စစ်တပ်ထိပ်တန်းအရာရှိကြီးများဖြစ်ကြသည့်ဗိုလ်ချုပ်တင်ငွေနှင့် ဗိုလ်မှူးချုပ် ထွန်းသန်းတို့နှစ်ဦး ရာထူးမှ အငြိမ်းစားပေးခံလိုက်ရခြင်းသည်ရန်ကုန်မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းနှင့်လက်ရှိရန်ကုန်မြို
့တော်ဝန်ဦးလှမြင့်တို့အကြားအာဏာပြိုင်ဆိုင်မှုအပေါ်အခြေခံကြောင်းစစ်တပ်အသိုင်းအဝန်းတွင်ပြောဆိုေ နကြသည်။

ယမန်နှစ်အောက်တိုဘာလကရန်ကုန်မြို့တွင်ကျင်းပသောမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း နှစ်ပတ် လည်အစည်းအဝေးသို့တက်ရောက်သည့်ဗိုလ်ချုပ်တင်ငွေနှင့်ဗိုလ်မှူးချုပ်ထွန်းသန်း
လက်ရှိရန်ကုန်မြို့တော်ဝန်သံအမတ်ကြီးဟောင်းဗိုလ်မှူးချုပ်ဟောင်းဦးလှမြင့်က မြို့တော်ဝန်အဖြစ် စတင်အာဏလွှဲယူချိန်တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာရင်းဇယားများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအားစစ်ဆေးခဲ့ကြောင်း၊ထိုသို့စစ်ဆေးခဲ့ရာတွင် စာရင်းကွာဟမှု များနှင့်နိုင်ငံတော်ပိုင်မြေကွက်များကိုအာဏာအလွဲသုံးစားပြု၍ ရောင်းစားခဲ့သည်များကို စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ယင်းကြောင့်မြို့တော်ဝန် ဦးလှမြင့်ကရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေထံအကြောင်းကြား ခဲ့ပြီးစစ်ဆေးမှုများပြုလုပ်ရန်တင်ပြခဲ့ကြောင်း သိရသည်။
အထက်ပါအမှုများကိုစတင်စစ်ဆေးပြီးနောက်ပထမဦးဆုံးအဖြစ်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီအတွင်းရေးမှူးဗိုလ်မှူးကြီးဟောင်းဦးအောင်သန်းဝင်းကိုရာထူးမှအနားပေးလိုက်ပြီးအဆိုပါမသမာမှု များတွင်ဗိုလ်ချုပ်တင်ငွေနှင့်ဗိုလ်မှူးချုပ်ထွန်းသန်းတို့လည်း ပါဝင်ပတ်သက်နေ သည်ကိုစစ်ဆေးတွေ့ရှိခဲ့ သဖြင့်ဦးမြင့်ဆွေကသမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်ထံတင်ပြရာဇွန်လတွင်ဗိုလ်မှူးချုပ်ထွန်းသန်း၊ ဇူလိုင်လတွင်ဗိုလ်ချုပ်တင်ငွေတို့အသီးသီးရာထူးမှအနားပေးခံ ခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာသတင်းရပ် ကွက်နှင့် နီးစပ်သူတဦးက ပြောသည်။
“မြို့တော်ဝန်သစ်ကဦးအောင်သိန်းလင်းလက်ထက်ကငွေအလွဲသုံးစားမှုတွေစစ်ရင်းနဲ့တနွယ်ငင် တစင်ပါဆိုသလိုဗိုလ်ချုပ်တင်ငွေနဲ့ဗိုလ်မှူးချုပ်ထွန်းသန်းတို့ပါပတ်သက်နေတယ်ဆိုတာကို ထပ်တွေ့ တယ်။အဲဒီမှာဦးမြင့်ဆွေကလည်း ဒီပြဿနာကို သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီ တင်တယ်” ဟု သူက ဆိုသည်။
ယင်းအမှု၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်သည် မြေယာဌာနမှူး အပါအ၀င် အရေးပါသော ဌာနမှူးနေရာ အများအပြားကို အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး တချို့စည်ပင်ဌာန မှူးများကိုရာထူးမှ အနားပေးခဲ့သည်ဟု သိရသည်။
အမှတ်၅ကစထမှူးဗိုလ်ချုပ်တင်ငွေနှင့် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းတို့သည် စည်ပင် ပိုင်မြေ ကွက်၄၀ထက်မနည်းရောင်းချသောအမှုများတွင်ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ရောင်းချခဲ့သောမြေကွက်များအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် ပြန်လည်သိမ်းယူ ခဲ့ကြောင်းစစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဆိုသည်။
ထို့အပြင်ဗိုလ်ချုပ်တင်ငွေသည်အလယ်ပိုင်းတိုင်းမှူးအဖြစ်တာဝန်ယူစဉ်ကကျပ်သိန်း ထောင်ချီတန်သည့် မြေကွက်များအားရောင်းစားခဲ့သည်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရပြီး ဗိုလ်မှူးချုပ်ထွန်းသန်းသည်လည်း စစ်တပ်ရန်ပုံငွေများကိုအလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ရာထူးမရှိတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တွင် ရန်ကုန်တိုင်း တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်နေသော တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို ခေါ်ယူစစ်ဆေးမှုတချို့ ရှိခဲ့သော်လည်း တစုံတရာ အရေးယူခဲ့ခြင်း မရှိပေ။
ဦးအောင်သိန်းလင်းသည် ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော သူ၏တပည့် ဦးအောင်သန်းဝင်းကို ကြံ့ဖွံ့ပါတီ၏စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ရန်ပါတီတွင်ရာထူးတနေရာပေးပြီး ပြန်လည် ခေါ်ယူခဲ့သည်။
ယခုအခါ ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဗိုလ်မှူးချုပ်ဆန်းဦးသည် ဒုတိယ ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေ၏ သားတပည့်တဦး ဖြစ်သည်ဟု သိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မြင့်စိုး၊ ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဗိုလ်ချုပ်ကျော်ဖြိုး၊ ဗိုလ်မှူးချုပ်သန်းထွန်းဦး၊ ဗိုလ်မှူးချုပ်ခင်မောင်ဌေးတို့ကိုလည်း အာဏာအလွဲသုံးစားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ ခေါ်ယူစစ်ဆေးလျက်ပြီး စစ်တပ်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့ ထပ်မံ အနားပေးခံရဖွယ် ရှိကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တွင် ပြောဆိုနေသည်။

0 comments:
Post a Comment