တဲ့ - ခုံမင်စရာမကောင်းဘူးလား
ဖော့ တုံးလို အစုပ်အမြိုများခဲ့ 
မြေအိုးလို အစိမ့် အယို များခဲ့ 
နွံမှာပျော်တာ ကျွဲ သတ္တ၀ါမှမဟုတ်ဘူးလေ
အစွမ်းကုန် လို့ ပြောမိခဲ့ တာ
အကုန်မစွမ်းနိုင်တော့ ကြောင်း ၀န်ခံချက်ပါ
ဆင်ဖမ်းဖို့  ခါးတောင်းမြှောင်အောင်ကျိုက် ထွက်ခဲ့ ပြီးမှတော့ 
လမ်းဘေးပလက်ဖောင်းပေါ်က
ဆင်မြီးလက်စွပ်လေး တစ်ကွင်းဝယ်ပြီးပြန်ကြတော့ မှာလား ။ ။

0 comments:
Post a Comment