Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မြစ်ဆုံစီမံကိန်း​ကို ပြန်စဉ်း​စား​ဖို့​ ​ဒေါက်တာ ဦး​မြင့်​ တိုက်တွန်း

မြစ်ဆုံ​ ရေကာတာစီမံကိန်း​ကို လွတ်လပ်တဲ့​စုံစမ်း​မှု​တွေလုပ်ပြီး​မှ ဆက်လုပ်သင့်​မသင့်​ စဉ်း​စား​သင့်​တယ်လို့​ သမ္မတ စီး​ပွား​ရေး​ အကြံ​ပေး​အဖွဲ့​ခေါင်း​ဆောင် ​ဒေါက်တာ ဦး​မြင့်​က တိုက်တွန်း​လိုက်ပါတယ်။
ဒေါက်တာဦးမြင့်နှင့် ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါ ဇော်ဂမ် တွေ့ဆုံစဉ်
“မြစ်ဆုံစီမံကိန်း ​ကြောင့်​ ဖြစ်လာနိုင်တဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ သက်​ရောက်မှု​တွေကို ဘက်မလိုက်ဘဲ၊​ လွတ်လပ်တဲ့​ ​လေ့​လာသုံး​သပ်မှု​တွေ ပြုလုပ်သင်တယ်လို့​ ပညာရှင် တ​ယောက်အ​နေနဲ့​ ကျ​နော် အ​လေး​အနက်ခံယူပါတယ်” လို့​ ဒီဗွီဘီက လက်ခံရရှိတဲ့​ ဦး​မြင့်​ရဲ့​ စာမှာ ​ဖော်ပြထား​ပါတယ်။
လွန်ခဲ့​တဲ့​ တနှစ်​ကျော်က မြစ်ကြီး​နား​မြို့​မှာ သူကိုယ်တိုင်က ​လေး​စား​ရတဲ့​ ကချင်​ခေါင်း​ဆောင် ဟိုဝါး​ဒူဝါ​ဇော်ဂမ်နဲ့​ ​တွေ့​ဆုံစဉ်မှာ ဒူဝါကြီး​က မြစ်ဆုံ​ရေကာတာဟာ ချိန်ကိုက်ဗုံး​တလုံး​လို ဖြစ်​နေတယ်လို့​ ​ဆွေး​နွေး​ခဲ့​တာကို ဦး​မြင့်​ရဲ့​ မှတ်ချက်နဲ့​တကွ ပူး​တွဲ ​ဖော်ပြထား​ပါတယ်။
ပင်လုံစာချုပ်လက်မှတ်ထိုး ​ဖို့​ကိစ္စမှာ ဦး​ဆောင်ခဲ့​တဲ့​ ကချင်​ခေါင်း​ဆောင် Howa Duwa M.Hkun Hpung ရဲ့​ သား​၊​ ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ်ရဲ့​ ​ဆွေး​နွေး​ချက်ဖြစ်တဲ့​ “ဒီ​ရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ်ထင်တယ်။ ပထမရည်ရွယ်ချက်က ​ရေအား​လျှပ် စစ်ရဖို့​၊​ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကိုကြိုး​ကိုင်ဖို့​၊​ လုံခြုံ​ရေး​ထိမ်း​ချုပ်ဖို့​ ​ရေကာတာကို ဗုံး​တလုံး​ထောင်ထား​သလို လုပ်ထား​တာ။ ဒါ​ကြောင့်​ ကိုယ့်​ပြည်သူ​တွေ​သေမှာကို ​ကြောက်တဲ့​ ​ခေါင်း​ဆောင်​တွေက သူတို့​(တရုတ်) ဘာပဲ​ပြော​ပြော နား​ထောင်ရ​တော့​မှာပဲ။ ကိုယ့်​ပြည်သူ​တွေ သန်း​ချီ​သေမယ့်​ကိစ္စ ဖြစ်သွား​ပြီ။ စဉ်း​စား​စရာ​တွေ တသီတတန်း​ကြီး​ ဖြစ်သွား​ပြီ။ ဒါ​ကြောင့်​ ​တော်​တော်​ကြောက်တယ်” ဆိုတာကိုလည်း​ ဦး​မြင့်​ရဲ့​ သ​ဘောထား​မှတ်ချက်နဲ့​တကွ စာထဲမှာ​ဖော်ပြထား​ပါတယ်။
ဦး​မြင့်​က မြစ်ဆုံ​ရေကာတာကိစ္စ အ​ရေး​တကြီး​ ​ဆွေး​နွေး​နေကြတဲ့​ အခုလိုအချိန်မှာ သူ့​အ​နေနဲ့​ ဒူဝါရဲ့​ ​ဆွေး​နွေး​ချက်နဲ့​ ခံစား​ချက်​တွေကို ပြည်တွင်း​ပြည်ပက မြန်မာ​တွေအား​လုံး​ကို မျှ​ဝေသင့်​တယ်လို့​ ယူဆလို့​ ပြန်လည် ​ဖော်ထုတ်ရတာဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။
ဦး​မြင့်​က “မြစ်ဆုံစီမံကိန်း​ဟာ ဧရာဝတီမြစ်​ကြောင်း​တ​လျှောက်လုံး​မှာ အကျိုး​သက်​ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့်​ မဲ​ခေါင်မြစ်​ကော်မရှင် (Mekong River Commission) အဖွဲ့​လို ဂုဏ်သိက္ခာနှင့်​ ကျွမ်း​ကျင်မှုရှိတဲ့​ ​လေး​စား​လောက်တဲ့​ အဖွဲ့​ရဲ့​ စုံစမ်း​မှုမျိုး​လိုတယ်၊​ ဒီလိုစုံစမ်း​မှု​တွေလုပ်ပြီး​၊​ အဘက်ဘက်က စိုး​ရိမ်မှု​တွေကို ​သေချာသုံး​သပ်ပြီး​တော့​မှ စီမံကိန်း​ကို ဆက်လုပ်သင့်​မလုပ်သင့်​ စဉ်း​စား​သင့်​တယ်”လို့​ ပြန်လည်​ဆွေး​နွေး​ခဲ့​တယ်လို့​ ဆိုပါတယ်။
မဲ​ခေါင်မြစ်​ ကော်မရှင်ကို ၁၉၉၅ ခုနှစ်တုန်း​က မြစ်​ခေါင်မြစ်ဝှမ်း​ဒေသက မြစ်​ကြောင်း​ထိန်း​သိမ်း​ရေး​ ​စောင့်​ရှောက်ဖို့​ ရည်ရွယ်ပြီး​၊​ က​မ္ဘောဒီယား​၊​ လာအို၊​ ထိုင်း​၊​ ဗီယက်နမ်တို့​နဲ့​ ဖွဲ့​စည်း​ထား​တဲ့​အဖွဲ့​ ဖြစ်ပါတယ်။
လွန်ခဲ့​တဲ့​ တနှစ်​ကျော်က ဒူဝါ​ဇော်ဂမ်နဲ့​ ​ဆွေး​နွေး​ခဲ့​စဉ်က ယုံကြည်ချက်အတိုင်း​ပဲ အခုလည်း​ လက်ခံယုံကြည်တဲ့​အ​လျောက် သူ့​အမြင်နဲ့​ အကြံပြုချက်ကို သမ္မတရဲ့​ စီး​ပွား​ရေး​ အကြံ​ပေး​ခေါင်း​ဆောင် အ​နေနဲ့​ အစိုး​ရ အဆင့်​မြင့်​အရာရှိ​တွေကို တင်ပြထား​ပြီလို့​လည်း​ ဦး​မြင့်​က ဆိုပါတယ်။
မြစ်ဆုံ​ ရေကာတာကို မ​ဆောက်ဘဲနဲ့​ မြစ်ညာပိုင်း​မှာ ​ရေကာတာငယ်​လေး​ ၂ ခု ​ဆောက်ပြီး​ တူညီတဲ့​ ​ရေအား​လျှပ်စစ် ထုတ်လုပ်နိုင်မယ်ဆိုရင် စီး​ပွား​ရေး​အကျိုး​ကျေး​ဇူး​က တူညီပြီး​​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ နိုင်ငံ​ရေး​နယ်ပယ်နဲ့​ လူ​တွေရဲ့​ ခံစား​မှု​တွေကို ထိခိုက်မှု နည်း​ပါး​နိုင်လို့​ ဒီကိစ္စကို စဉ်း​စား​သင့်​တယ်လို့​ ဦး​မြင့်​က အကြံပြုထား​ပါတယ်။
ဧရာဝတီမြစ် ပျက်စီး​မှာကို စိုး​ရိမ်တဲ့​ ပညာရှင်​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ လှုပ်ရှား​သူ​တွေက ကန့်​ကွက်​နေကြ​ပေမယ့်​ အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​ဇော်မင်း​က ဒီစီမံကိန်း​ကို ဘယ်လိုကန့်​ကွက်မှု​တွေပဲ ရှိရှိ မဖြစ်မ​နေ လုပ်မယ်လို့​ ​ပြောခဲ့​ပါတယ်။
ဒါ့​အပြင် စက်မှုဖွံ့​ဖြိုး​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ ဒုတိယဗိုလ်ချုပ်ကြီး​သိန်း​ဌေး​ကလည်း​ မြစ်ဆုံစီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ ၁၈,၀၀၀ ထွက်ရှိမယ်၊​ မြစ်​ရေရဲ့​ ၇ ရာခိုင်နှုန်း​ကိုပဲ သုံး​မှာဖြစ်လို့​ စနစ်တကျတွက်ချက်ပြီး​မှ ​ဆောင်ရွက်တာလို့​ ကြာသပ​တေး​နေ့​က ပြည်သူ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ထပ်မံ ​ပြောကြား​သွား​ပါတယ်။
ဧရာဝတီမြစ်ဖျား ​ မြစ်ဆုံစီမံကိန်း​ကို မြန်မာအစိုး​ရက တရုတ်အစိုး​ရရဲ့​ အကူအညီနဲ့​ လုပ်​နေတာဖြစ်ပြီး​ ဒီကထွက်တဲ့​ လျှပ်စစ်ဓာတ်အား​ ၉၀ ရာခိုင်နှုန်း​ကို တရုတ်နိုင်ငံကို ​ရောင်း​ချမှာ ဖြစ်ပါတယ်။
——————————————————————————————————–
(​ဒေါက်တာဦး​မြင့်​နှင့်​တွေ့​​ဆုံစဉ် ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ်၏ ​ဆွေး​နွေး​ချက်များ​)
နေ့​စွဲ – ၂၂ ရက် ဇူလိုင်လ ၂၀၁၀​ ခု
ကြာသပ​တေး​နေ့​​၊​​ နံနက်ပိုင်း​ ​​၉း​၁၅
Howa Duma Zau Gam ​နေအိမ်
မြစ်ကြီး​နား​မြို့​၊​​ ကချင်ပြည်နယ်
ပင်လုံစာချုပ်အတွက်ဦး ​ဆောင်ခဲ့​သူ ကချင်​ခေါင်း​ဆောင် Howa Duwa M.Hkun Hpung ၏ သား​၊​ ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ် နှင့်​ ဆရာဦး​မြင့်​တို့​တွေ့​ဆုံစဉ်က မြစ်ဆုံ​ရေကာတာ စီမံကိန်း​နှင့်​ ပတ်သက်၍ Duwa Zau Gam ၏အမြင်နှင့်​ ​ပြောဆိုချက်။
၁၉၈၇ တုန်း​ကအလုပ်လုပ်​နေတုန်း​ညဖက်မှာအသံ​တွေကြား​တော့​ ဘာမှန်း​လဲမသိ ထွက် ​ပြေး​မယ်လုပ်ပြီး​အပြင်ကိုကြည့်​လိုက်​တော့​မှ ​ရေ​တွေနဲ့​ အတူတူ ​ညောင်ပင်ကြီး​တွေ သစ်ပင်ကြီး​တွေ ​မျှော်ပါလာတာ​တွေ့​ရတယ်။ နား​လုံလယ် တပြင်လုံး​လည်း​၊​ သဲကန္တာရလို သဲ​တွေဖုံး​ကျန်ခဲ့​ပြီး​တော့​ ​တော်​တော်နဲ့​ ပြန်ပြီး​စိုက်ပျိုး​စား​လို့​ မရ​တော့​ဘူး​။ ဗန်း​မော်၊​ စိန်လုံဖက်မှာလည်း​ ​တောင်ကြီး​တွေ ​မြေပြိုကျပြီး​ ​ရေ​တွေသစ်ပင်​တွေ ​မျှောပါလာတာ ကြုံ​တွေ့​ဖူး​တယ်။ “​မော်ရို” ဆိုတာ ကချင်စကား​ ၊​ ​တောင်​တွေကွဲပြီး​ပြိုကျတာကို​ပြောတာ။
၂၀၀၄ ခုနှစ် ​ရေကြီး​တုန်း​ကလဲ “ကျိန်ခရမ်” ​ရေအား​လျှပ်စစ်မှ ​ခြောက်​နေရာ​တောင် ​တောင်ကွဲပြီး​ပြိုကျတာ ​ရေတံခွန်လိုပဲ ​ရေလုံး​ကြီး​တွေ​တောင်​ပေါ်က “ဝုန်း​”ကနဲ ပြိုကျတာ၊​ သစ်ပင်ကြီး​တွေပါ ပါလာတယ်။ ဘာမှလုပ်ချိန် မရလိုက်ဘူး​။ မကြာခင်မှာပဲ “တန်ဖရဲ” ​ချောင်း​ဘေး​နား​က အိမ်​တွေ အကုန်​ရေထဲ​မျောပါသွား​ပြီ။ ဒါ​တွေကိုမြင်ဖူး​၊​ ကြုံဖူး​တော့​ ဘဝမှာဒါ​တွေဟာ မီး​မောင်း​ထိုး​ပြသလို၊​ ​ကြောက်စိတ်​တွေ၊​ ဒဏ်ရာ​တွေအဖြစ် ကျန်ခဲ့​တယ်။
ညကိုး ​နာရီ​ကျော်​ကျော်မှာ “ဘူဒိုဇာ” နဲ့​ ထိုး​ချလိုက်သလိုပဲ၊​ အသံအကျယ်ကြီး​တွေ ကြား​ရပြီး​ ဟိုဖက်နား​က ကပ်ပြီး​ ​ကျော်သွား​တယ်။ ငလျင်လှုပ်သလိုပဲ ခံစား​ရတယ်။ ကမ္ဘာကြီး​ ပျက်သွား​တဲ့​ အတိုင်း​ပဲ၊​ အဲဒီတုန်း​ကမြင်ကွင်း​နဲ့​ ခံစား​ချက်​တွေဟာ ခုထက်ထိ စိတ်ထဲမှာ ဒဏ်ရာ ဖြစ်​နေတယ်။ ​ရေဟာ​ခြေသလုံး​လောက်ပဲ၊​ ဒါ​ပေမယ့်​ ရပ်လို့​လုံး​ဝမရဘူး​။ရေစီး​က တအား​မြန်တယ်။
ရိုး​ရိုး​ရေကြီး​ရင် ​ပြေး​ချိန်ရတယ်။ တာတမံကျိုး​ကျရင် ​ပြေး​ချိန်မရဘူး​။
ဘဝမှာကြုံဖူး ​တော့​ ဒါ​တွေကို​တွေး​ရင်​တောင် ​ကြောက်တယ်။ ဒီတမံကြီး​ မကျိုး​ဘူး​လို့​ ဘယ်သူက အာမခံနိုင်မှာလဲ? တရုပ်​ခေါင်း​ဆောင်​တွေလား​? ဗမာ​ခေါင်း​ဆောင်​တွေလား​? ​နေရာတိုင်း​၊​ အလုပ်တိုင်း​မှာ အကျိုး​နဲ့​အပြစ် ဆိုတာ ရှိပါတယ်။ ဆိုး​ကျိုး​၊​ကောင်း​ကျိုး​တွေ​ပေါ့​။ ဒီ​ရေကာတာလုပ်လို့​ရတဲ့​ ​ကောင်း​ကျိုး​က “လျှပ်စစ်” ဘယ်သူရမှာလဲ? သူတို့​ယူသွား​မှာ၊​ ဆိုး​ကျိုး​ ဖြစ်လာရင် ဘယ်သူ​တွေ​ ခံရမှာလဲ?
ငွေရှိလို့ ​ ပြန်လည်ထူ​ထောင်နိုင်တယ်ဆိုရင်​တောင် အိုး​အိမ်​တွေပဲ ပြန်​ဆောက်လို့​ရမယ်။ စိတ်မှာဖြစ်သွား​တဲ့​ စိတ်ဒုက္ခ၊​ စိတ်ဒဏ်ရာ​တွေက ​တော်​တော်နဲ့​ ပြန်ထူ​ထောင်ဖို့​ မလွယ်ဘူး​။ သူတို့​တိုင်း​ပြည်မှာ ဒါ​တွေကြုံပြီး​ပြီ၊​ သင်ခန်း​စာ​တွေ တပုံကြီး​နဲ့​၊​ စိတ်ဓာတ်ကျ၊​ ​ကြောက်စိတ်ဝင်သွား​တဲ့​ လူ​တွေရဲ့​ ကျဆင်း​သွား​တဲ့​ စိတ်ဓာတ်ခွန်အား​၊​ လုပ်အား​ အား​လုံး​ဟာ တိုင်း​ပြည်နဲ့​ချီပြီး​ နစ်နာတယ်။ ဆိုတော့​က………နိုင်ငံ​တော်ကရမယ့်​ ဝင်​ငွေမှာ ဒီလိုမျိုး​ လူမှု​ရေး​နစ်နာနိုင်တာ​တွေကို ကာဗာဖြစ်ဖို့​ ထည့်​စဉ်း​စား​ထား​သလား​? ဒီလိုမဖြစ်​စေရပါဘူး​လို့​ ဘယ်သူက အာမခံနိုင်သလဲ၊​ ကိုယ့်​အတွက် ​ကောင်း​ကျိုး​က အလွန်ပြီး​ ဆိုး​ကျိုး​များ​နေတဲ့​ ကိစ္စကို ဗမာ၊​ ရှမ်း​၊​ ကချင်၊​ ကရင်…. အား​လုံး​ ဝိုင်း​ကန့်​ကွက်ဖို့​လိုတယ်။
ဒီက​ နေဆီး​ပြီး​ ​ရေကာတာ ပိတ်လိုက်ရင် ​တော​တောင်​တွေထဲက သယ်​ဆောင်လာတဲ့​ ​မြေဩဇာ​တွေ အား​လုံး​ ဒီ​ရေကာတာထဲမှာ ကျန်ခဲ့​မယ်။ ​အောက်ပိုင်း​ကလူ​တွေ စိုက်ပျိုး​ရေး​ စိုက်စား​၊​ ပျိုး​စား​လို့​ကောင်း​မှာ မဟုတ်တော့ဘူး​။ ဟိုး​အောက်ဆုံး​ပိုင်း​က ဧရာဝတီအထိပဲ၊​ တတိုင်း​ပြည်လုံး​ ဒုက္ခ​ရောက်မယ့်​ကိစ္စ အား​လုံး​နဲ့​​ ဆိုင်တယ်။
တရုတ်စကား ​ပုံရှိတယ် “​သေဖို့​မ​ကြောက်ဘူး​၊​ ငတ်ဖို့​(မစား​ရမှာ)ပဲ​ကြောက်တယ်။” အသက်ရှင် ​နေစဉ် ​ကောင်း​ကောင်း​စား​၊​ ဝဝစား​နေချင်တဲ့​စိတ်ဓာတ်၊​ ​နောင်အတွက် မစဉ်း​စား​ဘူး​။ ညီအကို သား​အဖစိတ်​တောင် မထား​ကြဘူး​။ ​တော်​တော်​ကြောက်ဖို့​ ​ကောင်း​တယ်။
ဒီ​ ရေကာတာကိစ္စက ရည်ရွယ်ချက်နှစ်ခုရှိတယ် ထင်တယ်။ ပထမရည်ရွယ်ချက်က ​ရေအား​လျှပ်စစ်ရဖို့​၊​ ဒုတိယရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုး​ကိုင်ဖို့​၊​ လုံခြုံ​ရေး​ထိမ်း​ချုပ်ဖို့​ ​ရေကာတာကို ဗုံး​တလုံး​ထောင်ထား​သလို လုပ်ထား​တာ။ ဒါ​ကြောင့်​ ကိုယ့်​ပြည်သူ​တွေ​သေမှာကို ​ကြောက်တဲ့​ခေါင်း​ဆောင်​တွေက သူတို့​(တရုတ်)ဘာပဲ​ပြော​ပြော နား​ထောင်ရ​တော့​မှာပဲ။ ကိုယ့်​ပြည်သူ​တွေ သန်း​ချီ​သေမယ့်​ ကိစ္စဖြစ်သွား​ပြီ။ စဉ်း​စား​စရာ​တွေ တသီတတန်း​ကြီး​ ဖြစ်သွား​ပြီ။ ဒါ​ကြောင့်​ ​တော်​တော်​ကြောက်တယ်။ ငါတို့​အကျိုး​က နည်း​ပြီး​၊​ သူတို့​အကျိုး​က များ​နေတယ်။ ဒါ​ကြောင့်​လည်း​ လက်မှတ်ထိုး​ အကြုံပြုခဲ့​တယ်။ အရင်ဆုံး​ လက်မှတ်ထိုး​ခဲ့​တယ်။ ​ခေါ်ခဲ့​ရင်လဲ​ပြောစရာ အများ​ကြီး​ရှိပါတယ်။
တတိုင်း​ပြည်လုံး​နဲ့​ဆိုင်တဲ့​ကိစ္စပါ။ အား​လုံး​ဝိုင်း​ဝန်း​တိုင်ပင် စဉ်း​စား​ဆုံး​ဖြတ်ကြပါ။
ခရစ်ယာန် သမ္မာကျမ်း​စာထဲမှာ ​ရေး​ထား​တာရှိတယ်။ “တိုင်ပင်ခြင်း​မရှိတဲ့​ အလုပ်(စီမံကိန်း​)ဟာ ပျက်စီး​ တတ်တယ်။” များ​များ​တိုင်ပင်ရင် ​အောင်မြင်နိုင်တယ်။ အား​လုံး​ ဝိုင်း​ဝန်း​တိုင်ပင်​ဆွေး​နွေး​နိုင်မှ အကျိုး​များ​များ​ ရနိုင်တယ်။ ဒါ​တွေအား​လုံး​ သူတို့​ကို သိ​စေချင်တယ်။
သဘာဝ​ဘေး​ဒဏ် (ဆည်ကျိုး​ပေါက်မယ့်​ကိစ္စ၊​ ​ရေများ​လာလို့​၊​ ငလျှင်လှုပ်လို့​……အခြား​…) သဘာဝ​ဘေး​ဒဏ်ဆိုတာ
*​ မဖြစ်နိုင်ဘူး​လို့​ပြောလို့​ မရဘူး
*​ ကြိုပြီး​တား​ထား​လို့​ မရဘူး
*​ ဖြစ်ရင်လဲတား​ဆီး​လို့​ မရ
*​ ဘယ်​လောက် အတိုင်း​အတာထိလဲဆိုတာ တွက်ချက်လို့​ မရ

0 comments:

Post a Comment