Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မပွင့်လင်းသော အမွေဆိုးများ

ယင်း ပြဿနာများသည် ခရိုနီများ၏ လက်ဝါးကြီးအုပ်မှု ကြောင့်ဟု ဆိုကြ၏။ တချို့က ပွင့်လင်းမြင်သာမှု မရှိသော အချက် ကြောင့်ဟု ဆိုကြ၏။ ထိုနည်း တူနိုင်ငံရေး လုပ်စားသူ အချို့ကြောင့်ဟု ပြောသူလည်း ရှိ၏။ အသစ်အ ဟောင်း ကြားပြဿနာ များဟု ဆိုသူလည်းရှိ၏။
ယင်းတို့အားလုံး နှင့်ကွဲပြားစွာ ကစားကွက်တွေပါဟု ဆိုသူ ကဆို၏ မည်သို့ပင်ဖြစ်ဖြစ်အာ ဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည့် နိုင်ငံတစ်ခု၌ဖြစ် စဉ်တစ်ခုတိုင်းတွင် အဖြေရှာရန် ခက်ခဲသောကိစ္စရပ် များ ရှိနေသည်က အသေအချာပင်ဖြစ်၏။မြန်မာနိုင်ငံသမိုင်းဝင်အပြောင်း အလဲတစ် ခုဖြစ်သော( ၂ဝ၁ဝ )ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာခဲ့သည့်အရပ်သားအစိုးရသစ်နှင့်အတူ ပြည်သူ တို့မှ မိမိတို့လိုလားချက်များကို ဖော်ထုတ်သည့်ဆန္ဒဖော်ထုတ်မှုများ လည်းယှဉ်တွဲပေါ်ပေါက်လာခဲ့ သည်။ ယင်းမတိုင်မီ တစ်ပါတီ အာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေး စနစ်လက်ထက် (၁၉၆၂ )ခုနှစ် ကာလမှစ
တင်ပြီး မြန်မာနိုင်ငံ တွင်း ကြီးမားသည့် ဆန္ဒဖော်ထုတ်မှု တွေရှိခဲ့ပေမယ့် ယင်းတို့၏ ဖြေရှင်း ခံရမှုသည်
လည်း အကျဉ်းထောင် များနှင့်ဖိတ်စင်မှုများသာ ဖြစ်ခဲ့သည်။ထိုစဉ်ကာလများ ရှိခဲ့သော်လည်းဖြေရှင်းမှု
လွယ်ကူခဲ့၏။ ထိုစဉ်ကာလက တစ်စုံတစ်ရာသည် တထိတ်ထိတ်နေထိုင်ရှင်သန် ရ ခြင်းဖြစ်ခဲ့။ထိုစဉ်ကာ
 လသည် အမှောင်ခေတ်၊ ကျောက်ခေတ်ဖြစ် ခဲ့၏။ ထိုစဉ်ကာလက ပြည်တွင်း သတင်းသည်အားကြီးသူ
ကရေး သော သတင်းဖြစ်ခဲ့၏။
ယခု ၂ဝ၁ဝခုနှစ်၊ ၂ဝ၁၂ခုနှစ် ရွေးကောက်ပွဲများရလဒ် အပြောင်း အလဲတို့နောက်ပိုင်း ပြဿနာရပ်များ အတွက် ဆန္ဒဖော်ထုတ်မှုများနှင့် ယင်းပြဿနာများအတွက် ဖြေရှင်း ခံရမှုတို့သည် ယခင်ကလိုမဟုတ်   တော့ခြင်းမှာ သေချာခဲ့ပြီဖြစ်သည်။ သို့ရာတွင် ပြောင်းလဲမှုအရွေ့သည် အရှိန်နှေးတုန်းပင်။ ပွင့်လင်းမြင် သာမှုသည်လည်း အား နည်းနေဆဲ။ ယခင်စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအုပ်ချုပ် ရေးစနစ်သို့ကူးပြောင်း ခဲ့ပြီး နောက်ပိုင်းအလုပ်သမားရေးရာ၊ လယ်ယာမြေရေးရာ၊ ယခင် အစိုးရဟောင်း လက်ထက်စီမံကိန်း များဆိုင်ရာပြဿနာများသည် ပြည် သူလူထုအတွင်း ရှည်လျားသည့် မကျေနပ်ချက်များအဖြစ်ထွက်ပေါ်
ပေါ်လာခဲ့သည်။
 (ဒီမိုကရေစီအစိုး ရဟု ဆိုခြင်းကြောင့် ဒီမိုကရေစီနည်း အတိုင်းဖြေရှင်းရခြင်းအတွက် ယခင် ဖြေရှင်း ပုံနှင့်ကွဲပြားခြင်းကြောင့် လည်းဖြစ်၏)။
၂ဝ၁၂ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက် လှိုင်သာယာ စက်မှုဇုန်ရှိ တိုင် ရီဖိနပ်စက်ရုံအလုပ်သမားများ လုပ် ခလစာနှင့်ပတ်သက်၍ တစ်လနီး ပါးကြာငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် မှုသည် လှိုင်သာယာစက်မှုဇုန်ရှိ အထည်စက် ရုံ၊ ဆံပင်တုစက်ရုံ၊ ဖိနပ်စက်ရုံ စသည့်စက်ရုံတို့မှ အလုပ်သမားများကို ၄င်းတို့၏လုပ်ခလ စာနှင့် ပတ်သက်သောမကျေနပ်ချက်များအတွက် ဆန္ဒဖော်ထုတ်မှုအဖြစ် ဖြစ်ပေါ်စေခဲ့ သည်။ သို့ရာတွင် ယင်းပြဿနာ များသည် ယနေ့တိုင် ပြေလည်သည့် အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။
 မြန်မာနိုင်ငံတွင်း ဖော်ထုတ်ထား သည့်စက်မှု ဇုန် များစွာရှိသည်တွင် ယင်းတို့၌ အလုပ်လုပ်ကိုင်နေကြ  သာ အလုပ်သမားများ၏ အခြေခံ လစာသည်တစ်လလျှင်ကျပ် သုံး သောင်းသာသာပင်ရှိနေပြီး အခြေခံ လစာ တိုးမြှင့်ပေးရန် သတ်မှတ်ထားချက် ထုတ်ပြန်ထားသော်လည်း ယနေ့တိုင် ပြေလည်မှု မရရှိသေး
 ခြင်းမှာလည်း စဉ်းစားရန် ခက်ခဲ သောကိစ္စရပ်ပင်ဖြစ်ခဲ့သည်။
ယင်း နည်းတူ ယခင် စစ်အုပ် ချုပ်ရေးလက်ထက် ပြည်သူအား အသိပေးထုတ်ဖော်ခြင်း မရှိဘဲဆောင်ရွှက် ခဲ့သည့် စီမံကိန်းအချို့ နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှု များ၊ ကန့်ကွက်မှုများသည်လည်း ဒီမိုကရေစီ အစိုး ရသစ်နှင့်အတူ ယှဉ်တွဲပါလာခဲ့သည်။ ထို့ပြင်သီး ခြားဖြစ်ရပ်များဖြစ်သည့် လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ မီဒီယာလွတ်လပ်ခွင့်၊ လူမျိုးရေး ပဋိပက္ခ၊ လက်နက်ကိုင်တိုက်ပွဲများနှင့် ကျူး ကျော်နေထိုင်မှုကိစ္စများ အတွက် ဆန္ဒဖော်ထုတ်မှုများလည်း ကြို ကြား ကြိုကြားရှိခဲ့သည်။ မှတ်မှတ် ရရ ယင်းကိစ္စရပ်များနှင့်ပတ် သက်ပြီး လွတ်လပ်၍ တရားမျှတ သော စုံ စမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေး ကာ လက် ရှိအခြေအနေအကြောင်း ရင်းနှင့် အရင်းခံအကြောင်းရင်းများ ဖော်ထုတ်ရန် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးသိန်း ညွန့်ကလွှတ်တော်၌ တင်သွင်းခဲ့ သည်။
ယင်းအဆိုကို အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်သိန်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ
 ဦးခိုင်မောင်ရည်တို့က ထောက်ခံ ဆွေးနွေး ခဲ့သော်လည်း မဲခွဲဆုံးဖြတ်မှုတွင် ၄င်းအဆိုသည် ရှုံးနိမ့်
မှုကြုံခဲ့သည်။ ယင်းအဆိုကိုတင်ခဲ့ခြင်းမှာ နှစ်ပေါင်း ၂ဝကျော်ကြားစီးပွားရေးပိတ် ဆို့ခံထားရမှုနှင့် စီးပွားရေးပိတ်ဆို့မှုပြန်လည် ရုတ် သိမ်းခြ င်းနှေးကွေးမှုများကြောင့် မြန်မာနိုင်ငံ စီးပွားရေးပို့ကုန် အပြင်    သို့ မထွက်ဘဲပြင်ပမှ ဝင်ရောက်ခွင့် ရသူတို့၏ သဘာဝသယံဇာတ၊ ရေနံလုပ်ငန်းတို့၌ ရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာခြင်းနှင့် လုပ်ကိုင် လျက်ရှိခြင်းတို့တွင် မှတ်တမ်းမှတ် ရာအဖြစ် စုံစမ်းစစ်ဆေးရေးကော် မရှင်မှ မှတ်တမ်းတင်ထားနိုင်ရန် ဖြစ်ကြောင်း အဆိုတင်သွင်း ခဲ့သူ ဦးသိန်းညွှန့်က ၄င်းအဆိုနှင့် ပတ် သက်ပြီး ပေါ်ပြူလာနယူးစ်မှ မေး မြန်းစဉ်ပြောကြားခဲ့သည်။
အစိုးရ ဟောင်းလက်ထက် အင်အားကြီး အစုအဖွဲ့များ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ နှင့်ပူးတွဲလုပ်ကိုင်ခဲ့မှု အချို့သည် အစိုးရသစ်လက်ထက်တွင်ဖြေရှင်းရန်ခက်ခဲသော ကြီးမားသည့် ပြဿနာအဖြစ် ကျန်ရှိနေ သည်များအနက် လက်ရှိအဆိုးဝါးဆုံးကြုံတွေ့နေရသောပြဿနာ သည်စီမံကိန်းများအတွက် လယ်ယာ
မြေများ သိမ်းဆည်းခံရမှုပြဿ နာပင် ဖြစ်သည်။ မြင်မြင်ထင်ထင်ရှိ သည်မှာ မုံရွာ ၊လက်ပံတောင်းေ တာင် ကြေးနီစီမံကိန်းအတွက် လယ်ယာမြေသိမ်းဆည်းခံရသူများ၏ ကန့်ကွက်မှုများနှင့်ပြည်သူတစ်ရပ် လုံးကသဘောမတူ ကန့်ကွက်မှုကြောင့် ခေတ္တရပ်ဆိုင်းရန် နိုင်ငံ တော်သမ္မတကိုယ်တိုင်(၂ဝ၁၁) ခုနှစ် စက်တင်ဘာလ ၃ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရသည့် မြစ်ဆုံ စီမံကိန်းတို့ဖြစ်သည်။ ယင်းတို့သည် ယခင်အစိုးရဟောင်း လက်ထက် ပြည်သူများကို တစ်စုံတစ်ရာ ချပြခြင်းမရှိဘဲ လုပ်ကိုင်ခဲ့သည့် စီမံကိန်း အချို့ပင်ဖြစ်သည်။
ယင်း အတွက် အစိုးရသစ်သည်လည်း အစိုးရဟောင်းလက်ထက် ရင်းနှီး မြုပ်နှံမှုများ၊ စီမံကိန်းများအတွက်ေ ပးအပ်ခဲ့သည့် ကတိကဝတ်များ၊ ချုပ်ဆိုထားခဲ့ပြီး စာချုပ် စာတမ်းများ၊ အခွင့်ပေးခဲ့သည့် လုပ်ကိုင်

ခွင့်များအပေါ်ဖြေရှင်းရန် ခေါင်းခဲစရာကိစ္စများအဖြစ် ကြုံတွေ့လာ ရ၏။ ”ဒါက အစိုးရပုံသဏ္ဌာန်ချင်း မတူတဲ့အနေအထားနဲ့ အယူအဆ နှစ်ခု အပြောင်းအလဲ ကာလမှာ ပဋိပက္ခတွေဖြစ်တာ၊ ဆန္ဒဖော်ထုတ် မှုတွေဖြစ်တာကိုလက်ခံရမှာ၊ ဆန္ဒ ပြမှုတွေရဲ့ အသေးစိပ်ကို လေ့လာ ဖို့လိုအပ်သလို၊ စီမံကိန်းတွေကိုပြန် လည်သုံးသပ်ဖို့အစီအစဉ်တွေလုပ် ဖို့ လိုအပ်တယ်။ စီမံကိန်းတိုင်းမကောင်းဘူးလို့ တော့ပြောလို့မရ နိုင်ဘူး။ သူ့ရဲ့ အားနည်းချက် အား သာချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်” ဟု အမျိုးသားလွှတ်တော်
 အမတ် ဒေါက်တာအေးမောင်က အထက်ပါဖြစ်စဉ် အချို့နှင့် ပတ်သက်ပြီး သူ၏သဘော ထားကိုပြောကြား သည်။ အထူးသဖြင့်မှားလျှင် ဝန်ခံနိုင်ရန်လိုအပ်ပြီး မည်သည့်ငွေကြေးပမာဏဖြင့် ဆောင်ရွက်ထားသည်။ မည်ရွေ့ မည်မျှ အကျိုးအမြတ်ဖြင့် စာချုပ် ဆိုထားသည်။ မည်သည့် ကတိက ဝတ်တွေရှိသည်ဖြင့်ပွင့်ပွင့်
 လင်းလင်း ချပြရန် လိုအပ် ကြောင်း ၄င်းက ထပ်လောင်းပြော သည်။ သို့ရာတွင်ယနေ့ ထိ ဖြစ်ပွားေ နသော ပြဿနာ များ(ဆန္ဒဖော် ထုတ်မှုများ)နှင့် တာဝန်ယူဖြေရှင်း ပေးမှုများသည် ပွင့်လင်းမြင်သာမှု အားနည်းနေဆဲဖြစ်သလို တိကျ သည့် ရလဒ်ထွက်ပေါ်ခြင်းလည်း အား နည်းနေဆဲ ပင်ဖြစ်၏။“ သမ္မတ ကကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်လို့ပြောနေ ပေ မယ့် အုပ်ချုပ်ရေးစနစ်မှာ အားနည်း ချက်ေ တွ ရှိနေတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် အပြောင်းအလဲမှာ လိုက်ပါပြောင်းလဲဖို့ သူတို့မှာ အဆင်သင့်မရှိဘူး။ အဲဒါကြောင့်သမ္မတကြီးအနေနဲ့ခေါင်းတွဲပြောင်းရုံနဲ့ မလုံလောက်ဘဲ နောက်တွဲပါ ပြောင်းလဲဖို့ တာဝန်ရှိတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
မည်သို့ပင်ဆိုစေ အစိုးရ ဟောင်းလက်ထက် လုပ်ကိုင်ခဲ့ သည့် စီမံကိန်းတိုင်းသည် အကျိုး မရှိဟု ဝါးလုံးရှည်နှင့်ရမ်း၊ မျက်မှန် စိမ်းတပ်ကြည့်၊ ဘေးထိုင် ဘုပြော၍ တော့ရမည် မဟုတ်ဟု ဆိုရမည်ဖြစ် သည်။ ယင်း အတွက် အစိုးရသစ်အ နေဖြင့်လည်း ဖော်ထုတ်ချပြ၍ မသင့်တော်သော ကိစ္စအချို့မှ လွဲ ၍ ပြည်သူအား ပွင့်ပွင့် လင်းလင်း ရှင်းလင်း ပြသရန်လိုအပ်သည် ဟု ဒေါက် တာအေးမောင်ကဆိုသည်။ မြန်မာနိုင်ငံပြည်သူအများစု သည် ယနေ့တိုင် အစိုးရ၏ ရင်းနှီး မြုပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းလုပ် ငန်းများ၊ ပိုင်ဆိုင်မှုများ၊ သဘာဝသ ယံဇာ တ တူးဖော်ရောင်း ချမှုများနှင့် ပတ်သက်၍ ထင်သာမြင်သာ သိ ခွင့်ရရှိခဲ့ခြင်း မရှိခဲ့ပေ။ ၄င်းအပြင်အစိုးရဟောင်းလက်ထက် တာဝန် ရှိသူအချို့၏ အကျင့်ပျက်ခြစားမှု၊ မသမာမှုများကြောင့် လိုအပ် သည် ထက် ပိုမိုခဲ့သော ပြဿနာများ သည်လည်း လက်ရှိအချိန်တွင် အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့် ပေါက် နေရခြင်းဖြစ်ကြောင်းနို င်ငံရေးလေ့လာသူအချို့ကပြောသည်။ ယင်းအချက်ကို ၂ဝ၁၂ ခုနှစ် မေ လ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကျောက်နီမော် ကျေးရွာ အုပ်စု သပြေချောင်းရွာနေ မသီတာ ထွေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်အစပြုခဲ့သည့် ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခအ ပေါ် အခြေခံ၍ ၄င်းတို့ကပြောကြား ခြင်းဖြစ်သည်။
ယင်းသည်လည်း အလုပ်သ မားပြဿနာ စီမံကိန်းပြဿနာ များနည်းတူ အစိုးရသစ်အတွက် ဖြေရှင်းရန် ခက်ခဲသည့် လူမျိုးရေး ပြဿနာ တစ်ရပ်ပင်ဖြစ်သည်။ ”ကမ္ဘာ ကြီးပြားနေပြီဆိုတော့ အခြေအနေကိုယုံကြည်ပါတယ်။ ဒါပေမယ့် အစိုးရတစ်ရပ်အနေနဲ့ လူဦးရေ စိမ့်ဝင်လာနိုင်တယ် ဆိုတဲ့ဟာကိုကြိုတင်ပြင်ဆင်မှုလုပ်ထားရမှာပါ။ လူဝင်မှုကြီးကြပ်ရေးမူဝါဒ ချမှတ်ခြင်းအပြင် အကျင့်ပျက် လာဘ်စားတဲ့မသမာမှုတွေကို အ ထူးတိုက်ဖျက်ဖို့လိုပါတယ်” ဟု ရ ခိုင်အမျိုးသား ကွန်ရက် ဒုတိယ ဥက္ကဋ္ဌ ကိုကျော်ဝင်းချေ ကပြောသည်။
အဆိုပါ လူမျိုးရေး ပဋိပက္ခ နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ် မှုများလည်း မြန်မာနိုင်ငံအနှံ့အ ပြားတွင်ဖြစ် ပေါ်ခဲ့သည်။ ဤတွင် ပြဿနာ တိုင်းအတွက် ဆန္ဒပြရုံဖြင့်ပြေလည်သွားမည်လား၊ တိကျသည့်အဖြေရလဒ်ထွက်ပေါ် လာမည်လားဟူသော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ ယေဘုယျ အဖြေအရ ပြဿနာတိုင်း အတွက် ဆန္ဒပြရုံဖြင့် ပြေလည်မည်မဟုတ်ဟုဆိုကြသည်။ သို့ဆိုလျှင် အဘယ် ပုံဖြင့် ပြဿနာများကို ပြေလည် အောင် ဖြေရှင်းနိုင်မည်နည်း။ ယင်းသည်လည်း ခက်ခဲလျက်ရှိ သော အဖြေပင်ဖြစ်သည်။ မည်သို့ ပင်ဖြစ်ဖြစ် ပြဿနာရှိလျှင် အဖြေရှိ မည်မှာ အမှန်ဖြစ်သည်။
ထင်ရှား သော စကားရပ်တစ်ခုကို ကိုးကား ပြောရမည်ဆိုလျှင် မဖြစ်သေးတာ ပဲရှိတယ်။ မဖြစ်နိုင်တာမရှိ” ဟု ဆို ချင်၏။ သို့ဆိုလျှင် မည်သို့ဖြစ်နိုင်ချေ မည်နည်း။ သေချာသည်က ဒီမို ကရေစီအစိုးရမို့ ဆန္ဒပြမှု တွေအ ပေါ် အရေးယူဆောင် ရွက်ခြင်း မရှိဟု ဆိုရုံဖြင့်၊ စီမံကိန်းများ ခေတ္တရပ်ဆိုင်းရုံဖြင့်၊ မကျေနပ်ချက် များအတွက် ဆန္ဒဖော်ထုတ်ခြင်း အားထွက်ပေါက် တစ်ခုအဖြစ် ဖွင့် ပေးရုံဖြင့်၊ တိုင်ကြားစာများ လက် ခံရုံဖြင့် မဖြစ်နိုင်ဟုထင်၏။ လက်ရှိ အထိလည်း ပြဿနာများသည် ပို၍ပို၍သာ တိုးလာနေခဲ့သည်ဖြစ်၏။
အစိုးရ သစ်သည် အစိုးရဟောင်း လက်ထက်မှ ရရှိခဲ့သော အမွေများ အတွက် လက်ရှိအချိန်တွင် ပြည်သူ အားထင်သာမြင်သာသော ပွင့် လင်းမှုတစ်ရပ် ချပြရန် အမှန်တ ကယ်လိုအပ် သည်မှာ ပြဿနာများ လျော့နည်းသွားနိုင်သည့်စဉ်းစားမှုတစ်ခုဖြစ်လိမ့်မည် ဟုထင်၏။ ထို့အပြင် ဥပဒေကြောင်းအရ ရဲ ရင့်ပြတ်သားမှုလိုအပ်လိမ့် မည်ဟုထင်၏ ။ အပြောများသည် နားဝင်ချိုသော်လည်း လက်တွေ့ လောက် အရသာရှိသော ရလဒ် မ ဟုတ်သည့်အတွက် လက်တွေ့ လုပ်ဆောင်မှု၊ လက်တွေ့ ပူးပေါင်း မှု၊ လက်တွေ့ထုတ်ပြန်မှု၊ လက် တွေ့ အရေးယူမှု၊ လက်တွေ့ဖျက် သိမ်းမှု၊ လက်တွေ့ချမှတ်မှု စသည့် လက်တွေ့များစွာလိုအပ်လိမ့်မည်ဟု ထင်၏။ ယင်းနည်းတူ လွှတ်တော် သည် ပိုမိုအသက်ဝင်ရန် လိုအပ် မည် ဖြစ်သလို၊ လွှတ်တော်တွင်း ပါဝင်ပတ်သက်သူများသည်လည်း ပိုမိုအသက်ဝင်ရန် လိုအပ် မည်ဖြစ် ၏။ သို့မဟုတ်လျှင် ယနေ့ မနက် ဖြန်ဖြင့်ပြီး စီးသွားမည်မဟုတ်သော ပြဿနာများသည် နောင် အစိုးရ အဆက်ဆက် လက်ခံရရှိမည့် အမွေဆိုး များအဖြစ် ကျန်ရစ်မြဲ ကျန်ရစ်နေဦးမည်မှာ မလွဲမသွေပင် ဖြစ်တော့သည်။ 
ဥာဏ်လင်းအောင်