Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ပြည်သူတွေကို ငဲ့ကွက်ညှာ ဒီလူတွေကို ထည့်တွက်ပါ

ပြည်သူတွေကို ငဲ့ကွက်ညှာ ဒီလူတွေကို ထည့်တွက်ပါ

မင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ်နဲ့ ဒီငြိမ်းလင်း
ဦးခွန်ထွန်းဦး အရှင်ဂမ္ဘီရ နှိပ်စက်ခံနေရတဲ့ ပြည်ချစ်သားများ
ယုံကြည်ချက်တခုသာကိုင်စွဲ သူတို့လက်ထဲ ဘာများရှိလို့ပါလဲဗျာ....
သူတို့ဟာ တိုင်းပြည်အတွက်သာမျှော်ကိုး
ကိုယ်ကျိုးစွန့်ခဲ့ကြသူပါ
ယုံကြည်ချက်ကိုစိုက်ပျိုး
သမိုင်းရေးထိုးထားသူပါ
ပြည့်ဝမ်းမီးတောက် အစာအိမ်တွေခြောက်လို့
သံဃာလျှောက်ခဲ့ကြသူပါ
မင်းမှာသစ္စာ လူမှာကတိ
လွှတ်တော်ထဲမှာ တကယ်ရှိရင်
အသိစိတ်နဲ့ သတိချိတ်လို့
ဖိနှိပ်မှုတွေ ဖျောက်ဖျက်ပါ
ကိုယ့်ပြောစကား ကိုယ်မကြားပဲ
လားလားလေးမှ မရှက်ကြရင်
ကျမ်းသစ္စာတွေ စူးမှာပါ...
ရပ်ပဲနေနေ စုန်ပဲခုန်ခုန်
ပြည်သူမယုံတဲ့အစိုးရဟာ
ဘာများ စောက်သုံးကျတော့မလဲ
ကဲ... ..
လူရှင်သင်္ချိုင်း တံတိုင်းနောက်မှာ
ပြည်သူတွေချစ်တဲ့ ဒီလူတွေရှိတယ်
ပြည်သူတွေကို ငဲ့ကွက်ညှာရင်
ဒီလူတွေကိုထည့်တွက်ပါ...... ..။ ။
                             (ပြည်သူလူထုရဲ့ အသဲနှလုံးတွေကို လက်ငင်းဆွတ်ချင်ရင်
                              ယုံကြည်ချက်အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပါ)

0 comments:

Post a Comment