အခုအချိန် မှာ တခြားဘာမှ လုပ်ခွင့်မရဘဲ အချိန်တွေ အများကြီးပိုနေတဲ့ သူတို့ (ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံး) အတွက် စိတ်ထွက်ပေါက်ဖြစ်တဲ့ စာဖတ်ခြင်း နဲ့ တရားအားထုတ်ခြင်း လုပ်ရပ်တွေကို အထောက်အပံ့ဖြစ်စေမဲ့ ကောင်းနိုးရာရာ စာအုပ်များနဲ့ သူတို့လိုချင်တဲ့ စာအုပ်တွေပေးပို့ ပေးနေပါတယ်။ ကျမတို့ရဲ့ စေတနာက သူတို့ရဲ့ ပိုနေတဲ့ အချိန်တွေမှာ သူတို့ အတွက် အကျိုးများမဲ့ စာအုပ်တွေ ဖတ်ခွင့်ရစေချင်တာရယ်၊ ဗုဒ္ဓဘာသာဝင်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်လမ်းပေါ် လျှောက်လှမ်းဖြစ်လာစေချင်တာပါ။ ပြီးတော့ ကျမတို့ သူတို့ကို မမေ့ဘူး၊ သတိရနေတယ် ဆိုတာလေးပါ။ ( ဆရာ Dr စိုးလွင်(မန္တလေး) ရဲ့ သင်ကြားပေးမှုကြောင့် ကျမ ပညတ် နဲ့ ပရမတ်၊ သမုတိသစ္စာနယ် နဲ့ ပရမတ္ထသစ္စာနယ် တို့ ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား နားလည်သဘောပေါက်ခွင့်ရသလို သူတို့ကိုလည်းသိစေချင်တဲ့ စေတနာလည်းပါပါတယ်။) (see more ကိုဘဲ click မလုပ်ဘဲ "စေတနာကို အခြေပြု၍..." ကို click လုပ်ရင် သူတို့ ရဲ့ စာလေးတွေကိုပါ ဖတ်လို့ရပါလိမ့်မယ်။ ကျမတို့လည်း သူတို့ဆီ စာပြန်ဖြစ်ပါတယ်။)

0 comments:
Post a Comment