Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ရင်ခွင်မဲ့ သားတွေ ဘဝ...ထွေးပိုက်ခွင့်မရတဲ့ အမေ

                                           “”ရင်ခွင်မဲ့”’
           အမီမြေကိုအကြောင်းအမျိုးမျိုးကြောင့်  နိုင်ငံအသီးသီးကိုရောက်နေကြတဲ့လူ
တိုင်း ကိုယ်ချစ်သောသူတွေနဲ့ ခွဲခွာလာရတဲ့အတွက် ခံစားမှု့တွေပြည်သိပ်နေကြတာပါ။
ကိုယ်မြေ၊ကိုယ်ရေ၊ကိုယ်ဘာသာ၊ကိုယ်ယဉ်ကျေးမှု့တွေကိုစွန့်လွတ်ခဲ့ရတဲ့အတွက်ရင်
ထဲမှာ ဝမ်းနည်းတာတွေနဲ့ပြည်သိပ်နေကြတာပါ။ဖြစ်တက်တဲ့ သဘောတရားတွေပါ။ပို
ဆိုးတာက ရေ၊မြေခြားနေရတဲ့ လူတွေမှာမတူညီ တဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရတာရင်
ထဲမှာတော့ ဝမ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊ကိုယ်လူမျိုး အချင်းချင်း လှည့်စားခံ၊ရောင်း
စားခံ၊အမျိုးကောင်းအမျိုးသမီးတွေ  ဘဝပျက်ခဲ့တာတွေ မနည်းတော့ပါဘူး။
        ဒီကြားထဲဘာသာစကားတွေရဲ့ အခက်ခဲမှု့တွေက လုပ်ငန်းခွင်ထဲမှာမက ဘယ်
နေရာမဆို ရင်ဆိုင်ရဆုံးပါ။လေယဉ်ပျံနဲ့လာသူတွေမှာလည်း အေဂျင်စီတွေရဲ့ လိမ်ခံမှု့
တွေကြောင့် ဘဝကို ကြောနဲ့ရင်း၊ဘဝနဲ့ရင်းရသူတွေရှိသလို၊အမီမြေက လာတုန်းက အ
ကြွေးတွေနဲ့လာ ဒီရောက်တော့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတော့ ဖြစ်သလိုရင်ဆိုင်ရ
တဲ့ သူတွေ ရှိသလို..အမီမြေ ကိုကိုယ်ပိုင်အုပ်ချုပ် မတရားမှု့တွေလုပ်၊ဒါတွေကိုရင်ဆိုင်
တဲ့ အေးညိမ်းစွာတောင်းဆိုသူတွေ ဖမ်းဆီး၊နှိပ်စက်မှု့တွေကြောင့် အားလုံးကိုချစ်လျှက်
ရေကြည်ရာသို့ပြောင်းရွှေ့ လာတဲ့သူတွေလည်း ဘဝရပ်တည်ချက်တွေ အမျိုးမျိုးနဲ့
ရင်ဆိုင်ကြုံတွေ့ကြရတာပဲ။ယုံကြည်ချက်တွေ မယိုင်လည်းသောသူတွေသာ ဆက်လပ်
ရပ်တည်ကြတာပါ။အခက်အခဲတော့ ကိုယ်စီရှိကြပေမဲ့၊အားနည်း၊အားသာ မမှု့တဲ့စိတ်
ဓာတ်တွေကို အားတင်းပြီးလျှောက်လှမ်းကြရတာပါပဲ။ယဉ်ကျေးမှု့တွေပါ ပျောက်ဆုံးကြ
ရတယ်။
      အမီမြေကနေထွက်ခွာ လာကြတာဟာ အဓိက တရားခံကတော့ မတရားအုပ်ချုပ်
နေတဲ့ အာဏရူး လူတန်းစားတွေကြောင့်သာဖြစ်တယ်။ရောက်ရှိတဲ့ တိုင်းပြည်တိုင်းမှာ
အရာအားလုံးပျောက်ကွယ်ဖို့နီးပါးဖြစ်နေကြတယ်။ရေ၊မြေ ခြားနေရတဲ့ ဘဝတွေမှာ
အဓိက ပျောက်ဆုံးနေတာ မီခင်ရဲ့ ရင်ခွင်တွေပါ။မီသားစုတွေပျော်ရွင်နေတာမြင်ယောင်
တိုင်း ရင်နင့်အောင် တမ်းတတဲ့  အမီမြေရဲ့ ရင်ခွင်ပါ။ထွက်ခွာရတာ ရင်နင့်ရသလို
ကျနော်တို့ ကိုမွေးဖွားတဲ့ အမီမြေ၊မီခင်တွေရဲ့ ရင်ထဲမှာလည်း ဘယ်သူများအေးချမ်း
ကြလို့လည်းဆိုတာ စဉ်းစားကြည့်ကြပါ။လူသားတွေဖြစ်တဲ့ မီခင်တွေကိုထားအုံး တိရစ္ဆာန်တွေတောင် သား သမီးတွေ အပေါ်ထားရှိတဲ့ မေတ္တာဘယ်လောက်ကြီးတယ်
ဆိုတာ သက်သေပြတဲ့ သာဓက တစ်ခုရခဲ့လို ဒီစာရေးခြင်း ဖြစ်တယ်။
     ၁၆.၉.၂၀၁၁ မနက် ၆း၃၈ မှာကျနော်တို့ရဲ့ရုံးထဲမှာ ကြောင်မတစ်ကောင်ခလေး
မွေးပါတယ်။အရင်က ကြောင်တွေကို အစာကြွေးရင်ယဉ်ပါးတာမို့ ကြောင်ကလေးတွေ
အသံကြားတော့  သွားကြည်မိတယ်။ဒေါသသံပါတဲ့အသံဆိုတော့ သေချာကြည့်တော့
ကြောင်ပေါက်စလေး ၅ကောင်တွေ့ရတယ်။မီခင်ကြောင်မကြီးရဲ့ စိုးရိမ်စိတ်ကိုနားလည်
လို့နောက်ဆုတ်ပြီးချောင်းကြည်နေတယ်။တခြားကြောင်ကြီးတွေလာလို့မမောမပန်း
ဒေါသသံတွေနဲ့ချောက်လှန့်မောင်းထုတ်နေတယ်။သိပ်မကြာပါဘူး…တစ်ကောင်ချင်း
ကိုက်ချီမကာအပြင်ဘတ် တစ်နေရာကိုသယ်ဆောင်နေတယ်။နောက်ပိုင်းမိုးရွာလို့ ကျနော်အေးအေးနဲ့ အိပ်ပျော်သွားတယ်။မနက်ရောက်တော့ လိုက်ရှာ လည်းမ တွေ့တော့ဘူး။
နေ့လည် ၄နာရီ မိုးရွာတော့ အပြင်ထွက်မိုးရေအောက်မှာ ထိုင်နေတုန်းကြောင်သံကြား
လို့ ရှာတော့ အိမ်ရှေ မျက်နှာတစ်ဘတ် ရေမြောင်းအောက်က ဘောင်တန်းလေးပေါ်မှာ
ကြောင်သားအမီတွေ့ရတယ်။ကြောင်ပေါက် ၄ကောင်ကိုပြုတ်မကျအောင်ကြောင်မကြီး
က သူရဲ့ခန္ဒာကိုယ်နဲ့ထိန်းထားတယ်။သူရဲ့အောက်ပိုင်းကရေထဲမှာနောက်တစ်ကောင်
က ပါးစပ်နဲ့ ကိုက်ထားတယ်။တော်တော်အံသြသွားတယ်။ဒါ မီဘရဲ့ မေတ္တာ ကိုလေ။
ကျနော်ကို ကြည်နေတယ်။ရင်ထဲဆို့တက်လာတယ်။ကြောင်ပေါက်လေးတွေကို ကျနော်
ယူတော့ ကိုက်ထားပေမဲ့ သူလက်သည်းက လှမ်းကုတ်က တာခံရတယ်။ ဒါပေမဲ့ကူညီမှန်းသိတာမို့  လို့လားမသိဘူး။ချက်ချင်းမြောင်းပေါ်ခုန်တက်ပြီး စောင့်နေတယ်။ကျနော် ခြေလှမ်းမှ အိမ်ထဲဝင်ပြေးသွားတယ်။စာအုပ်စင်နားက အံထဲကိုထည်မှ သူပါးစပ်ထဲက ကြောင်ပေါက်လေးကို ချထားတယ်။သူခမျှာလည်း
တုန်နေတယ်၊ဒါပေမဲ့ သူလျှာလေးနဲ့ ကြောင်ပေါက်လေးတွေကို ရက်ပေးနေတယ်။
အဝတ်စုက်သွားချပေးရင်းကြည့်တော့ သူချီထားတဲ့ကြောင်လေးသေနေပြီ။ယူမလို့
လုပ်တော့ လှမ်းကုတ်တယ်။တညောင်ညောင်နဲ့အော်နေပေမဲ့ ကျန်တဲ့ ခလေးတွေကို
နို့တိုက်နေတယ်။သေနေတဲံ့ကြောင်လေးလည်းရင်ခွင်ထဲမှာပဲရှိသေးတယ်။အစာတောင်မစားဘူး။ဒါမီဘ မေတ္တာကိုပြ သနေတော့ အမီမြေ၊အမီရင်ခွင်ကို အရမ်းလွမ်းတဲ့..အဝေး
ရောက် ရင်ခွင်မဲ့ သားတွေ ဘဝ နဲ့ထွေးပိုက်ခွင့်မရတဲ့ အမီဘဝကို ဘယ်ပုံ ဘယ်နည်း
ရှေ့ ဘယ်လို လှမ်းရမှာလည်း  ဘဝ..ရယ်.။
  ဒီအတိုင်းပဲ အမေတွေရဲ့ သား၊အမီမြေရဲ့ အသက် ဧရာဝတီ ကိုရော ဘယ်လိုကူညီကြ
မှာလည်း….အမီမြေ ကိုချစ်သော..ပြည်ထောင်စု သားတွေ ။
         ကျနော်စာရေးဆရာ မဟုတ်ပါ။သို့သော် နားလည်သလိုရေးထားတာမို့ ပြင်စဉ်ဖြေ့ဆွတ် ဖတ်ကြပါရန်။
                        နန္ဒထွန်း..96။
 
0 comments:

Post a Comment