‘’’ ‘ဧရာဝတီအတွက်တော်လှန်ကြ’’’’
သပိတ်စုံ သူပုန်ထ မတရားမှု့ကိုဆန့်ကျင်ကြ
ဧရာဝတီကိုကာကွယ်ကြဟေ့……..
ကမ္ဘာမှာမြန်မာဆိုတဲ့ သင်္ကေတနဲ့
ထာဝရရေဇလာကြည်ခဲ့တဲ့ သဘာဝဧရာဝတီကိုဂုတ်သွေးစုပ်
တိုင်းပြည်အပေါ် အချစ်မပိုတတ်လို့
မြစ်ကိုသတ်နေကြသူတွေကိုတိုက်ထုတ်
ဒါ..တရားတဲ့အလုပ်ဖြစ်တယ်။
ငါတို့စိုက်တဲ့ စပါး
မီခင်ဧရာရဲ့ ခွန်အားနဲ့
ကြီးထွားရတာပါ။
ငါတို့အားထားရတဲ့ ခရီးရေလမ်း
မီခင်ဧရာရဲ့ နူတ်ခမ်းပေါ်က
ဖြတ်သန်းရတာပါ။
ငါတို့ ပိုင်ဆိုင်တဲ့ အလှတရား
မီခင်ဧရာက မွေးဖွား
ခံစားရတာပါ။
ငါတို့ ပိုင်ဆိုင်တဲ့ အမွေအနှစ်
မီခင်ဧရာရဲ့ သွေးသစ်တွေနဲ့
အဲ့ဒါ သဘာဝအရင်းအမြစ်ပေါ့်။
အဖိုးမဖြတ်နိုင်တဲ့ အိမ်မက်တွေကို
ချိုးဖျက် ရိုက်ချေ လူ့အန္ဓတွေကြောင့်
‘မြင်နေရက်နဲ့ ကန်းချင်ယောင်မဆောင်နိုင်တော့ဘူး။
ကြားနေရက်နဲ့ နားတွေကို မပိတ်ချင်တော့ဘူး။’
“”””လည်ပင်းပေါ်က စစ်ဖိနပ်တွေကို ဆွဲမ….,,””
‘’’ရုန်းကြ…ကုန်းထ..ဆုံးမကြဖို့,,’’’
‘’တုံးအောက်က ဖားတို့,ရေ’’
‘’’’’’’’’’’’အားသစ်ထူကြ။’’’’’’
ဇော်မြင့်--NLD(တောင်ဥက္ကလာ)
‘’’ ‘ဧရာဝတီအတွက်တော်လှန်ကြ’’’’
သပိတ်စုံ သူပုန်ထ မတရားမှု့ကိုဆန့်ကျင်ကြ
ဧရာဝတီကိုကာကွယ်ကြဟေ့……..
ကမ္ဘာမှာမြန်မာဆိုတဲ့ သင်္ကေတနဲ့
ထာဝရရေဇလာကြည်ခဲ့တဲ့ သဘာဝဧရာဝတီကိုဂုတ်သွေးစုပ်
တိုင်းပြည်အပေါ် အချစ်မပိုတတ်လို့
မြစ်ကိုသတ်နေကြသူတွေကိုတိုက်ထုတ်
ဒါ..တရားတဲ့အလုပ်ဖြစ်တယ်။
ငါတို့စိုက်တဲ့ စပါး
မီခင်ဧရာရဲ့ ခွန်အားနဲ့
ကြီးထွားရတာပါ။
ငါတို့အားထားရတဲ့ ခရီးရေလမ်း
မီခင်ဧရာရဲ့ နူတ်ခမ်းပေါ်က
ဖြတ်သန်းရတာပါ။
ငါတို့ ပိုင်ဆိုင်တဲ့ အလှတရား
မီခင်ဧရာက မွေးဖွား
ခံစားရတာပါ။
ငါတို့ ပိုင်ဆိုင်တဲ့ အမွေအနှစ်
မီခင်ဧရာရဲ့ သွေးသစ်တွေနဲ့
အဲ့ဒါ သဘာဝအရင်းအမြစ်ပေါ့်။
အဖိုးမဖြတ်နိုင်တဲ့ အိမ်မက်တွေကို
ချိုးဖျက် ရိုက်ချေ လူ့အန္ဓတွေကြောင့်
‘မြင်နေရက်နဲ့ ကန်းချင်ယောင်မဆောင်နိုင်တော့ဘူး။
ကြားနေရက်နဲ့ နားတွေကို မပိတ်ချင်တော့ဘူး။’
“”””လည်ပင်းပေါ်က စစ်ဖိနပ်တွေကို ဆွဲမ….,,””
‘’’ရုန်းကြ…ကုန်းထ..ဆုံးမကြဖို့,,’’’
‘’တုံးအောက်က ဖားတို့,ရေ’’
‘’’’’’’’’’’’အားသစ်ထူကြ။’’’’’’
ဇော်မြင့်--NLD(တောင်ဥက္ကလာ)
0 comments:
Post a Comment