Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား”


ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား”































ဒို့ ဗမာလွတ်လပ်ရေးအတွက်
မတရားမှုကို ငုံ့ မခံတတ်တဲ့
ရန်ကုန်တက္ကသိုလ်ဆီက
အိုးဝေသံတွေကြောင့်
နေမ၀င်သခင်တွေခမျာ
အင်္ဂလန်ကို ဘင်သံနဲ့ ပြန်ပြေးခဲ့ရဘူးတယ်။

ဒါတင်မကသေးပါဘူး

လွတ်လပ်ပြီး ဗမာ့သမိုင်းတလျှောက်မှာ
ဗကသဒေါင်းဇာနည်တွေ ရဲရဲတောက်လိုက်ပုံများ
တရားမျှတခြင်းအတွက်
ပြည်သူတွေရှေ့ မားမားရပ်လို့ 
ရန်ကုန်တက္ကသိုလ်ဝင်းထဲက
ရှေ့ တန်းမှာတောင် မသုံးရသေးတဲ့
ဂျီသရီးရိုင်ဖယ်သံနဲ့ 
စစ်အာဏာရှင်စနစ် လာပြီဟေ့လို့ 
တစ်တိုင်းပြည်လုံးကို စိန်ခေါ်ခဲ့တဲ့
စစ်ဘီလူးတွေကြား
ခွပ်ဒေါင်းသွေးတွေ ရဲခဲ့ဘူးတယ်။

၇ ဇူလိုင် …..

တံတားနီအရေးအခင်း
ရှစ်လေးလုံးအရေးတော်ပုံ
၉၆ ကျောင်းသားအရေးတော်ပုံ
ရွှေဝါရောင်တော်လှန်ရေးစတဲ့
ဗမာ့သမိုင်းအလှည့်အပြောင်းတွေမှာ
“ရဲ” စိတ်တွေလက်ဆင့်ကမ်းရင်း
ဒေါင်းမျိုးဆက်တွေက
မောင်းပြန်တွေရှေ့ မှာ
ဒေါင်းအလံလွှင့်ထူရင်း
ကျည်ကာမဲ့ ဗလာရင်ဘတ်တွေနဲ့ 
ပြည့်ရင်သွေးတွေလေ
လမ်းပေါ်မှာလဲ သွေးမြေကျဘူးတယ်
ထောင်ထဲမှာလဲ ဘ၀ဆုံးဘူးတယ်
စစ်ကြောရေးမှာလဲ ခွေးကိုက်ခံရဘူးတယ်။

တာဝန်ကြေတဲ့ နောင်တော်တို့ ရဲ့ 

ပေးဆပ်မှုတွေအတွက်
ညီနောင်တို့ ရေ …..

သမိုင်းအဆက်ဆက်

ရဲရဲနီခဲ့ကြတဲ့ ကျောင်းသားသွေးတွေက
ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား …..
ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား …..

မင်းသွေးသစ်


ဗကသများအဖွဲ့ ချုပ်။


ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား”































ဒို့ ဗမာလွတ်လပ်ရေးအတွက်
မတရားမှုကို ငုံ့ မခံတတ်တဲ့
ရန်ကုန်တက္ကသိုလ်ဆီက
အိုးဝေသံတွေကြောင့်
နေမ၀င်သခင်တွေခမျာ
အင်္ဂလန်ကို ဘင်သံနဲ့ ပြန်ပြေးခဲ့ရဘူးတယ်။

ဒါတင်မကသေးပါဘူး

လွတ်လပ်ပြီး ဗမာ့သမိုင်းတလျှောက်မှာ
ဗကသဒေါင်းဇာနည်တွေ ရဲရဲတောက်လိုက်ပုံများ
တရားမျှတခြင်းအတွက်
ပြည်သူတွေရှေ့ မားမားရပ်လို့ 
ရန်ကုန်တက္ကသိုလ်ဝင်းထဲက
ရှေ့ တန်းမှာတောင် မသုံးရသေးတဲ့
ဂျီသရီးရိုင်ဖယ်သံနဲ့ 
စစ်အာဏာရှင်စနစ် လာပြီဟေ့လို့ 
တစ်တိုင်းပြည်လုံးကို စိန်ခေါ်ခဲ့တဲ့
စစ်ဘီလူးတွေကြား
ခွပ်ဒေါင်းသွေးတွေ ရဲခဲ့ဘူးတယ်။

၇ ဇူလိုင် …..

တံတားနီအရေးအခင်း
ရှစ်လေးလုံးအရေးတော်ပုံ
၉၆ ကျောင်းသားအရေးတော်ပုံ
ရွှေဝါရောင်တော်လှန်ရေးစတဲ့
ဗမာ့သမိုင်းအလှည့်အပြောင်းတွေမှာ
“ရဲ” စိတ်တွေလက်ဆင့်ကမ်းရင်း
ဒေါင်းမျိုးဆက်တွေက
မောင်းပြန်တွေရှေ့ မှာ
ဒေါင်းအလံလွှင့်ထူရင်း
ကျည်ကာမဲ့ ဗလာရင်ဘတ်တွေနဲ့ 
ပြည့်ရင်သွေးတွေလေ
လမ်းပေါ်မှာလဲ သွေးမြေကျဘူးတယ်
ထောင်ထဲမှာလဲ ဘ၀ဆုံးဘူးတယ်
စစ်ကြောရေးမှာလဲ ခွေးကိုက်ခံရဘူးတယ်။

တာဝန်ကြေတဲ့ နောင်တော်တို့ ရဲ့ 

ပေးဆပ်မှုတွေအတွက်
ညီနောင်တို့ ရေ …..

သမိုင်းအဆက်ဆက်

ရဲရဲနီခဲ့ကြတဲ့ ကျောင်းသားသွေးတွေက
ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား …..
ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား …..

မင်းသွေးသစ်


ဗကသများအဖွဲ့ ချုပ်။

0 comments:

Post a Comment