Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

စစ် တပ် ဘာ ကြောင့် သ မ္မ တ အ ေ ပၚ ေ ရာ က္ ေ န လဲ

  • ဒိန်ဖန်ခူး ရေးသည်။

ကာချုပ် မင်းအောင်လှိုင်

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။

သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။

ပုဒ်မ ၂၀၄(က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။

ကာလုံက သမ္မတအထက်ရောက်နေ

လက်တွေ့မှာ ၂၀၁၂ ခု ဇန္န၀ါရီ ၂ ရက်နေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွှတ်ငြိမ်းချမ်းသာခွင့်အမည်တပ်ထားပေမဲ့ ပြစ်ဒဏ် သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်မ ၂၀၄(က)နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။

သတင်းစာမှာ အမိန့်အပြည့်အစုံထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄(ခ) ဖြစ်နေပီး အမိန့်စာသားက ပုဒ်မ ၂၀၄(က) ဖြစ်နေတာတွေ့ရပါတယ်။

ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က)(ခ) ၂မျိုးလုံးကို စွက်ဘက် ကျင့်သုံးနေတဲ့အတွက် သမ္မတဥိးသိန်းစိန်ထက် ပိုပီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။

တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦးပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲအသာရနေလဲ

ကာလုံအဖွဲ့ဝင် ၁၁ ဦး

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲပြန်ကြည့်ရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်-ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေးတို့  ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေဖြစ်ပါတယ်။

ဒါပေမဲ့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလဲ ကြံ့ဖွံအမတ်တွေက တင်မြှောက်တဲ့ ဒုသမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒုသမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့  ၅၅%က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမဲ့ ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော် တတိယ ၅ နှစ်သက်တမ်းလွှတ်တော်စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတန်း ၆မဲ အသာစီးရနေအုံးမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒုသမတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေဖြစ်နေလို့ ဒီ ၅ ဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာဖြစ်ပါတယ်။

တနည်းပြောရရင်  အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ဆိုပေမဲ့ လက်တွေ့မှာ စစ်တပ်က ၆မဲအသာစီးရထားတဲ့အတွက် တကဲ့ဆုံးဖြတ်ခွင့် အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းလို့ နိုင်ငံတကာ အဖွဲ့အစည်းတချိုံက ယူဆတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ ပတ်သက်ပီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထားဘာလဲ- သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား-နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းဘို့ လိုသလား

အထူးသဖြင့် ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေငြာတဲ့အပိုင်းမှာ ပိုပီး ပေါ်လွင်လာပါတယ်။

အရေးပေါ် အခြေအနေတောင်မှ ၂ မျိုးရှိပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ထိပါးစေမဲ့ အရေးပေါ်အခြေအနေမျိုးဆိုရင် သမတ ဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ညှိပီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး
ဒု ဗိုလ်ချုပ်ကြီးကိုကိုတို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေငြာနိုင်တဲ့ ၀န်ကြီးတွေမို့ ၀န်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်နေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမဲ့အန္တရယ်၊ တိုင်းရင်းသားစည်းလုံးမှုပြိုကွဲမဲ့အန္တရယ်နဲ့ အချုပ်အချာအာဏာ လက်လွှတ်ရမဲ့အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေဖြစ်ပီဆိုရင် သမ္မတ ဦးသိန်းစိန်က အချိန်၁ နှစ်ကြာမဲ့ အရေးပေါ်အခြေအနေ ကြေငြာပီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတကလွှဲပြောင်း အပ်နှင်းပေးမဲ့ အာဏာကြီး ၃ ရပ်ကို လက်ခံယူဘို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပီးလို့ နောက်ထပ် အချိန်တိုးပေးဘို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတ ဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။

သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေဖြစ်လာရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေရဲ့သြဇာကလွတ်အောင် ဦးနေ၀င်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဘို့ကြိုးစားမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သမတနဲ့ ကာလုံ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန်ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမတဟာ ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး အာဏာ တရားစီရင်ရေး အာဏာပေးထားမဲ့ အရေးပေါ် အခြေအနေ ကြေငြာမဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင်လဲ သမ္မတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဘို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။  ဒါမှလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ခြိမ်းခြောက်မှု ကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မထက်ပိုပီး အာဏာကြီးနေတာကို နိုင်ငံရေး အကျဉ်းသားလွှတ်ရေးကိစ္စမှာ အထင်အရှား မြင်ရပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကိုကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေး အာဏာကိုတော့ ရွေးကောက်ခံ အမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

ရွှေပြည်တော် မျှော်တိုင်းဝေး

ရွှေပြည်တော် မျှော်တိုင်းဝေး

သောသောရုတ်ရုတ် မျက်လှည့်ပွဲလူအုပ်ထဲမှာ
ခင်ဗျားတို့လည်းပါ ကျနော်လည်းပါ
အမေစုလည်းပါ ဟီလာရီကလင်တန်လည်းပါ
ကျနော်တို့ အလိမ်ခံရပြီဗျာ...
ကြွေကကပ်နေပြီး ထပ်ကောင်ချည်းပေါ်နေတဲ့
လေးကောင်ဂျင်ဝိုင်းမှာ ဖေါ်မြူလာအားကိုး 
ထိုးသားတွေက ရိုးသားနေတော့လည်း
ဒိုင်စားတာဟာ သဘာဝပေါ့...
ဘာတတ်နှိုင်သေးလဲ
ကျုတ်တို့ရှိတာပုံအေား
ဂုဏ်ာသိက္ခာသော ဘာသော
ဘဝတွေရော အသက်တွေရော
မှော်ရုံတောမှာ..မျေားသွားပြီ...။ ။

ရွှေပြည်တော် မျှော်တိုင်းဝေး

သောသောရုတ်ရုတ် မျက်လှည့်ပွဲလူအုပ်ထဲမှာ
ခင်ဗျားတို့လည်းပါ ကျနော်လည်းပါ
အမေစုလည်းပါ ဟီလာရီကလင်တန်လည်းပါ
ကျနော်တို့ အလိမ်ခံရပြီဗျာ...
ကြွေကကပ်နေပြီး ထပ်ကောင်ချည်းပေါ်နေတဲ့
လေးကောင်ဂျင်ဝိုင်းမှာ ဖေါ်မြူလာအားကိုး 
ထိုးသားတွေက ရိုးသားနေတော့လည်း
ဒိုင်စားတာဟာ သဘာဝပေါ့...
ဘာတတ်နှိုင်သေးလဲ
ကျုတ်တို့ရှိတာပုံအေား
ဂုဏ်ာသိက္ခာသော ဘာသော
ဘဝတွေရော အသက်တွေရော
မှော်ရုံတောမှာ..မျေားသွားပြီ...။ ။

လွတ်လပ်ရေးကိုတဖန် ပြန်လည်အရယူကြပါစို့လား

ဒါတို့ပြည်  ဒါတို့မြေ
တို့တတွေပိုင်တဲ့ မြေထဲ
အာဏာရှင်မွေ့လျှော်
မွေ့ပျော်ခဲ့တာလည်း ကြာခဲ့ပြီပေါ့..။
သြော်....တို့နိုင်ငံရဲ့ လွတ်လပ်ရေးတောင်
အဘိုးအိုအရွယ်ရောက်
မြေးတွေလည်းအတောင်ပေါက်
ပြည်မြန်မာရဲ့ အနာဂတ်ဟာ
အိပ့်မက်ဆိုးတွေနဲ့ အိပ့်မက်တစ္ဆေ
ခြောက်လှန့်လို့နေဆဲ  ခြောက်လှန့်လို့နေမြဲ..။
နှစ်ထောင့်ဆယ့်နှစ် ပြတင်းတခါးကနေ
အတိတ်ကိုငဲ့ကြည့် လိုက်တော့
ဝင်းဝါနေတဲ့ ပြည်မြန်မာဟာ
အ.......လာ.........လား
ဒဏ်ရာတွေပြည့်နှက်လို့ နေရော့လား..။
ဒီလိုနဲ့....ဆေးဆရာမဟုတ်တဲ့ ငါဟာ
ဆေးပညာ သင်ယူဖို့အတွက်
တောတွင်းမြို့ပါ နေရာအနှံ ငါရောက်ခဲ့တယ်..။
ဒဏ်ရာဗလပွနဲ့ အမိမြည်ကို
ဆေးကုဖို့ ကြိုးစား နေအခိုက်
အုတ်နံရံနဲ့ တိုင်တိုင်တွေကြား
မကြာဆိုသလို
ငါ- ရောက်ရောက်သွားတယ်..။
ဒီအတွက်...ပေးဆပ်ရမယ်ဆိုတဲ့ အသိ
ငါ့ရင်ထဲ အပြည့်ရှိနေတော့
မွေ့လျှော်ခြင်းကင်းမဲ့တဲ့  သံတိုင်နဲ့ နံရံအကြား
ငါဟာ နေ့သစ်များစွာကိုထုဆစ်
ပုဇင်းရင်ကွဲအသံတွေနဲ့
ညပေါင်းများစွာကို ကျော်ဖြတ်သန်းရင်း
မလင်းတလှည့်  လင်းတလှည့်
ပြည်သူတွေရဲ့ ဘဝများစွာကို ကယ်ထုတ်ဖို့
ငါဟာ ပြည်သူ့လွတ်မြောက်ရေးကို
အပတ်တကုတ် ကြိုးစားအားထုတ်လို့နေမြဲ..။
အမှား  အမှန်ကို ရှေ့နေငှါးရမ်းပြီး
တိုင်းရင်းသား အချင်းချင်း
စကားပြန်နဲ့ ရှင်းပြဖြေရှင်းနေရတဲ့
ခေတ်ညစ်စနစ်ဆိုးထဲမှာ
ကြောက်စရာကောင်းလောက်တဲ့
စစ်လက်နက်ပုခုံးထမ်း လူတွေ
နေ့သစ်များစွာရဲ့ အနာဂတ်ကိုဝါးမြို
အနေချောင်ပြီး ခေါင်းရှောင်
လူသတ်လက်နက်ကိုင်သွယ်ပြီး
အမှောင်ချောင်ခိုနေကြမယ့် အတူတူ
ပြည်သူတွေကိုဖေးကူ လွတ်လပ်ရေးကို တဖန်
ငါတို့တတွေနဲ့ အတူတူ ပြန်လည်အရယူကြပါစို့....လား..။

လွတ်မလပ်သေးတဲ့ လွတ်လပ်ရေးနေ့အား ဤကဗျာဖြင့်
ဂုဏ်ပြုအပ်ပါသည်..။
· Dislike ·

freepoliticalprisoners@groups.facebook.com

"""အဖေ ငတ်နေတဲ့ သားနဲ့...သမီးငတ်နေတဲ့ အဖေ...''

လောကကြီးရဲ့ မတရားပုံများ....
လူရှင်သင်္ချိုင်းထဲမှာ...လူရှင်တွေက သေနေရသလို့....
လူသေလောကထဲမှာတော့ ...လူသေတွေက ရှင်လို့ ....
ဆိုတဲ့ ...ရပ်လည်းမနေဘူး..စုန်လည်းမခုန်ဘူး
နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာကြောင့်
ထောင်ကျနေတဲ့ အဖေကို သွားမတွေ့နိုင်ပဲ
အဖေငတ်နေတဲ့ ဝေဒနာ ကိုမြိုသိပ်
သမီးငတ်နေရတဲ့ အဖေတစ်ယောက်ရဲ့
နောက်ဆုံးအချိန် ကိုပြုစုရင်း
အဲ့ဒီအဖေရဲ့ သမီးကလည်း...
ထောင်ဆေးရုံကတောင်မနိုင်တော့တဲ့အခြေအနေနိုင်ငံတော် သမ္မတကြီးရဲ့ ကျေးဇူးတော်တွေပေါ့။
အော်...ပြည်သူတွေအတွက်
အသဲနှလုံးတွေ ကိုကြေမွှနေအောင်ခံစားပြီး
အာဏရှင် ဓါးသွားအောက်မှာ
ခါးထောက်ရပ်ဝံ့ ရဲရင့်သူတွေလေ...
သူတို့ကို ပိတ်လှောင်ထားရင်ပဲ
အစိုးရမင်းတို့ တရားဝင်မှုဟာ
ပိုပြီးတောက်ပ လာ မှာလား...
သူတို့ကို နှိပ်စက်ထားရင်ပဲ
ဒီမိုကရေစီနိုင်ငံတော်ကြီးက
ပိုပြီး ဖွံဖြိုးလာ မတဲ့လား...
''''' ဂွတ်ဂါးဗားမန့်
ကလင်းဂါးဗားမန့်'''ဆိုတဲ့
အုပ်ချုပ်ရေး ယန္တရားကြီးကရော
ဆက်လက် ခုတ်မောင်းနိုင်ဦး ထင်ရော့လား...
မကြာခင်တနေ့......
'''''ဂ'''ငယ်ကွေ့မှာ
(ခင်ဗျားတို့ အာဏရှင်တွေ )
''''''''အရှင်လတ် လတ်ဝဠ်လည်စေရမယ်ဟေ့''''

( ညီကို တို့ ခင်ဗျား...ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေရဲ့ ဘဝ စွန့်ဝံ့သူတွေရဲ့ စိတ်ထားက အခြေယိုင်ပေမဲ့ အသေခိုင်မြဲတဲ့ စိတ်ဓာတ်ကို ကျောထောက်ကာရင်ကော့ ခေါင်းမော့ သူတွေမို့ အဖန်ဖန် အက်နေတဲ့ ဘဝနဲ့ သူတို့ ရဲ့ မီသားစု ဘဝပျော်ရွှင်အောင် လိုအပ်သော ဆန္ဒပြည့်ဝအောင်ဆုတောင်းကြပါစို့ လို့ နှိုးဆော်တိုက်တွန်းပါရစေ ခင်ဗျား။) ..နန္ဒထွန်း..၉၆

သမ္မတကြီး နောက်ကျောကကြိုးတချောင်း

သမ္မတကြီး နောက်ကျောကကြိုးတချောင်း

သမ္မတကြီးရဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ကလိမ်ကကျစ်လုပ်ရပ်တခုနဲ့ ဖျာပုံ လွတ်လပ်ရေးနေ့ဈေးရောင်းပွဲတော် မှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ကတားမြစ်ခိုင်းလို့ ဗိုလ်ချုပ် နဲ့ ဒေါ်စု
ပုံတွေရောင်းချခွင့် ပိတ်ပင်မှု့....ဒါတွေဟာ ကွင်းဆက်တွေဖြစ်ပါတယ်.....။
နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ် (၄)ရက်နေ့နဲ့ (၁၂)ရက်နေ့ နှစ်ကြိမ် ခွဲလွှတ်မယ် စသည်ဖြင့်
ဘူတာရုံဝန်ကြီး ဦးအောင်မင်း၊ရွှေမန်း၊တင်အေး တို့ရဲ့ ကမ္ဘာသိပြောကြားခဲ့တဲ့ ကတိစကားတွေဟာ တကယ်အစီအစဉ်အတိုင်း မလှည့်မပတ်ပဲပြောသွားခဲ့တာပါ ။ ဒါပေမဲ့ ဒေါ်စု ရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်မှု့တွေ
ကြောင့် တင်အောင်မြင့်ဦး(ရှစ်လုံး)နဲ့ ဇတ်မင်းသားကြီးကျော်ဆန်း. ၊အောင်သောင်း တို့ရဲ့ သံပတ်တင်းမှု့တွေနဲ့
တပ်ချုပ်ကြီးက လျှီုဝှက် အမိန့်တွေ ဆင့်ကဲထုတ်ပြီး မျက်လှည့်ပွဲက ပုဝါနီ ကိုဖွင်ပြလိုက်တာပဲဖြစ်ပါတယ်  ။
ငါတို့ အာဆီဟံထိုင်ခုံနဲ့တင် ကျေနပ်တယ် အမေရိကန် မလိုဘူး အဖေ တရုပ်ကြီးကို သီလဝါ ဆိပ်ကမ်းကြီးကို  ထိုးအပ်ပြီးသားပဲ လုံလောက်နေပြီ ဆိုတဲ့ သဘောနဲ့ စိတ်ကောင်းဖို့မစဉ်းစား အိပ်ဖောင်းဖို့သာစဉ်းစားနေကျလူ
တွေ ခေါင်းထောင်ထ လာတာပဲဖြစ်ပါတယ်...။ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေအတွက် ၊၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေအတွက် မျှော်လင့်ချက်မရှိတော့ သလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မှာလည်း သေနတ်မောင်းကွင်းထဲ လက်ညိုးပြန်တင်ထားရဦးမှာ သေချာနေပါပြီ ။
ဧပြီ (၁)ရက်နေ့ကြားဖြတ်ရွှေးကောက်ပွဲ ဆိုတာကရောဘယ်သူ က ဘယ်သူကို နှစ်ကောင်စားပြီး ကင်းဝင်နှိင်မလဲ
ကြည်ရပါတော့မယ် ။
 (အမေစုရေ...ဟီလာရီကလင်တန် နဲ့ နှစ်ယောက်ထဲ ခြံထဲဆင်း လမ်းလျှောက်ရင်းြေ့ပာလိုက်တဲ့ နောက်ဆုံး
တိုက်ကွက်တွေသာ ထုတ်သုံးလိုက်ပါတော့လားဗျာ....။)

ပြည်သူတွေကို ငဲ့ကွက်ညှာ ဒီလူတွေကို ထည့်တွက်ပါ

မင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ်နဲ့ ဒီငြိမ်းလင်း
ဦးခွန်ထွန်းဦး အရှင်ဂမ္ဘီရ နှိပ်စက်ခံနေရတဲ့ ပြည်ချစ်သားများ
ယုံကြည်ချက်တခုသာကိုင်စွဲ သူတို့လက်ထဲ ဘာများရှိလို့ပါလဲဗျာ....
သူတို့ဟာ တိုင်းပြည်အတွက်သာမျှော်ကိုး
ကိုယ်ကျိုးစွန့်ခဲ့ကြသူပါ
ယုံကြည်ချက်ကိုစိုက်ပျိုး
သမိုင်းရေးထိုးထားသူပါ
ပြည့်ဝမ်းမီးတောက် အစာအိမ်တွေခြောက်လို့
သံဃာလျှောက်ခဲ့ကြသူပါ
မင်းမှာသစ္စာ လူမှာကတိ
လွှတ်တော်ထဲမှာ တကယ်ရှိရင်
အသိစိတ်နဲ့ သတိချိတ်လို့
ဖိနှိပ်မှုတွေ ဖျောက်ဖျက်ပါ
ကိုယ့်ပြောစကား ကိုယ်မကြားပဲ
လားလားလေးမှ မရှက်ကြရင်
ကျမ်းသစ္စာတွေ စူးမှာပါ...
ရပ်ပဲနေနေ စုန်ပဲခုန်ခုန်
ပြည်သူမယုံတဲ့အစိုးရဟာ
ဘာများ စောက်သုံးကျတော့မလဲ
ကဲ... ..
လူရှင်သင်္ချိုင်း တံတိုင်းနောက်မှာ
ပြည်သူတွေချစ်တဲ့ ဒီလူတွေရှိတယ်
ပြည်သူတွေကို ငဲ့ကွက်ညှာရင်
ဒီလူတွေကိုထည့်တွက်ပါ...... ..။ ။
                             (ပြည်သူလူထုရဲ့ အသဲနှလုံးတွေကို လက်ငင်းဆွတ်ချင်ရင်
                              ယုံကြည်ချက်အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပါ)

ဦးသိန်းစိန်သို့ မေတ္တာစာ

နိုင်ငံတော်သမ္မတဆိုတာ...
ကိုယ်ချင်းစာစိတ်ဆိုတဲ့ယူနီဖောင်းနဲ့
ကျောသားရင်သား မခွဲခြားစတမ်း
ပြောတဲ့စကားတွေက စမ်းလိုအေးပြီး
ကျင့်တဲ့တရားတွေက ပန်းလိုမွှေးသင့်ပါတယ်.. .။
နိုင်ငံတော်သမ္မတဆိုတာ...
တိုင်းပြည်ကို တကယ်ကောင်းစေချင်ရင်
တိုင်းပြည်အပေါ် စေတနာထားသူ အားလုံးကို
ရဲရဲဝင့်ဝင့် လက်တွဲပစ်လိုက်ရမယ်... .။
နိုင်ငံတော်သမ္မတဆိုတာ...
ပြည်သူလူထုရဲ့ကျွန်အကြီးစားတယောက်ဖြစ်တယ်
ပြည်သူလူထု လိုလားတာ
မလုပ်ပေးချင်ဘူးဆိုရင်
ကျွန်အဖြစ်က အလုပ်ဖြုတ်
မောင်းထုတ်လိုက်ရုံပ..
နိုင်ငံတော်သမ္မတဆိုတာ... ..
... ... ... ... ... ... ...။ ။