Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

သမ္မတကြီး နောက်ကျောကကြိုးတချောင်း

သမ္မတကြီး နောက်ကျောကကြိုးတချောင်း

သမ္မတကြီးရဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ကလိမ်ကကျစ်လုပ်ရပ်တခုနဲ့ ဖျာပုံ လွတ်လပ်ရေးနေ့ဈေးရောင်းပွဲတော် မှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ကတားမြစ်ခိုင်းလို့ ဗိုလ်ချုပ် နဲ့ ဒေါ်စု
ပုံတွေရောင်းချခွင့် ပိတ်ပင်မှု့....ဒါတွေဟာ ကွင်းဆက်တွေဖြစ်ပါတယ်.....။
နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ် (၄)ရက်နေ့နဲ့ (၁၂)ရက်နေ့ နှစ်ကြိမ် ခွဲလွှတ်မယ် စသည်ဖြင့်
ဘူတာရုံဝန်ကြီး ဦးအောင်မင်း၊ရွှေမန်း၊တင်အေး တို့ရဲ့ ကမ္ဘာသိပြောကြားခဲ့တဲ့ ကတိစကားတွေဟာ တကယ်အစီအစဉ်အတိုင်း မလှည့်မပတ်ပဲပြောသွားခဲ့တာပါ ။ ဒါပေမဲ့ ဒေါ်စု ရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်မှု့တွေ
ကြောင့် တင်အောင်မြင့်ဦး(ရှစ်လုံး)နဲ့ ဇတ်မင်းသားကြီးကျော်ဆန်း. ၊အောင်သောင်း တို့ရဲ့ သံပတ်တင်းမှု့တွေနဲ့
တပ်ချုပ်ကြီးက လျှီုဝှက် အမိန့်တွေ ဆင့်ကဲထုတ်ပြီး မျက်လှည့်ပွဲက ပုဝါနီ ကိုဖွင်ပြလိုက်တာပဲဖြစ်ပါတယ်  ။
ငါတို့ အာဆီဟံထိုင်ခုံနဲ့တင် ကျေနပ်တယ် အမေရိကန် မလိုဘူး အဖေ တရုပ်ကြီးကို သီလဝါ ဆိပ်ကမ်းကြီးကို  ထိုးအပ်ပြီးသားပဲ လုံလောက်နေပြီ ဆိုတဲ့ သဘောနဲ့ စိတ်ကောင်းဖို့မစဉ်းစား အိပ်ဖောင်းဖို့သာစဉ်းစားနေကျလူ
တွေ ခေါင်းထောင်ထ လာတာပဲဖြစ်ပါတယ်...။ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေအတွက် ၊၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေအတွက် မျှော်လင့်ချက်မရှိတော့ သလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မှာလည်း သေနတ်မောင်းကွင်းထဲ လက်ညိုးပြန်တင်ထားရဦးမှာ သေချာနေပါပြီ ။
ဧပြီ (၁)ရက်နေ့ကြားဖြတ်ရွှေးကောက်ပွဲ ဆိုတာကရောဘယ်သူ က ဘယ်သူကို နှစ်ကောင်စားပြီး ကင်းဝင်နှိင်မလဲ
ကြည်ရပါတော့မယ် ။
 (အမေစုရေ...ဟီလာရီကလင်တန် နဲ့ နှစ်ယောက်ထဲ ခြံထဲဆင်း လမ်းလျှောက်ရင်းြေ့ပာလိုက်တဲ့ နောက်ဆုံး
တိုက်ကွက်တွေသာ ထုတ်သုံးလိုက်ပါတော့လားဗျာ....။)

0 comments:

Post a Comment