Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

"""အဖေ ငတ်နေတဲ့ သားနဲ့...သမီးငတ်နေတဲ့ အဖေ...''

"""အဖေ ငတ်နေတဲ့ သားနဲ့...သမီးငတ်နေတဲ့ အဖေ...''
လောကကြီးရဲ့ မတရားပုံများ....
လူရှင်သင်္ချိုင်းထဲမှာ...လူရှင်တွေက သေနေရသလို့....
လူသေလောကထဲမှာတော့ ...လူသေတွေက ရှင်လို့ ....
ဆိုတဲ့ ...ရပ်လည်းမနေဘူး..စုန်လည်းမခုန်ဘူး
နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာကြောင့်
ထောင်ကျနေတဲ့ အဖေကို သွားမတွေ့နိုင်ပဲ
အဖေငတ်နေတဲ့ ဝေဒနာ ကိုမြိုသိပ်
သမီးငတ်နေရတဲ့ အဖေတစ်ယောက်ရဲ့
နောက်ဆုံးအချိန် ကိုပြုစုရင်း
အဲ့ဒီအဖေရဲ့ သမီးကလည်း...
ထောင်ဆေးရုံကတောင်မနိုင်တော့တဲ့အခြေအနေနိုင်ငံတော် သမ္မတကြီးရဲ့ ကျေးဇူးတော်တွေပေါ့။
အော်...ပြည်သူတွေအတွက်
အသဲနှလုံးတွေ ကိုကြေမွှနေအောင်ခံစားပြီး
အာဏရှင် ဓါးသွားအောက်မှာ
ခါးထောက်ရပ်ဝံ့ ရဲရင့်သူတွေလေ...
သူတို့ကို ပိတ်လှောင်ထားရင်ပဲ
အစိုးရမင်းတို့ တရားဝင်မှုဟာ
ပိုပြီးတောက်ပ လာ မှာလား...
သူတို့ကို နှိပ်စက်ထားရင်ပဲ
ဒီမိုကရေစီနိုင်ငံတော်ကြီးက
ပိုပြီး ဖွံဖြိုးလာ မတဲ့လား...
''''' ဂွတ်ဂါးဗားမန့်
ကလင်းဂါးဗားမန့်'''ဆိုတဲ့
အုပ်ချုပ်ရေး ယန္တရားကြီးကရော
ဆက်လက် ခုတ်မောင်းနိုင်ဦး ထင်ရော့လား...
မကြာခင်တနေ့......
'''''ဂ'''ငယ်ကွေ့မှာ
(ခင်ဗျားတို့ အာဏရှင်တွေ )
''''''''အရှင်လတ် လတ်ဝဠ်လည်စေရမယ်ဟေ့''''

( ညီကို တို့ ခင်ဗျား...ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေရဲ့ ဘဝ စွန့်ဝံ့သူတွေရဲ့ စိတ်ထားက အခြေယိုင်ပေမဲ့ အသေခိုင်မြဲတဲ့ စိတ်ဓာတ်ကို ကျောထောက်ကာရင်ကော့ ခေါင်းမော့ သူတွေမို့ အဖန်ဖန် အက်နေတဲ့ ဘဝနဲ့ သူတို့ ရဲ့ မီသားစု ဘဝပျော်ရွှင်အောင် လိုအပ်သော ဆန္ဒပြည့်ဝအောင်ဆုတောင်းကြပါစို့ လို့ နှိုးဆော်တိုက်တွန်းပါရစေ ခင်ဗျား။) ..နန္ဒထွန်း..၉၆

0 comments:

Post a Comment