Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

နိုင်ငံခြားရောက် မြန်မာတွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေတဲ့ ကျွန်ယုံတော်ကြီး ကိုကို။

နိုင်ငံခြားရောက် မြန်မာတွေကို ဖမ်းမယ်ဆိုပြီး ပြောနေတဲ့ ကိုကို … သန်းရွှေ သိန်းစိန်က မြှောက်စားလိုက်လို့  ပြည်ထဲရေးဝန်ကြီးနေရာလေးကို ရလာတဲ့ ကိုကိုရေ .. သိပ်ပြီးတော့ သခင်အားရအောင် ဟောင်ပြမနေပါနဲ့ ။

အခု ကိုကိုက နိုင်ငံခြားကို ထွက်ခွာကြတဲ့သူတွေကို ခြိမ်းခြောက်စကားတွေ ပြောနေပါလား။ သိန်းစိန်ကတော့ အပျော့ဆွဲလေးနဲ့  ပြန်လာကြပါလို့  ပြောနေပမယ့် ကိုကိုကတော့ အကြမ်းစကားတွေ ပြောနေတယ်ဆိုတော့ အာဏာရူးအချင်းချင်းတောင် တစ်ယောက်တစ်မျိုး ပြောဆိုနေပေမယ့် ပြန်လာမယ့်သူတွေကို အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့ အတွင်းစိတ်ယုတ်မာတွေကတော့ အတူတူပါဘဲ။ အခု ကိုကိုက ပိုပြီး မောက်မာစကားပြောတာကတော့ နိုင်ငံခြားရောက် မြန်မာပြည်သူပြည်သားတွေကို အာဆီယံရဲတပ်ဖွဲ့ တွေ နိုင်ငံတကာရဲတပ်ဖွဲ့ တွေကနေ တစ်ဆင့် လိုက်တောင် ဖမ်းဦးမယ်ဆိုပါလား။ သိန်းစိန်ရဲ့ လက်ပါးစေ ကျွန်ယုံတော်ကြီး ကိုကိုရယ် .. လူ့ အခွင့်အရေးနဲ့  ပြည့်ဝပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတကာက အစိုးရတွေနဲ့  ပြည်သူတွေကိုများ ခင်ဗျားတို့ လို အာဏာရူး လူရမ်းကား တရားဥပဒေမဲ့ အဓမ္မ၀ါဒီတွေများ ထင်နေသလား။

တစ်ခုတော့ သတိပေးလိုက်ချင်ပါတယ်။ နိုင်ငံခြားရောက် မြန်မာပြည်သူပြည်သားတွေကို လိုက်ဖမ်းဖို့  ပြောနေတဲ့ ကိုကို ခင်ဗျားရဲ့  သားသမီးတွေ တူ တူမတွေ ဆွေမျိုးရင်းချာတွေ အမေရိကန်နိုင်ငံတို့  သြစတြေလျနိုင်ငံတို့  အင်္ဂလန်နိုင်ငံတို့ လို နိုင်ငံမျိုးတွေကို အရင်ကတည်းက မလိမ့်တပါတ်နဲ့  ခိုးဝင်ပြီး ရောက်ရှိကြတာ မသိဖူးများ ထင်နေပါသလား။ စင်ကာပူနိုင်ငံတို့ လို အာဆီယံနိုင်ငံတွေမှာ မသမာသော ငွေများနဲ့  ဈေးဝယ်ထွက်ထွက်နေကြတာ မတွေ့ ဖူးများ အောင်းမေ့နေပါသလား။

နိုင်ငံခြားရောက် မြန်မာတွေကို ဖမ်းရင် သန်းရွှေ သိန်းစိန်တို့  ကိုကိုတို့  အာဏာရူေးတွရဲ့  မိသားစုဝင်တွေ ဆွေမျိုးတော်စပ်သူ အရင်းအဖျားတွေကို သက်ဆိုင်ရာ နိုင်ငံတွေက ဘယ်လို ဖမ်းဆီးအရေးယူမလည်း ဒါမှ မဟုတ် ခွေးတစ်ကောင် မောင်းထုတ်ခံရသလို ဖြစ်မလည်းဆိုတာ စောင့်သာကြည့်ပါ။

0 comments:

Post a Comment