Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

လွတ်လပ်ရေးကိုတဖန် ပြန်လည်အရယူကြပါစို့လား

လွတ်လပ်ရေးကိုတဖန် ပြန်လည်အရယူကြပါစို့လား


ဒါတို့ပြည်  ဒါတို့မြေ
တို့တတွေပိုင်တဲ့ မြေထဲ
အာဏာရှင်မွေ့လျှော်
မွေ့ပျော်ခဲ့တာလည်း ကြာခဲ့ပြီပေါ့..။
သြော်....တို့နိုင်ငံရဲ့ လွတ်လပ်ရေးတောင်
အဘိုးအိုအရွယ်ရောက်
မြေးတွေလည်းအတောင်ပေါက်
ပြည်မြန်မာရဲ့ အနာဂတ်ဟာ
အိပ့်မက်ဆိုးတွေနဲ့ အိပ့်မက်တစ္ဆေ
ခြောက်လှန့်လို့နေဆဲ  ခြောက်လှန့်လို့နေမြဲ..။
နှစ်ထောင့်ဆယ့်နှစ် ပြတင်းတခါးကနေ
အတိတ်ကိုငဲ့ကြည့် လိုက်တော့
ဝင်းဝါနေတဲ့ ပြည်မြန်မာဟာ
အ.......လာ.........လား
ဒဏ်ရာတွေပြည့်နှက်လို့ နေရော့လား..။
ဒီလိုနဲ့....ဆေးဆရာမဟုတ်တဲ့ ငါဟာ
ဆေးပညာ သင်ယူဖို့အတွက်
တောတွင်းမြို့ပါ နေရာအနှံ ငါရောက်ခဲ့တယ်..။
ဒဏ်ရာဗလပွနဲ့ အမိမြည်ကို
ဆေးကုဖို့ ကြိုးစား နေအခိုက်
အုတ်နံရံနဲ့ တိုင်တိုင်တွေကြား
မကြာဆိုသလို
ငါ- ရောက်ရောက်သွားတယ်..။
ဒီအတွက်...ပေးဆပ်ရမယ်ဆိုတဲ့ အသိ
ငါ့ရင်ထဲ အပြည့်ရှိနေတော့
မွေ့လျှော်ခြင်းကင်းမဲ့တဲ့  သံတိုင်နဲ့ နံရံအကြား
ငါဟာ နေ့သစ်များစွာကိုထုဆစ်
ပုဇင်းရင်ကွဲအသံတွေနဲ့
ညပေါင်းများစွာကို ကျော်ဖြတ်သန်းရင်း
မလင်းတလှည့်  လင်းတလှည့်
ပြည်သူတွေရဲ့ ဘဝများစွာကို ကယ်ထုတ်ဖို့
ငါဟာ ပြည်သူ့လွတ်မြောက်ရေးကို
အပတ်တကုတ် ကြိုးစားအားထုတ်လို့နေမြဲ..။
အမှား  အမှန်ကို ရှေ့နေငှါးရမ်းပြီး
တိုင်းရင်းသား အချင်းချင်း
စကားပြန်နဲ့ ရှင်းပြဖြေရှင်းနေရတဲ့
ခေတ်ညစ်စနစ်ဆိုးထဲမှာ
ကြောက်စရာကောင်းလောက်တဲ့
စစ်လက်နက်ပုခုံးထမ်း လူတွေ
နေ့သစ်များစွာရဲ့ အနာဂတ်ကိုဝါးမြို
အနေချောင်ပြီး ခေါင်းရှောင်
လူသတ်လက်နက်ကိုင်သွယ်ပြီး
အမှောင်ချောင်ခိုနေကြမယ့် အတူတူ
ပြည်သူတွေကိုဖေးကူ လွတ်လပ်ရေးကို တဖန်
ငါတို့တတွေနဲ့ အတူတူ ပြန်လည်အရယူကြပါစို့....လား..။

လွတ်မလပ်သေးတဲ့ လွတ်လပ်ရေးနေ့အား ဤကဗျာဖြင့်
ဂုဏ်ပြုအပ်ပါသည်..။
· Dislike ·

လွတ်လပ်ရေးကိုတဖန် ပြန်လည်အရယူကြပါစို့လား


ဒါတို့ပြည်  ဒါတို့မြေ
တို့တတွေပိုင်တဲ့ မြေထဲ
အာဏာရှင်မွေ့လျှော်
မွေ့ပျော်ခဲ့တာလည်း ကြာခဲ့ပြီပေါ့..။
သြော်....တို့နိုင်ငံရဲ့ လွတ်လပ်ရေးတောင်
အဘိုးအိုအရွယ်ရောက်
မြေးတွေလည်းအတောင်ပေါက်
ပြည်မြန်မာရဲ့ အနာဂတ်ဟာ
အိပ့်မက်ဆိုးတွေနဲ့ အိပ့်မက်တစ္ဆေ
ခြောက်လှန့်လို့နေဆဲ  ခြောက်လှန့်လို့နေမြဲ..။
နှစ်ထောင့်ဆယ့်နှစ် ပြတင်းတခါးကနေ
အတိတ်ကိုငဲ့ကြည့် လိုက်တော့
ဝင်းဝါနေတဲ့ ပြည်မြန်မာဟာ
အ.......လာ.........လား
ဒဏ်ရာတွေပြည့်နှက်လို့ နေရော့လား..။
ဒီလိုနဲ့....ဆေးဆရာမဟုတ်တဲ့ ငါဟာ
ဆေးပညာ သင်ယူဖို့အတွက်
တောတွင်းမြို့ပါ နေရာအနှံ ငါရောက်ခဲ့တယ်..။
ဒဏ်ရာဗလပွနဲ့ အမိမြည်ကို
ဆေးကုဖို့ ကြိုးစား နေအခိုက်
အုတ်နံရံနဲ့ တိုင်တိုင်တွေကြား
မကြာဆိုသလို
ငါ- ရောက်ရောက်သွားတယ်..။
ဒီအတွက်...ပေးဆပ်ရမယ်ဆိုတဲ့ အသိ
ငါ့ရင်ထဲ အပြည့်ရှိနေတော့
မွေ့လျှော်ခြင်းကင်းမဲ့တဲ့  သံတိုင်နဲ့ နံရံအကြား
ငါဟာ နေ့သစ်များစွာကိုထုဆစ်
ပုဇင်းရင်ကွဲအသံတွေနဲ့
ညပေါင်းများစွာကို ကျော်ဖြတ်သန်းရင်း
မလင်းတလှည့်  လင်းတလှည့်
ပြည်သူတွေရဲ့ ဘဝများစွာကို ကယ်ထုတ်ဖို့
ငါဟာ ပြည်သူ့လွတ်မြောက်ရေးကို
အပတ်တကုတ် ကြိုးစားအားထုတ်လို့နေမြဲ..။
အမှား  အမှန်ကို ရှေ့နေငှါးရမ်းပြီး
တိုင်းရင်းသား အချင်းချင်း
စကားပြန်နဲ့ ရှင်းပြဖြေရှင်းနေရတဲ့
ခေတ်ညစ်စနစ်ဆိုးထဲမှာ
ကြောက်စရာကောင်းလောက်တဲ့
စစ်လက်နက်ပုခုံးထမ်း လူတွေ
နေ့သစ်များစွာရဲ့ အနာဂတ်ကိုဝါးမြို
အနေချောင်ပြီး ခေါင်းရှောင်
လူသတ်လက်နက်ကိုင်သွယ်ပြီး
အမှောင်ချောင်ခိုနေကြမယ့် အတူတူ
ပြည်သူတွေကိုဖေးကူ လွတ်လပ်ရေးကို တဖန်
ငါတို့တတွေနဲ့ အတူတူ ပြန်လည်အရယူကြပါစို့....လား..။

လွတ်မလပ်သေးတဲ့ လွတ်လပ်ရေးနေ့အား ဤကဗျာဖြင့်
ဂုဏ်ပြုအပ်ပါသည်..။
· Dislike ·

0 comments:

Post a Comment