ဧရာဝတီသည် မြန်မာပြည်သူပြည်သားများ၏အသက်ဖြစ်သည်၊ ဧရာဝတီကို ကာကွယ်လို့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်စို့။
‘ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်လို့ ဧရာဝတီကို ကာကွယ်စို့’
ကျွန်တော်တို့မြန်မာပြည်သူတွေဟာ အမိမြေကပေးထားတဲ့ တသက်လုံသုံးမ ကုန်စားမကုန် ဖူလုံတဲ့အမွေတွေ ရရှိထားသူများဖြစ်ပါတယ်။ နိုင်ငံတော်သီချင်းထဲက ‘ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မ လေ’ ဆိုတဲ့စာသားတွေဟာ ဆိုကောင်းရုံလောက် ရည်ရွယ်ပြီးထည့်ထားတာ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းကာကွယ်ခဲ့တဲ့ အမိမြေရဲ့အမွေအ နှစ်တွေကို ချစ်တတ်ကြဖို့ တင်ပြချင်ပါတယ်။ ဒီနေရာမှာ ချစ်ရုံနဲ့မလုံလောက်တော့တဲ့ ကိစ္စကတော့ မြစ်ဆုံစီမံကိန်းကိစ္စပါပဲ၊ နအဖအစိုးရလက်ထက်မှာ တိုင်းပြည်ကို အခွံ ချည်းပဲကျန်အောင် ပက်ပက်စက်စက်ကိုယ်ကျိုးရှာခဲ့ကြတာ၊ ကျွန်တော်တို့ပြည်သူတွေ ကလည်း ကြောက်လို့မပြောတာဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ပြောရမယ့်တာ ၀န်ကိုရှောင်ရှားခဲ့ကြတာဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ အဲဒီလို့မပြောတဲ့အတွက် တိုင်း ပြည်ရဲ့သဘာဝအရင်းအမြစ် ဘိုးဘွားအမွေနှစ်တွေဟာ စစ်အာဏာရှင်တွေရဲ့ လက် အောက်မှာ အတိုင်းအဆမဲ့ ဆုံးရှုံးခဲ့ကြပြီဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းပြည်အပေါ် အ ချစ်မပိုတတ်လို့ မြစ်ကိုသတ်နေကြတဲ့ ကိစ္စကတော့ တရုတ်အစိုးရနဲ့ တခမ်းတနားစာ ချုပ်ချုပ်ပြီးလုပ်ဆောင်နေတဲ့ မြစ်ဆုံစီမံကိန်းပဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က စတင်အ ကောင်အထည်ဖော်ပြီး နအဖစစ်အုပ်စုအမွေခံ ဦးသိန်းစိန်အရပ်သားအစိုးရက ဆက် လက်ဖော်ဆောင်ကာ စီမံကိန်းကိုအရှိန်မြင့်လုပ်ဆောင်နေကြပါတယ်။ ကချင်ပြည်နယ် က မေခ မလိခမြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများကဆောက်လုပ်နေတဲ့ စီမံ ကိန်းကြီးပြီးသွားရင် တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓါတ်အားတွေ အလုံအ လောက်ရပြီး စီးပွားရေးတွေ ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိ စီးပွားရေး သမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီးကတော့ ကွယ်လွန်သွားတဲ့ မြစ် များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့လက်ရှိဆင်းရဲနွမ်းပါးမှု
ထက် အဆပေါင်းများစွာ နိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ဆင်းရဲကြ ပျက်ဆီးကြ ၊ ရေကာတာမှာ ရေစုဆောင်းချိန်ဟာ တနှစ်ကနေနှစ်နှစ်အထိကြာ တတ် တာမို့ စီးဆင်းစရာရေမရှိတော့မယ့် ဧရာဝတီမြစ်ကြီးထဲမှာ ဧရာဝတီလင်းပိုင်လို ရှားပါး တိရိစ္ဆာန်တွေအပါအဝင် ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေဖြစ်ပေါ်၊ ရေ ကြောင်း ခရီးသွားလာမှုတွေပိုပြီးခက်ခဲ၊ မြစ်ဝကျွန်းပေါ်စိုက်ပျိုးရေးတွေပျက်စီး၊ ဆိုးရွား မှုတွေက အနမတဂ္ဂ များလှပါတော့တယ်။ နှစ်စဉ် ရေအားလျှပ်စစ်ကီလိုဝပ် ၃ သိန်းက နေ ၆ သန်းအထိ ထုတ်လုပ်ဖို့ရည်ရွယ်ထားကြတဲ့ ဆည်ကြီးရဲ့ကြီးမားခန့်ညားမှုကတော့ အလျှားပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိပြီးအကျယ်အဝန်းက ၂၉၅.၈ စတုရန်းမိုင်ရှိပါတယ်။ ဒီအတိုင်းအတာကိုပြောရရင် ရန်ကုန်မြို့ထက်လည်းကြီး စင်္ကာပူမြို့ထက်လည်းကျယ်၊ နောက်ဆုံး နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းပါတယ်။ မြစ်ဆုံဆည်ကြီး တည်ဆောက်ရာမှာ ပထမဆုံးနာရတာက ဒေသခံကချင်ပြည်သူတွေပါပဲ၊ ကျေးရွာ ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂ သောင်းကျော် သူတို့ရဲ့ဇာတိမြေနဲ့ ဘိုးစဉ် ဘောင်ဆက် အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ အဆိုး ရွားဆုံး စိတ်ပူစရာတစ်ခုကလည်း ရှိနေပါသေးတယ်။ အဲဒီမြစ်ဆုံ ရေကာတာကြီးဟာ စစ်ကိုင်းငလျှင်ပြတ်ရွေ့ကြောနဲ့ အလွန်ကိုနီးကပ်နေတာကြောင့် တကယ်လို့များ ငလျှင် လှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ဆိုတာနာရီပိုင်းအတွင်း ရေအောက်ကို ရောက်သွားရမှာပါ။ ငလျှင်လှုပ်တာ၊ မိုးကြီးပြီးရေများတာ၊ ဆောက်လုပ်မှုအရေအသွေးမမှီတာတွေထဲက တ ခုခုဖြစ်ပြီဆိုတာနဲ့ မြစ်ကြီးနားမြို့သူမြို့သားတွေရဲ့ ကံကြမ္မာဟာ ဘယ်လိုမှကောင်းနိုင် စရာမရှိတော့ပါဘူး။ ဒီလောက်ဆိုးရွားလှတဲ့၊ တိုင်းပြည်နဲ့ပြည်သူအတွက်ဘာ တစ်ကွက် မှ အကောင်းမရှိတဲ့ စီမံကိန်းကို တရုတ်မြန်မာပညာရှင်တွေအပါအဝင် မြန်မာစာရေး ဆရာကြီးတွေ အနုပညာရှင်၊တတ်သိပညာရှင်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံး ဝိုင်းတားမြစ်နေတဲ့ကြားကပဲ ဦးသိန်းစိန် အစိုးရက နားကိုဂွမ်းဆို့ထားပြီး ဒီစီမံကိန်းကိုဆက်လုပ်နေတာ အရှိန်တောင်မြှင့်လိုက်ပါ သေးတယ်။ ပြည်တွင်းက ပြည်သူတွေရော နိုင်ငံတကာမှာရော လက်မှတ်ရေးထိုး ကမ်ပိန်းတွေလုပ်ပြီး ဒီစီမံကိန်းကို ကန့်ကွက်နေကြပြီဖြစ်တာကြောင့် ကျွန်တော်တို့ မလေးရှားက မြန်မာနိုင်ငံသားအားလုံးကလည်း ပါဝင်ကူညီပေးဖို့ လိုအပ်နေပါတယ်။ ‘ ကြောက်လို့မပြောဘူး အားနာလို့မပြောဘူးဆိုတာ ပြောရမဲ့တာဝန်ကို ရှောင်ရှားတဲ့ အကြောင်းပြချက်ပါပဲ’
ကျွန်တော်တို့အားလုံးတာဝန်ရှိတဲ့အတိုင်း ပြောသင့်တာကိုပြောကြပါ။

0 comments:
Post a Comment