ဧရာဝတီအတွက် နှိုးဆော်ချက် (သို့)မြစ်ဆုံရေကာတာစီမံကိန်း
ကန့်ကွပ်ဆန္ဒပြပွဲ ဖိတ်ကြားလွှာ
ယခုအချိန်သည် ကျွန်တော်တို့တိုင်းပြည်၏ အဓိကအရေးပါလှသော ဧရာဝတီ မြစ်ကြီးတွင်ကြီးမားလှသော အန္တရာယ်များကျရောက်နေရချိန်ဖြစ်ပါသည်။
တရုပ်နိုင်ငံအစိုးရနှင့်သဘောတူလုပ်ဆောင်နေသော မြစ်ဆုံရေကာတာစီမံကိန်း
ကိုလူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ပညာရှင်များအပါအဝင် ပြည်သူလူ ထုအားလုံးကတညီတညွတ်တည်းကန့်ကွပ်နေကြသည်ကိုကိုယ်ကျိုးရှာအာဏရှင်တစုက လားလားမှအမှု့မထားပဲ
“ဘယ်သူတွေတားတားဆက်လုပ်မယ်”
ဟု ရိုင်းစိုင်းရမ်းကား စွာပြောဆိုကာဆက်လက်ဖော်ဆောက်နေကြပါသည်။
၎င်းစီမံ့ကိန်းသည်.........
တရုပ်အစိုးရအကျိုး အတွက် သက်သက်သာဖြစ်ပြီး တရုပ်တို့၏စီးပွားရေးဂရိတ်ဝေါ
နယ်ချဲ့တည်ထောင် မှု့တခုဖြစ်သည့််အတွက် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားအာလုံး
ကိုယ်စီတာဝန်ကျေရတော့မည်ဖြစ်သည်။
သို့ဖြစ်၍ မလေးရှားနိုင်ငံရှိကျွန်တော်တို့မြန်မာနိုင်ငံသားများက တိုင်းပြည်အတွက်
အန္တရာယ်ကြီးလာသောမြစ်ဆုံရေကာတာစီမံကိန်းကို အောက်ပါအစီအစဉ်အတိုင်း
ကန့်ကွက် ဆန္ဒပြကြမည်ဖြစ်ပါသည်။
“သူ့ နိုင်ငံသား၊သံမှုန့်စားမှ၊ဒို့ဓါးတုံးမည် ဧရာဝတီ”
အချိန်။။။ ။။။ ၁၀း၃၀ နာရီ
နေရက်။။ ။။။ ၂၂.၉.၂၀၁၁၊(ကြာသာပတေးနေ့)
နေရာ။။ ။။။ အမ်ပန်းပတ် (မြန်မာသံရုံးအနီး)
ဆက်သွယ်ရန်။။။။။။ ။။။။ ၀၃-၈၀၅၁ ၂၉၇၆၊၀၁၆-၃၅၂၆ ၇၂၉၊၀၁၇-၂၀၇၁ ၃၅၃၊
ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ။။။။။
NLD၊KNO၊ZNC၊ALD၊MOE၊KYOE Media
ဆန္ဒပြသူများ ဖိတ်ခေါ်ပါသည်။...နန္ဒထွန်း..၉၆(ဗကသ)

0 comments:
Post a Comment