Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ူlove song

ရှမ်းပြည်တောင်ပိုင်း တပ်များက အစိုးရ စစ်ယာဉ်တန်းကို ခြုံခိုတိုက်

  ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဌာနချုပ်ကိုပိတ်ဆို့ဝန်းရံထားသည့်အစိုးရတပ်ကိုစစ်ကူပေးရန်လာသော စစ်ယာဉ်တန်းတခုကိုရှမ်းပြည်တပ်မတော်တောင်ပိုင်းSSA-Sကဗုဒ္ဓဟူးနေ့တွင်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။
“ စစ်ရေးအရ တဖက်နဲ့ တဘက် ကူညီတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ရှေ့တန်းတိုက်ပွဲမှာ တိုက်ရိုက်
အကူအညီမပေးနိုင်တာတောင်မှကျနော်တို့ ရှိနေတဲ့ ဒေသတဝိုက်မှာကျနော်တို့ ရန်သူတွေကိုတိုက်ခိုက်ခြင်း
အားဖြင့်လက်ရှိဖြစ်နေတဲ့စစ်မျက်နှာပြင်တွေကိုကျနော်တို့အကူအညီပေးခြင်းဖြစ်ပါတယ်”ဟုဗိုလ်မှူးစိုင်းလောင်ဆိုင်  က မဇ္ဈိမကို ပြောသည်။
ရှမ်းပြည်တပ်မတော်-တောင်ပိုင်းက မဟာမိတ်အဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟုလည်း ခေါ်တွင်
သည့် ဗဟိုအစိုးရ၏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသော အဖွဲ့ကို ကူညီမှုဟု ရည်ညွှန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှကလည်း SSA-S ၏ ခြုံခို တိုက်ခိုက်မှုသည် SSPP ကို စစ်ရေးအရ တနည်းတလမ်းဖြင့် အကူအညီပေးခြင်း ဖြစ်ကြောင်း သဘောတူညီသည်။
SSPP ဝမ်ဟိုင်းဌာနချူပ် တောင်ဘက် ၁ဝ မိုင်အကွာရှိ ဝမ်ကျိန်းကျေးရွာအုပ်စုအတွင်း ၁ဝ မိနစ်ကြာ ဖြစ်ပွားသည့်
 ခြုံခို တိုက်ခိုက်မှုကြောင့် မိုင်းနောင်မြို့ အခြေစိုက် စကခ ၂ လက်အောက်ခံ ခမရ ၅၇၇ မှ ဗိုလ်မှူးကြီး ဝင်းညွန့်နှင့် တပ်ကြပ်တဦး၊ တပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။
သို့သော်လည်း မဇ္ဇျိမအနေနှင့် သီးခြားအတည်ပြုချက် မရရှိနိုင်ပါ။
ထိုနေ့တွင်ပင် ထော်လာဂျီကား ၅ စီးကို ချောဆွဲပြီး မိုင်းတုံတပ်စခန်းသို့ ရိက္ခာပို့သည့် ခမရ ၃၂၅ တပ်ကို SSPP ၏ စစ်တပ်ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်က ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
ပထမအကြိမ် တိုက်ခိုက်မှုတွင် တပ်သား တဦး ကျဆုံးပြီး၊ တပ်ကြပ်တဦး၊ ဒု တပ်ကြပ်တဦး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိကာ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ အများအပြား ရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း သူက ပြောသည်။
ဇူလိုင်လ၁၁ရက်မှစ၍ အစိုးရတပ်ကSSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ၁၈ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ပရဟိတတကျောင်းနှင့်မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ယနေ့တိုင်
 ကျောင်း မတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။
လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် အစိုးရတပ်များ
 ရောက်ရှိနေပြီး SSPP ဒေသဝန်းကျင်တွင် တပ်ရင်း ၂ဝ ခန့် တပ်စွဲထားသော်လည်း စခန်းသိမ်း ထိုးစစ်ဆင်မှု မဖြစ်ပွားသေးကြောင်း SSPP က ပြောသည်။
တနင်္လာနေ့က အစိုးရတပ်က ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး
ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်ဟုဆိုကာ SSPP က လက်မခံခဲ့ပေ။

စနေ, 30 ဇူလိုင် 2011 အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ

        (၁၈)ရက်ကြာမြန်မာစစ်တပ်တွေဟာတပ်အင်အားအလုံးအရင်းနဲ့ ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီဝမ်ဟိုင်းဌာနချုပ်စခန်းကနေတချို့တ၀က်ပြန်လည်ရုတ်သိမ်းသွားတယ်လို့ရှမ်းပြည်တိုးတက်ရေးပါ   တီခေါင်းဆောင်တွေကပြောပါတယ်။မြန်မာစစ်တပ်ကအခုလိုတပ်တွေရုတ်သိမ်းသွားတဲ့အတွက်စစ်ဘေးကနေ တိမ်းရှောင်နေတဲ့ရွာသားတချို့ဟာရွာထဲကိုပြန်လည်ဝင်ရောက်နေပြီလို့လည်းဆိုပါတယ်။ ဒါပေမဲ့အခြေအနေတွေဟာစောင့်ကြည့်ရမယ့်အနေအထားမှာပဲရှိနေသေးတယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီေ ခါင်းဆောင်တွေကပြောပါတယ်။ရှမ်းပြည်နယ်ကအခြေအနေအပြည့်အစုံကိုတော့ထိုင်းအခြေစိုက်သတင်းထောက်   နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်တွင်းမှာရှိတဲ့ဝမ်ဟိုင်းဌာနချုပ်ကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့မြန်မာစစ်တပ်တော် တ်ာများများဟာဇူလိုင်၂၉ရက်နေ့ကနေစပြီးတော့ပြန်လည်ရုတ်သိမ်းသွားပြီလို့ရှမ်းပြည်တိုးတက်ရေးပါတီဘက်ကေ နအတည်ပြုပြောဆိုခဲ့ပါတယ်။အခုလိုတပ်ရုတ်သိမ်းသွားတာဟာထူးခြားမှုရှိတယ်လို့ရှမ်းပြည်တိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှကအခုလိုပြောပါတယ်။
“အခုကျနော်တို့ဝမ်ဟိုင်းဌာနချုပ်ဝန်းကျင်မှာတပ်ရင်း၆ရင်း၇ရင်းလောက်ပဲကျန်တော့တယ်။အဲဒီအလုံးအရင်းနဲ့ လာတဲ့တပ်တွေသူတို့ပြန်ရုတ်သိမ်းသွားတယ်။ဝမ့်မိန်မှာတော့ကျန်သေးတယ်။ဆုတ်တာနည်းနည်း အပြင်ဘက်ကျ တဲ့နေရာပေါ့။အတွင်းပိုင်းတော့နည်းနည်းရှိသေးတယ်။တခြားတပ်တွေအစားထိုးတာဆိုရင် အဲဒီတပ်တွေရောက်မှ ရုတ်မယ်လေ။ အခုဟာက အရင်ရုတ်သိမ်းသွားတယ် ဆိုတော့ တမျိုးတော့ ထူးခြားတာပေါ့။”
ဝမ်ဟိုင်းဌာနချုပ်ကိုမြန်မာစစ်တပ်ကတပ်ရင်း၂၀လောက်ဝိုင်းပတ်ပိတ်ဆို့ထားရာကနေအခုလိုတပ်တွေရုတ်သိမ်း သွားခဲ့ပါတယ်။ရှမ်းပြည်တိုးတက်ရေးပါတီခေါင်းဆောင်တွေအနေနဲ့ကတော့အခုလိုတပ်ရုတ်သိမ်းသွားတဲ့  အပေါ်ထင်မြင်ချက်သဘောထားကို ဗိုလ်မှူးစိုင်းလှကနေ အခုလို ပြောဆိုပါတယ်။
“သူတို့ကအပစ်ရပ်စဲချင်လို့လား။နည်းဗျူဟာပြောင်းဖို့လား။တပ်မတွေနဲ့အစားထိုးဖို့လား။အဲဒါဘယ်လိုဖြစ်လာမလဲ ဆိုတာ ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်။”
ဆုတ်ခွာသွားတဲ့မြန်စစ်တပ်နောက်ကိုရှမ်းပြည်တိုးတက်ရေးပါတီတပ်တွေကနေလိုက်လံတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ် လို့အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလှကပြောပါတယ်။ဇူလိုင်လ၁၁ရက်နေ့ကစတင်ခဲ့တဲ့ဝမ်ဟိုင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲဟာရက်သီတင်းပတ် နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုကိုတော့ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။
“သူတို့ဘက်က ဒဏ်ရာရတာ ၁၅၀ ၀န်းကျင်လောက် ရှိမယ်။ ကျနော်တို့ဘက်က ၁၀ လောက်ပေါ့။”
အခုဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကျဆုံးမှုစာရင်းကိုတော့သီးခြားအတည်မပြုနိုင်သေးပါဘူး။ မြန်မာစစ်တပ်ကနေတပ်တွေရုတ်သိမ်းသွားတဲ့အတွက်ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံရွာသားတချို့ ဟာလည်း ရွာထဲပြန်ဝင်လာတယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။
“ဒေသခံပြည်သူ တချို့တော့ ရွာထဲပြန်ဝင်လာကြပြီခင်ဗျ။ အားလုံးတော့ မလာသေးဘူး။ တချို့လဲ နည်းနည်းဝေးတာကို ထွက်သွားတာ။ အနီးနားပတ်ဝန်းကျင်က တချို့တော့ နည်းနည်း ပြန်ဝင်လာတယ်။”
၁၈ ရက်လောက် ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ တိုက်ပွဲတွေကြောင့် ၀မ်ဟိုင်းဒေသနဲ့ ဆက်စပ်ရာဒေသတွေကထောင်နဲ့ချီတဲ့ရွာသားတွေဟာစစ်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရသလို ကျောင်းသား ၁ ထောင်ကျော်ဟာလဲ ကျောင်းတွေပိတ်ထားရတဲ့အတွက် စာသင်ကြားခွင့်ကင်းမဲ့ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာအစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခဲ့တာ ပိုပြီးများလာပါတယ်။အခုဆိုရင်အပစ်အခတ်ရပ်စဲထားတဲ့ကေအိုင်အို ခေါ် ကချင် လွတ်လပ်ရေးအဖွဲ့အပေါ်မှာရော၊ ရှမ်းပြည်တိုးတက်ရေးပါတီအပေါ်မှာပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာနို   င်ငံရေးနည်းလမ်းအရတွေ့ဆုံဆွေးနွေးဖို့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကနေနိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုဇူလိုင်၂၈ရက်နေ့မှာအိပ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့ပါတယ်။အခုလို ဒေါ်အောင် ဆန်းစုကြည်ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ  ကလဲ ထောက်ခံကြိုဆိုနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

အစိုးရဆိုတာ သူခိုးဓားပြတဲ့လား

အစိုးရဆိုတာ သူခိုးဓားပြတဲ့လား
စိန်သံလုံး

အစိုးရဆိုတာ
သူခိုးဓားပြလို မလုပ်ရဘူး
အကျိုးမျှမျှတတဖြစ်အောင်
သူ့အကျိုး ကိုယ့်အကျိုးကို ကြည့်ပြီး
မျှတမှုကို ကိုင်စွဲထားမှ
ခိုင်မြဲတဲ့ ပြည်သူ့အစိုးရဖြစ်မယ်။

ခုတော့ဗျာ
ကျုပ်တို့တိုင်းပြည်မှာ
သူခိုးဓားပြလို စိတ်ဓာတ်နဲ့ 
ဥပဒေမဲ့ လုပ်ချင်ရာလုပ်ပြီး
အုပ်ချုပ်နေတဲ့ လူတွေကို
အစိုးရလို့ခေါ်ရမှာလား ...
ရှင်းရှင်းပဲခေါ်ချင်တယ် “သူခိုးဓားပြတို့ရေ” ...။

အကျိုးမမျှတဲ့ လုပ်ရပ်တွေနဲ့
သူခိုးဓားပြတွေ အုပ်ချုပ်ခြင်းကိုခံရတဲ့ ...
သူခိုးဓားပြလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့
ဒုက္ခဆိုးတွေကို ခ၀ါချချင်နေတဲ့ ...
ကျုပ်တို့မြန်မာပြည်သူတွေကို
ကမ္ဘာက ဒီအတိုင်းပဲ ကြည့်နေတော့မှာလား
မသာက ဒီအတိုင်းပဲ ရှိနေတော့မှာလား ...။ ။

နေမျိုးအေးရဲ့ ကာတွန်းအတွေး

မလေးရှားပွဲစားက ရိုက်နှက်လို့ မြန်မာအမျိုးသမီး ၄ ဦး ထွက်ပြေးနေရ

2011-07-30
မလေးရှားနိုင်ငံ မလက္ကာမြို့က TJR လေအေးစက် အပိုပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးဟာ အလုပ်ပွဲစားက မတရား ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် နောက်ထပ် နှိပ်စက်မှုကနေ လွတ်မြောက်အောင် ထွက်ပြေး ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။
AFP
မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော အင်ဒိုနီးရှား အမျိုးသမီးများ အလုပ်နားချိန်အတွင်း အဆောင်တွင် အိပ်စက်နေပုံ ဖြစ်ပါသည်။
လောလောဆယ် ဒီအမျိုးသမီး ၂ ဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ အခြေစိုက် လူ့အခွင့်အရေး ရှေ့နေတွေက ကာကွယ်စောင့်ရှောက်ထား ပြီး အဲဒီ ရှေ့နေတွေကပဲ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အကူအညီ ပေးနေသူ မြန်မာနိုင်ငံသား တဦးက ပြောပါတယ်။

ဒီ မြန်မာအမျိုးသမီး ၂ ဦးဟာ မလေးရှားနိုင်ငံမှာ တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ အဲဒီစက်ရုံမှာ အလုပ်လုပ်နေတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သူတို့ရဲ့ အလုပ်ပွဲစား တရုတ်လူမျိုး Mr. Yeo ဆိုသူက အလုပ်ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်းခိုင်းတဲ့အလုပ်ဟာ သူတို့ မလုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်တဲ့အတွက် မလုပ်လိုကြောင်း ငြင်းဆန်ရာမှာ ပွဲစားက တပည့်တွေ ခေါ်လာပြီး အမျိုးသမီး ၂ ဦးစလုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အတူနေထိုင်သူ နောက်ထပ်အမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက်ထား တဲ့အတွက် ၄ ဦးစလုံး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကမ္ဘာမြေပြင်ပေါ်မှ ထူးဆန်းသောသတ္တ၀ါ...

ဒီသတ္တ၀ါကိုကြည့်ပြီး ထင်မြင်ချက်ပေးဖို့ရာ ခက်ခဲလှပါတယ် ။ ကျွန်တော်တို့အတွက် တွေ့ဖူးသမျှ သတ္တ၀ါတွေ ထဲမှာ အဆန်းဆုံးလို့ ပြောရမှာဖြစ်ပါတယ် ။ အရှင်းဆုံးပြောရရင်တော့ ဒီဟာ ဘာကောင်လဲဆိုတာ ခန့်မှန်းဖို့
ကျနော် မတွေးတတ်ပါဘူး ။ ဒီတော့ ဒီသတ္တ၀ါဟာ အဖြေတက် မေးခွန်းတွေပိုများလာစေမယ့် သတ္တ၀ါပဲ ဖြစ်ပါ တယ် ။ ရရှိတဲ့နေရာကတော့ ထိုင်းနိုင်ငံကျေးရွာလေးတစ်ရွာကလို့ သိရပါတယ် ။ ဒေသခံတွေကတော့ နတ်ရိုးရာ
ယုံကြည်မှုရှိသူတွေပီပီ ဒီသတ္တ၀ါကို လာဘ်လာဘတိုးပွားစေတဲ့အဆောင်အဖြစ်ပူဇော်ပသ နေကြ တာကိုလည်း တွေ့ မြင်နိုင်ပါတယ် ။
အသက်ရှိတဲ့ သက်ရှိသတ္တ၀ါလို့ ယူဆတဲ့အတွက် ပန်ကာဖွင့်ပေးထားပြီး အမျိုးမျိုးသောဆုတောင်းမှုတွေပြု လုပ်ကြတဲ့အတွက် လာရောက်လေ့လာသူတွေနဲ့စည်ကားလျှက်ရှိတယ်လို့ သိရပါတယ် ။

 အမေ့အိမ်မှပြန်လည်မျှဝေသည်..

အိမ်လွမ်းသူ ဆိုဒ်မှ မွန်လေး တင်ထားတဲ့ပို့လေးကိုပြန်လည်ဖော်ပြပေးတာပါ..(ကူယူခွင့်ပေးတဲ့ အတွက်ကျေဇူးအထူးတင်ရှိပါတယ်။)

ရင်ထဲက ရှစ်ဆယ့်ရှစ် (အပိုင်း - ၂)

မာင်မောင်ဝမ်း
ဇူလိုင် ၃၁၊ ၂၀၁၁

တကယ်တော့ ဗိုလ်ချုပ်ကြီးနေဝင်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဦးနေဝင်း) ၁၉၆၂ ခုနှစ်မှာအာဏာသိမ်းလိုက်ခြင်းဟာဒီမိုကရေစီကိုသင်းကွပ်ပစ်လိုက်တာပဲဖြစ်ပါတယ်။သူအာဏာရချိန်ကစ လို့ပါတီစုံဒီမိုကရေစီဆိုတာလည်းဆိတ်သုဉ်းသွားရရှာတယ်…။၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြီး၊တိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့သွားတယ်….စီးပွားရေးပုံစံမှာလည်း ဆိုရှယ်လစ်စီး ပွားရေးဆိုပြီးပြည်သူပိုင်အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်..တံခါးပိတ်စီးပွားရေးမူဝါဒကိုချမှတ်ပြီး နိုင်ငံ တကာရဲ့လာရောက်ရင်းနှီးမြုပ်နှံမှုတွေကိုလက်မခံဘူး။အဲဒီတော့ဘာဖြစ်လာလဲဆိုတော့မှောင်ခိုစီးပွားရေး စနစ်ဟာ…မဆလအစိုးရခေတ်မှာအရမ်းကြီးထွားခဲ့တယ်…ကျနော်တို့တိုင်းပြည်ကနည်းပညာအားနည်းေ တာ့..ဘာများ ဖြစ်ဖြစ်မြောက်မြောက် တီထွင်နိုင်မှာလဲ။ 
ပြည်တွင်းမှာထုတ်လုပ်တဲ့ခပ်ညံ့ညံ့ပစ္စည်းတွေကိုပဲသုံးစွဲရတော့တယ်။ကျနော်တို့ ကျောင်းသားဘဝ ကတက္ကသိုလ်အဆောင်တွေမှာပေးထားတဲ့ဆင်တဲထုတ်ရုပ်မြင်သံကြားတွေဆိုဒီနေ့လူငယ်တွေ တွေ့လိုက်ရ င်ရယ်ကြမှာအမှန်ပဲ။ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုးနောက်တခါအံ့အားသင့်စရာမဆလအစိုးရရဲ့လုပ်ရပ် တခုရှိသေးတယ်ဗျ…။ပိုက်ဆံချမ်းသာလို့အဖမ်းခံရတယ်ဆိုရင်…ယုံမလားမသိဘူး ...။အဲဒါတကယ်ပါ … ပိုက်ဆံချမ်းသာတဲ့သူတွေကို‘ဆူဇကာစစ်ဆင်ရေး’ဆိုပြီးထောင်ထဲထည့်ထားတယ်….။သဘောကတော့ … ဂုတ်သွေးစုတ်အရင်းရှင်တွေပေါ့ … ဒီလုပ်တွေလုပ်လာနေမှာတော့ … ဒီတိုင်းပြည်မှ မမွဲ ... ဘယ်သူ မွဲတော့မှာလဲ …။ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတယ် …ဒီလိုနဲ့ … ၁၉၆၂ စစ်အာဏာသိမ်းစဉ်က ပါဝင်ပြီးတော်လှန်ရေးကောင်စီလို့ခေါ်တဲ့စစ်ကောင်စီမှာအကြီးအကဲတယောက်အဖြစ်ပါဝင်ခဲ့တဲ့ … ဦးအောင်ကြီး(ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ...ခဏလေးဥက္ကဋ္ဌဖြစ် ခဲ့ဖူးသူ)သူကဦးနေဝင်းဆီပေးပို့ထားတဲ့..စာမျက်နှာ၄၀ကျော်ပါစာတမ်းတခုကလူထုကြားထွက်ပေါ်လာ တယ်လေ…။ဦးအောင်ကြီးဟာဦးနေဝင်းရဲ့အမျက်တော်ရှမှုကြောင့်အာဏာရုတ်သိမ်းခံရသူတယောက်ပေါ့။ မဆလကနေအထုတ်ခံလိုက်ရပြီး...ရန်ကုန်မြို့စမ်းချောင်းအရပ်ဒေသမှာလက်ဘက်ရည်ဆိုင်ကြီးဖွင့်ထား ပြီး … နိုင်ငံကျော် ‘အောင်ကြီးကိတ်’ ဆိုတာ သူ့စီးပွားရေးလုပ်ငန်းတွေပါ …။ 
သူ့စာတမ်းက… လူထုကြားမှာ တော်တော်လေး ပြန့်ပြန့်နှံ့နှံ့ ရောက်သွားခဲ့တယ် …။ ဗိုလ်ချုပ်ကြီး ခင်ဗျာဆိုအစချီထားပြီး…ဖြစ်ပေါ်နေတဲ့…လူမှုစီးပွား၊ နိုင်ငံရေး အကြပ်အတည်းတွေကို တင်ပြထားတယ် …။ဒါပေမယ့်သူ့စာထဲမှာဦးနေဝင်းကိုတော့အပြစ်ဖို့မထားဘူး…။ဒါတွေဦးနေဝင်းမသိပါဘူးပေါ့။  (သဘောကတော့…သူမသိလို့...ဒီလိုတွေဖြစ်နေရတာပါပေါ့)…နောက်တခါ၁၉၆၂အာဏာသိမ်းစဉ်ကေ   ကျာင်းသားသမဂ္ဂအဆောက်အဦကိုဗုံးဖောက်ခွဲပြီး ကျောင်းသားအများအပြား သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ် မှာသူရောဦးနေဝင်းရောနှစ်ယောက်လုံး..အပြစ်ကင်းမယ့်လေဟန်တွေပါပါဝင်တယ်။(၁၉၆၂အာဏာသိမ်းေ  တာ့စစ်အာဏာရှင်များဟာရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့ကျောင်းသားသမဂ္ဂအဆောက်အဦးကိုဗုံးဖော က်ခွဲပြီးပစ်ခတ်နှိမ်နင်းတဲ့အတွက်ကျောင်းသားပေါင်းများစွာသေကြေခဲ့ရပါတယ်…။များစွာထောင်သွင်း အကျဉ်းချခြင်းခံခဲ့ရပါတယ်။အဲဒါကိုတော့ဆဲဗင်းဂျူလိုင်ကျောင်းသားလှုပ်ရှားမှုလို့သမိုင်းတွင်စေခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ခွင့် မပေးတော့တာ အခုထိပါပဲ)။
ဘာပဲဖြစ်ဖြစ်..ဦးအောင်ကြီးရဲ့စာတမ်းကတော့မျက်မှောက်အခြေအနေနဲ့အနီးစပ်ဆုံးအံဝင်ဂွင်ကျ  ဖြစ်သွားတဲ့အတွက်လူထုကြားမှာတော်တော်ဂယက်ထသွားပြီဘယ်လောက်ထိဂယက်ရိုက်သလည်းဆိုတော့ ပါတီညီလာခံမှာဦးနေဝင်းကိုယ်တိုင်ကျောင်းသားသမဂ္ဂကိစ္စကိုဖြေရှင်းချက်ပေးရတော့တယ် …။ သူ့ဖြေရှင်းချက်ကဦးအောင်ကြီးကိုပဲပြန်ပြီးလက်ညှိုးထိုးတရားခံအဖြစ်အပြစ်ဖို့သယောင်ယောင် ပြောဆို ချက်တွေနဲ့ပြောဆိုထားတယ်လေ။အဲဒီပါတီညီလာခံမှာပဲဦးနေဝင်းကနိုင်ငံရေးအစတခုကိုဟပေးလိုက်တယ် …။တိုင်းပြည်ကိုတပါတီစနစ်နဲ့ပဲသွားမလား…။ပါတီစုံစနစ်နဲ့ပဲသွားမှာလားဆိုတာအဆုံးအဖြတ်ပေးဖို့ … ညီလာခံကိုတင်ပြခဲ့တယ်။အဆိုးဆုံးကလူထုကိုစိမ်ခေါ်တဲ့စကားပြောဆိုသွားတာပါ..။ကျနော်တို့တခုတည်းေ  သာမြန့်မာ့ရုပ်မြင်သံကြားကတဆင့်ပါတီညီလာခံကျင်းပတာကိုကြည့်လိုက်ရတယ်။ကျနော်မှတ်မိသေးတယ် ဦးနေဝင်းဟာ..မိန့်ခွန်းပြောဆိုနေရင်းကဒေါသတွေထွက်လာတယ်။(ကြည့်ရတော်တော်ကိုရုပ်ဆိုးတာပါ)  ဘာပြောသလဲဆိုတော့“ဒီတခါတိုင်းပြည်မှာဆူဆူပူပူလုပ်တဲ့သူတွေကိုသတိပေးချင်တယ် … … စစ်တပ်ဆိုတာမိုးပေါ်ထောင်မဖောက်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…နောက်တခါဆူဆူပူပူလုပ်လို့ ကတော့..လုပ်တဲ့သူတွေမလွယ်ဘူးသာပြင်ဆိုတော့တိုင်းပြည်ကလူထုကပိုချဉ်သွားကြတော့တယ်။ စဉ်းစားကြည့်ပါတိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူပြောအပ်တဲ့စကားလားဆိုတာဒါဟာခေတ်အဆက်ဆက် ကျန်ရစ်နေတဲ့ဦးနေဝင်းရဲ့သမိုင်းဝင်မိန့်ခွန်းပါ။လူထုကဘာဖြစ်လာသလဲဆိုတော့။ကြောက်လန့်မလာဘဲ  ဒါသတွေပိုထွက်လာကြတယ်။နဂိုကမှအထွေထွေအကြပ်အတည်းတွေငွေစက္ကူတွေကိုတရားမဝင်သတ်မှတ် လိုက်တဲ့ကိစ္စတွေကြောင့်မကျေနပ်မှုအဆိုင်အခဲက ဦးနေဝင်းမိန့်ခွန်းကြောင့် … ပိုဆိုးလာကြတယ်။
ကျနော်ဇာတိမြေကိုပြန်ရောက်တော့ထူးခြားချက်တခုကသက်ဆိုင်ရာနယ်မြေများမှာပါတီဝင်များ  ကနေကျောင်းသားများကိုအနီးကပ်စောင့်ကြည့်ဖို့ကိုညွှန်ကြားထားတယ်လေ…။ကျနော်ရေနံချောင်း ပြန်ရောက်တော့အိမ်ကခြံဝန်းအတွင်းမှာစစ်ပြန်၊စစ်မှုထမ်းဟောင်းအမိန့်ရလိုင်စင်ထန်းရည်ဆိုင်ငှားတယ်။ အဲဒီမှာတာဝန်ခံလုပ်နေတဲ့ဦးအံ့မောင်ဆိုတာသူကရပ်ကွက်ပါတီစိတ်မှူးသူ့ကိုမြို့နယ်ပါတီယူနစ်ကတာဝန်ေ                                                                                                                                                                                                                                                    ပးထားတာ။ကျနော့်ကိုအနီးကပ်စောင့်ကြည့်ဖို့ပေါ့။ကျနော်ကလည်းဟန်မပျက်နေရတယ်။သူကလည်းအရိ ပ်တကြည့်ကြည့်။ကျနော်အိမ်ကိုဝင်ထွက်သွားလာတတ်တဲ့သူငယ်ချင်းတွေကိုအမြဲလေ့လာတယ်။ ပြီးရင်မှတ်တမ်းတင်တယ်သတင်းပို့တယ်။ဦးအောင်ကြီးစာတမ်းတွေကိုဖြန့်တော့သူငယ်ချင်းတယောက်က စာရွက်တွေကိုကော်ပီကူးလို့ရအောင်လက်နဲ့လုပ်ထားတဲ့ပစ္စည်းလေးသူကဖန်တီးလာတယ် … လုပ်ရမယ့်နေရာကလည်းမရှိတော့ကျနော့်အိမ်မှာပဲကူးကြတယ်။ကျနော်ကတခုကြံရတော့တယ်…။ အခန်းထဲမှာဆိုရိပ်မိနိုင်တယ်။ဒါကြောင့်အခန်းထဲမှာမကူးဘဲအပြင်မှာပဲပေါ်တင်လုပ်တယ်။ဘယ်လိုလုပ်သ    ဆိုတော့ကူးပြီးသားစာရွက်တွေကိုဖွက်ထားတရွက်ထွက်လာတရွက်ဖွက်ပေါ့။ဘေးနားမှာဆယ်တန်းသင်္ချာ သင်ကြားချက်စာရွက်တွေကိုအသင့်ပုံထားတယ်။ထင်တဲ့အတိုင်းသူကလာကြည့်တယ်။ဘာတွေလုပ်နေကြ တာလဲပေါ့။ 
ဒါနဲ့ကျနော်က“ကျောင်းအားရက်သုံးဖို့ပိုက်ဆံမရှိတာနဲ့၊ကျူရှင်ကစာရွက်တွေကိုကူးရင်းပိုက်ဆံ ရှာနေတာပါ”လို့ဆိုတော့ သူကတရွက်ယူကြည့်ပြီး … အဖြေကို ကျေနပ်သွားပုံရတယ်…
“ကောင်းပါတယ် … မုန့်ဖိုးရှာကြပေါ့ … ပေါက်တတ်ကရတွေ မလုပ်ပြီးတာပါပဲ”
ကျနော်ကမကျေနပ်တဲ့ပုံနဲ့ …“ ပေါက်တတ်ကရတွေဆိုတာ… ဘာကို ဆိုလိုတာလဲဗျ”
“ဆူဆူပူပူမလုပ်ရင်ပြီးတာပါပဲကွာ၊ငါ့ကိုပါတီကခိုင်းထားလို့ကွ…ငါလည်းမင်းကို စောင့်ကြည့်ရတာ တဒုက္ခ…”သူကရိုးတယ်…သူ့ရင်ထဲကပွင့်ပွင့်လင်းလင်းထွက်ကျလာတယ်။ကျနော်သနားသွားမိတယ်။
ကျနော်တို့ဖြန့်လိုက်တဲ့ဦးအောင်ကြီးစာတမ်းတွေကလည်းလက်သိပ်ထိုးတော်တော် ပြန့်သွားတယ်။ အဲဒီကာလတွေကရေဒီယိုအသံလွှင့်ဌာနဆိုတာသုံးခုလားပဲရှိတယ်။ဘီဘီစီရယ်၊ဗွီအိုအေ၊အောလ်အိန္ဒိယ တသက်လုံးကရေဒီယိုနားမထောင်ဘူးတဲ့ကျနော်တို့တတွေအခုမပြတ်တမ်းနားထောင်နေရတယ်လေ။ လူတွေတော်တော်များများလည်းနားထောင်ကြတယ်။တိုင်းကျော်လက်ဘက်ရည်ဆိုင်မှာရေဒီယိုအသံလွှင့် ထားတော့လဘက်ရည်လာသောက်သူရောပြင်ပကသူတွေရောနေ့စဉ်လာနားထောင်ကြတာအများသား လား။အဲဒီမှာသတင်းထောက်ခရစ္စတိုဖာဂါးနက်ဆိုသူကကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်၊ ကိုဌေးအောင်၊ကိုတင်မောင်မောင်ထွေး၊ကိုကိုလတ်တို့နဲ့တွေ့ပြီးအဖမ်းခံလိုက်ရတဲ့ကျောင်းသူတွေထဲက… တယောက်ပေါ့၊သူ့နဲ့အင်တာဗျူးခန်းကလူထုစိတ်ကိုနှိုးဆွစေခဲ့တာသူကအဖမ်းခံရစဉ်မှာလုံခြုံရေးတပ်သားေ တွရဲ့မုဒိန်းကျင့်ပုံတွေကိုပြောပြတယ်။ကြားရတဲ့လူထုရင်ထဲမခံစားဘဲမနေနိုင်ကြတော့ဘူး။ မျက်ရည်ကျကြတယ်။ ကျနော်တို့ကလည်းလူထုအရေးတော်ပုံကြီးပေါ်ပေါက်ရေးအတွက်တမြို့နယ်နဲ့တမြို့နယ်လျှို့ဝှက်ဆက် သွယ်ကြ၊အသင့်ပြင်ကြပေါ့။ဒီကြားထဲမှာလူထုရဲ့အစိုးရပေါ်မကျေနပ်မှုကြီးကို အာရုံပြောင်းစေချင်တော့။ မဆလအစိုးရကဘာလုပ်သလဲဆိုတော့လူမျိုးရေးအဓိကရုဏ်းကိုဖန်တီးပေးလိုက်တယ်…။ဒါကလည်း ဦးနေဝင်းအာဏာသိမ်းပြီးကတည်းကတိုင်းပြည်မှာအစိုးရကိုလူထုကမကျေနပ်မှုကြီးလာပြီဆိုအာရုံပြောင်း                                                                                                                                                                                                                                                        အောင်လုပ်နေကြ။ဒါမှအစိုးရကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမပေါ်ပေါက်တော့မှာကိုး တောင်ကြီး၊ အောင်လံ၊၊ ပြည်ပဲခူးဘက်တွေမှာကုလားဗမာအဓိကရုဏ်းတွေဖြစ်တယ်။မွတ်စလင်တော်တော်များများခံလိုက်ရတယ် ။သေဆုံးမှုတချို့ရှိခဲ့တယ်။ဒီအချိန်မှာတနိုင်ငံလုံးကိုရိုက်ခတ်စေမယ့်တပ်လှန့်သံကအသံလွှင့်သတင်းဌာ နတွေကထွက်လာပြီ၁၉၈၈သြဂုတ်လ၈ရက်နေ့မှာတနိုင်ငံလုံးမဆလလို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရကိုတပြိုင်နက်တည်းတော်လှန်ကြမယ်။လူထုတော်လှန်ရေးကြီးဆင်နွှဲကြမယ်။ အဲဒီနေ့ကလည်းသိပ်ထူးခြားတဲ့နေ့ရှစ်လေးလုံးပေါင်းဆုံထားတဲ့နေ့ ၈. ၈. ၁၉၈၈။ သတင်းတွေကပြန့်နေပြီအရပ်ထဲ၊ရွာထဲ၊ဈေးထဲ၊ကျောင်းထဲကျောင်းသားတွေဆန္ဒပြကြတော့မယ်တဲ့။ ဒါပေမယ့်မဆလအစိုးရကသိပ်ထိတ်လန့်ပုံတော့မပြဘူး။အရင်အခါတွေတုန်းကလိုနှိမ်နင်းပြလိုက်ရင်   ပြတ်သွားမယ်ပဲထင်နေဆဲ။တနိုင်ငံလုံးမှာသူတို့ပါတီတွေလုံခြုံရေးတွေကိုနည်းနည်းပါးပါးတပ်လှန့်ထားရုံ ကလွဲလို့ဆရာတွေကိုယ်တိုင်ကင်းစောင့်နေရတယ်။                                                                   ကျနော်တို့အားလုံးစီစဉ်ရတော့တယ်။အဲဒီမှာပြဿနာကဘာလဲဆိုတော့ကျနော်တို့ကကျောင်းသားတွေမှာ ဝင်ငွေမရှိဘူးပိုက်ဆံဆိုတာမိဘတွေကပေးမှမုန့်ဖိုးအဖြစ်ရကြတာ။နယ်အသီးသီးကိုသွားဖို့ဆက်သွယ်ဖို့ စာရွက်စာတမ်းတွေဖြန့်ဝေဖို့ငွေလိုတယ်။လူတကာဆီလိုက်အလှူခံလို့ရတဲ့အမျိုးလည်းမဟုတ်ဘူး။ဒါနဲ့ လျှို့ဝှက်အစည်းအဝေးထိုင်ဘာလုပ်ခဲ့ရသလဲဆိုတော့ချဲရောင်းမယ်။များများစားစားမဟုတ်ဘူး။၁၀ဖိုး အကွက်လားမသိဘူး။ဒါနဲ့လူခွဲပြီးလိုက်ရောင်းတယ်။တယောက်ကမေးတယ်။ပေါက်ရင်ဘယ်လိုလုပ်မလဲ ဆိုတော့ငါတို့က()ရက်နေ့မှာလူထုအုံကြွမှုစမှာချဲက၁၅ရက်နေ့မှထွက်မှာအဲဒီတော့ဒါထည့်တွက်ဖို့ မလိုတော့ဘူး။ပေါက်တဲ့သူရှိရင်လည်းတောင်းပန်လိုက်မယ်ကွာဆိုပြီးကိုယ်မြင်တဲ့အမြင်သေးသေးလေးေ လးနဲ့ဖြေရှင်းခဲ့ကြတယ်။ချဲရောင်းလို့ရတဲ့ငွေတွေနဲ့နယ်အသီးသီးကိုသွားကြစာရွက်စာတမ်းတွေ ဝေကြပေါ့။ ဒီလိုနဲ့တဖြည်းဖြည်း(သြဂုတ်လ၈ရက်နေ့)နီးကပ်လာတယ်။တနေ့ကျနော့်သူငယ်ချင်းတယောက်ကအူယား ဖားရားသတင်းလာပေးတယ်။
“ဟေ့ကောင်…ငါသတင်းအတိကျရထားပြီ၊ပါတီယူနစ်အတွင်းသတင်းကပေါက်ထွက်လာတာ။ ငါတို့ကျောင်းသားတွေကိုဒီရက်ပိုင်းအတွင်းအကျယ်ခေါ်ပြီးထိန်းသိမ်းထားလိမ့်မယ်..။အထူးသဖြင့်ရန်ကုန် မှာကျောင်းတက်နေတဲ့သူတွေဖြစ်ဖို့များတယ်”ကျနော်လည်းခေါင်းတော်တော်စားသွားတယ်..။ ဘာလုပ်ရမှန်းမသိတော့ဘူးအတွေ့အကြုံကလည်းမရှိ။အသက်အရွယ်ကလည်းငယ်ရွယ်တဲ့သူတွေဆိုတော့ ဆုံးဖြတ်ရခက်သွားတယ်။ဒါနဲ့ကျနော်တို့ချက်ခြင်းလူစုပြီးအစည်းအဝေးထိုင်တယ်။အားလုံးကသဘောတူ ညီစွာနဲ့ဆန္ဒပြပွဲကို(သြဂုတ်လ၈ရက်နေ့လုပ်မယ့်အစားရှေ့တိုးပြီး၆ရက်နေ့မှာစတင်ဖို့ဆုံးဖြတ်ချက်ချလိုက် ကြတယ်)။ရက်ကအရမ်းနီးနေပြီလုပ်စရာရှိတာစီစဉ်စရာရှိတာတွေကိုအသေးစိတ်စီစဉ်ရတော့တယ်။   နောက်တခါရေနံမြေကအလုပ်သမားတချို့နဲ့ကျနော်တို့ကျောင်းသားတွေချိတ်ဆက်မိတယ်။သူတို့ပါပါဝင် လာတယ်။
လူထုဆန္ဒပြပွဲကိုစတင်ဖို့မြိုလယ်နဲ့မနီးမဝေးမှာရှိတဲ့အထက(၁)ကိုရွေးချယ်လိုက်တယ်။ဒီကျောင်း ကသမိုင်းအစဉ်လာကြီးတဲ့ကျောင်းဗိုလ်ချုပ်အောင်ဆန်းကစလို့အရှင်ဆန္ဒာဓိက၊စာရေးဆရာမဂျူးတို့ ပညာရည်နို့စို့ခဲ့ရာကျောင်းတော်ကြီး။တယောက်ကကျောင်းရဲ့မြေပုံကိုပြုစုတယ်။အဖွဲ့တွေအသီးသီးခွဲလိုက် ကြတယ်။ပြန်စဉ်းစားကြည့်လိုက်တိုင်းကျေနပ်မိတာတခုကကျနော်တို့အားလုံးကထင်ရာမြင်ရာတွေနဲ့ စုပေါင်းလုပ်လိုက်ကြတာ။နည်းနည်းတော့စနစ်ကျတယ်ပြောလို့ရပါတယ်။အဖွဲ့အသီးသီးခွဲပြီးဘယ်သူက ဘယ်ကျောင်းဆောင်မှာတာဝန်ယူမယ်။ဘယ်သူနဲ့အဖွဲ့ကကျောင်းရှေ့တံခါးကိုပိတ် လုံခြုံရေးစောင့်ကြည့် တာဝန်မြို့ထဲတလျှောက်ကနေကျောင်းအထိကြားထဲမှာကျနော်တို့လူတွေတယောက်ပြီးတယောက်ချထား တယ်။အချိန်ကိုက်တပ်လှန့်ထားပြီးသတ်မှတ်တဲ့အချိန်ရောက်တာနဲ့မြို့ထဲမှာရှိနေတဲ့လူထုကိုကျောင်းသားေ တွဆန္ဒပြပြီဆိုတာကို ဆော်သြဖို့ပေါ့ … …
၁၉၈၈ သြဂုတ်လ ၆ ရက်
ကျနော်(၅)ရက်နေ့တညလုံးနီးပါးလောက်မအိပ်ရဘူး။ကြွေးကြော်သံစာရွက်ငယ်လေးတွေကူးနေ တာ။မနက်လင်းခါနီးလောက်ကြမှတမှေးလောက်ပဲမှေးလိုက်ရတယ်။မနက်(၈နာရီလောက်ပြင်ဆင်စရာ  ရှိတာတွေကိုပြင်ဆင်ရင်းဆုံရပ်ရှိရာကိုထွက်လာခဲ့တယ်။လမ်းတလျှောက်ဖြတ်လာရင်းကြည့်လိုက်တော့ေ  ရနံမြေကအလုပ်သမားတချို့အနည်းငယ်အကွာအဝေးဆီမှာမရောင်မလည်လုပ်ရင်း နေရာယူနေတာကို   တွေ့လိုက်ရတော့တော်တော်အားတက်သွားမိတယ်။
အထက(၁)ကျောင်းရှေ့မှာရှိတဲ့လက်ဘက်ရည်ဆိုင်ကနေကျောင်းထဲကိုလှမ်းပြီးအဆက်မပြတ် အကဲခပ်ကြည့်လိုက်တော့ကျောင်းဝန်းတံခါးအဝင်ဝမှာဆရာတွေကကျောင်းသားတွေကိုစောင့်ကြည့် စစ်ဆေးတာတွေလုပ်နေတာကိုလှမ်းမြင်နေရတယ်။ရှေ့တံခါးပေါက်မကြီးကဝင်ရောက်ရမှာကသုံးဦး … ကျနော်ရယ်၊သက်နိုင်(ဒသာနိကဗေဒ)ကျော်ဆန်းဦး(မကွေးကောလိပ်)အားလုံးကရင်ခုန်နေကြတယ်။ ဘာရယ်မဟုတ်ဘူး၊ကျနော့်ခါးကြားမှာဓားမြှောင်တိုလေးတချောင်းဆောင်လာတယ်။ပထမကျောင်းတက်ေ ခါင်းလောင်းထိုးသံကြားလိုက်ရပြီ။ရင်ခုန်သံတွေကအရင်ကထက်ပိုကျယ်လောင်လာပြီ။သုံးယောက်လုံး လက်ဘက်ရည်ဆိုင်ကနေထထွက်လာပြီးအသင့်နေရာယူလိုက်တယ်။ဒုတိယခေါင်းလောင်းထိုးပြီးရင်ေ   ကျာင်းတံခါးကိုပိတ်လိုက်တော့မှာလေ။အချိန်ကနောက်ထပ်ငါးမိနစ်ပဲကျန်တော့တယ်။ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တော့စီးပွားရေးတက္ကသိုလ်ကျောင်းသားကျော်လင်းနဲ့သူ့အဖွဲ့သားတွေကကျောင်းဝန်းတံ ခါးတွေကိုပိတ်ပြီးထိန်းသိမ်းထားဖို့အသင့်။ကျနော့်ကိုသူကလက်မထောင်ပြတယ်။(အားလုံးအိုကေပေါ့)။ေ နာက်ကျောင်းနောက်ဘက်ကနေပတ်ဝင်ပြီးသွားမယ့်ကျော်စွာတို့အဖွဲ့ကခပ်သုတ်သုတ်ပြေးသွားပြီ … သက်နိုင်က ကျနော့်ကိုကပ်ပြီး တိုးတိုးလေး လှမ်းပြောတယ်။
“ကိုဝမ်း..မတတ်နိုင်ဘူးဗျာ…ရှေ့ကစောင့်နေတဲ့ဆရာတွေက…ခင်ဗျားတို့ကျနော်တို့ဆရာတွေ သူတို့ဘယ်လိုတားတားကျနော်တို့နားမယောင်နဲ့၊တွန့်မသွားနဲ့ရှေ့ဆက်တိုးမယ်…”ဆိုတော့ ကျော်ဆန်းဦး က …
“ငါတို့ ဆုံးဖြတ်ချက်ချပြီးသားပဲ… သေချင်သေပါစေ၊ နောက်မဆုတ်ဘူး-ဆက်လုပ်မယ် …”
တောင်ဘက်အရပ်ဆီကတိုက်ခတ်လာတဲ့တချက်သောလေအဝှေ့မှာဖုန်မှုန့်တွေဖွားခနဲလွင့်ထွက်လာ တယ်။ရှေ့မှာမောင်းနှင်လာတဲ့မြင်းလှည်းတစီးရဲ့မြင်းခွာရိုက်သံကဂီတစည်းချက်အလား။ကျနော်တို့ရဲ့ ရင်ခုန်သံများအလားပြီးတော့ပတ်ဝန်းကျင်ကြီးဟာပုံမှန်ထက်များငြိမ်သက်နေရော့သလား။ စိတ်အစဉ်မှာခံစားနေရင်းကကျောင်းဝန်းအတွင်းကဒုတိယ ခေါင်းလောင်းသံက ထိုးဖောက်ထွက်လာပြီ။

ဂလိုင် … ဂလိုင် … ဂလိုင် … ဂလိုင် … ဂလိုင် … … …

အပိုင်း (၃) ဆက်ပါဦးမည် ...

အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း

မုဒိတာ လမင်း

ဇူလှိုင်၇၊၂၀၁၁
ကြယ်တွေလတွေကိုငေးကြည့်မိဖို့မေ့နေခဲ့တာကြာနေခဲ့ပါပြီ။ဒီည၁၂နာရီကျော်ကျော်မှာရှားရှား ပါးပါးဖြစ်တောင့်ဖြစ်ခဲကောင်းကင်းမှာလနှစ်စင်းသဏ္ဌာန်တွေ့ရမယ်ဆိုလို့အခန်းထဲကထွက်ကာကောင်း ကင်ကိုမော့ကြည့်ဖြစ်တယ်။သူတို့ပြောသလိုလနှစ်စင်းလိုတော့မတွေ့ရပါဘူး။အောက်မှာလည်းအလင်းေ  ရာင်ကရှိနေ၊နောက်ပြီးကောင်းကင်ကြီးကလည်းကိုယ်ငယ်ငယ်ကိုယ့်မွေးရပ်မြေကကောင်းကင်မှာလို ကြယ်တာရာတွေကမစုံလင်လေတော့တခုခုလိုနေသလိုခံစားမိတယ်။အထူးသဖြင့်တော့ကြယ်တွေလတွေ    အကြောင်းတခုတ်တရပြောပြတတ်တဲ့အသံတစ်သံပျောက်နေသလိုဖြစ်နေလို့လစ်ဟာနေသလိုထင်မိတယ်။

 (၁)

ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့ ... ကို ကျွန်တော်သတိရလိုက်တာ ... ‎
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့ တဖျန်းဖျန်းရိုက်ကြတယ် ... ။
လောကအတုမှာ ... လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး လမ်းလျှောက်နေတယ်
မေမေ ... ‎
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု ... ဘယ်မှာလဲ
ဘယ်မှာလဲ ... ။
မြူမှုန်မိုးနှင်းတွေက ရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကို မေ့ထားခဲ့ပါတော့
မေမေ ..။
 
(တာရာမင်းဝေရဲ့ခေါင်းလောင်းသံစာတမ်း-မှ။www.planet.comကနေကူးယူဖော်ပြပါတယ်) ကြယ်တွေလတွေအကြောင်းကိုကဗျာဖွဲ့သူတွေကဖွဲ့ကြတယ်။သီချင်းသီသူတွေကလည်းသီကြတယ်။ နက္ခတ်တာရာတွေအကြောင်းစိတ်ဝင်စားသူတွေကလည်းသူတို့အမြင်နဲ့သူတို့နက္ခတ်ဆိုင်ရာအဓိပ္ပါယ်အမျိုးမျိုးဖွင့် ကြတယ်။ဗေဒင်ဆရာတွေကလည်းဂြိုဟ်တွေနက္ခတ်တွေအကြောင်းပြောတတ်ကြတယ်။နောက်ဆုံးနာမည်ရွေး တာတောင်မှပဲဘယ်နေ့ဘယ်ရက်မှာမွေးတယ်။ဘာနက္ခတ်နဲ့ယှဉ်တယ်ရယ်လို့လတွေကြယ်တွေနဲ့မလွတ်နိုင်စွာ အမည်ပေးကြ၊ရွေးတတ်ကြတယ်။လူတစ်ယောက်ရဲ့ဘဝအတွက်ကြယ်လတွေကဘယ်လောက်တောင်ပါဝင်ပတ် သက်မှုရှိတယ်၊လွှမ်းမိုးချယ်လှယ်နိုင်တယ်ဆိုတာတိတိကျကျမသိပေမယ့်လူသားတွေကြားမှာကြယ်တာရာတွေ က တော်တော်နေရာယူထားတာကိုတော့သေသေချာချာကို ပြောနိုင်ပါတယ်။
 ကိုယ့်ဘဝမှာလည်းကြယ်တာရာတွေ၊လတွေကတော်တော်အရေးပါတဲ့နေရာမှာရှိပါတယ်။ကြယ်တွေလေ တွကတခါခါမှာကိုယ့်ဘဝအမှောင်ညများအတွက်လမ်းပြတွေဖြစ်သလို၊တခါခါမှာတော့လည်းကိုယ့်စိတ်ကိုလှပစွာ ထားတတ်အောင်ချယ်သတတ်တဲ့ပန်းချီဆရာတွေဖြစ်နေတတ်တယ်လို့လည်းခိုင်ခိုင်မာမာယုံကြည်မိပြန်တယ်။ေ ဟာဟိုကြယ်တန်းကမောင်ရင်ဆိုင်းထမ်း၊ဟိုကြယ်စုကတော့ဖျောက်ဆိပ်ကြယ်၊ဟိုးမြောက်ဖက်ဆီကအတောက်ပ ဆုံးကြယ်ကြီးကတော့ဓူဝံကြယ်လို့ခေါ်တယ်။ဟိုမှာမြင်ရတယ်မဟုတ်လား။ဘဲပုံကြယ်၊ဟောဟိုဖက်မှာတော့လိပ် တစ်ကောင်။ကောင်းကင်တခွင်တောက်ပစွာလင်းလက်နေတဲ့ကြယ်တွေကိုလက်ညှိုးထိုးလို့ကြယ်တွေအကြောင်ြးေ   ပြာပြတတ်တဲ့အဖွားဟာခုနေခါမှာကြယ်တစ်လုံးလုံးဆီမှာများရောက်နေလေမလားလို့တွေးမိပါတယ်။တကယ်ပါ၊ ကြယ်တွေလတွေသာဒီကမ္ဘာမှာမရှိခဲ့ဘူးဆိုရင်ကိုယ်ဟာလှပစွာစိတ်ကူးယဉ်တတ်သူတစ်ဦးလည်းဖြစ်လာမယ်ဟုတ်                                    ပါဘူး။
လကိုမော့ကြည့်မိတော့ကဗျာတစ်ပုဒ်မဟုတ်ပေမယ့်ကိုယ့်အတွက်တော့ကဗျာတစ်ပုဒ်လိုဖြစ်နေခဲ့တဲ့၊ဝတ္ထု    တစ်ပုဒ်မတ်ပေမယ့်လည်းမရိုးနိုင်စွာဖတ်မဝတဲ့ဝတ္ထုတစ်ပုဒ်လိုဖြစ်နေတဲ့အကြောင်းကကြည်နူးဆွတ်ပျံ့ဖွယ်ရာရင်                              မှာပေါ်လာရပြန်တယ်။ဒီညကောင်းကင်မှာတကယ်မြင်ရတဲ့မြင်ကွင်းကလနှစ်စင်းမဖြစ်ခဲ့ပေမယ့်ရင်တွင်းမှာသာ                                      တဲ့လတစ်မင်းကြောင့်တကယ့်ကိုလနှစ်စင်းဖြစ်ခဲ့ရတဲ့ညပါ။ပိန်းပိတ်အောင်မှောင်လွန်းတဲ့လမိုက်ညများမှာကောင်း              ကင်ကိုလက်ညှိုးညွှန်လို့ငါ့မြေးဟိုမှာကြည့်စမ်း၊ခုမြင်ရတဲ့ကြယ်တွေရဲ့အလင်းကလသာညများမှာမြင်ရတဲ့ကြယ်တွေ              ရဲ့အလင်းထပိုလင်းတယ်မဟုတ်လား။ ဒီလိုပဲပေါ့မြေးရယ်။တခါခါကိုယ့်ဘဝမှာအရာအားလုံးပိန်းပိတ်အောင်အမှော                     င်ကျနေပြီဆိုလျင်ကိုယ့်မှာရှိတဲ့အလင်းရောင်ကပိုတောက်ပလာတတ်တာ။ငါ့မြေးကြီးလာရင်လည်းဘဝမှာပိန်းပိတ်ေ                  အာင်မှောင်တဲ့အချိန်မျိုးလည်းရှိလာနိုင်တယ်။             အဲဒီအခါကျရင်ငါ့မြေးမှာရှိတဲ့အစွမ်းအစကိုထုတ်ပြခွင့်ရတာပဲလို့တွေးပြီးအမှောင်ဘဝကိုရဲရဲရင့်ရင့်ရင်ဆိုင်ရမယ်လို့                                      အဖွားကပြောတတ်တယ်။ဒီလိုပြောချိန်များမှာအမှောင်ကြားကတောက်ပနေတတ်တဲ့အဖွားရဲ့မျက်လုံးရောင်ဟာေ                              ကာင်းကင်မှာမြင်ရတဲ့အတောက်ပဆုံးကြယ်ရဲ့အလင်းထက်ပိုပြီးလင်းလက်နေသလိုထင်မိဟောင်နေရတဲ့လမင်းကြီး                                        တယ်။ အဲဒီအလင်းကကိုယ့်ကိုခွန်အားတွေပေးသလိုလည်း ခံစားခဲ့မိတယ်။
ကိုယ့်အရွယ်တော်တော်လေးရလာတဲ့အထိအမှောင်ညတွေကိုတွေ့ရလို့အလင်းမဲ့ဖြစ်နေတတ်တဲ့အခါမျိုး         မှာအဖွားပြောတဲ့ကြယ်ရဲ့အလင်းရောင်အကြောင်းကိုသတိရမိတတ်တယ်။သတိရမိတိုင်းလည်းကောင်းကင်တခွင် ကိုမော့ကြည့်လို့အတောက်ပဆုံးကြယ်တစ်လုံးကိုရှာနေမိတတ်တယ်။ဒီအတောက်ပဆုံးကြယ်တစ်လုံးဆီမှာအဖွား ရဲ့မျက်လုံးတစ်စုံများတွေ့နိုင်လေမလားလို့ထင်နေမိတာကိုလည်းကိုယ်ဝန်ခံရမှာပါ။
ခုတော့လည်းထာဝရအလင်းမမဲ့တဲ့အရပ်မှာနေနေခဲ့တာနှစ်တော်တော်ကြာလာခဲ့ပြီမို့အမှောင်ညဆိုတာ          ကိုတောင်မှသတိမထားဖြစ်ခဲ့တော့ပါဘူး။သို့ပေမယ့်ဘဝရဲ့အခက်အခဲတစ်ခုခုနဲ့တွေ့လေတိုင်းတော့ကြယ်တွေအေ        ကြာင်းပြာတတ်တဲ့အဖွားရဲ့စကားကိုပြန်လည်ကြားယောင်မိတတ်ပါတယ်။ဒီညမှာလည်းကောင်းကင်ကအတောက်                         ပဆုံးကြယ်တစ်လုံးကို ရှာဖွေနေဖြစ်ခဲ့တယ်ဆိုတာပြောပြနေဖို့ လိုမယ်မဟုတ်ပါဘူးလေ။
လမိုက်ညများမှာကြယ်တွေအကြောင်းပြောတတ်တဲ့အဖွားကလသာညများမှာဆိုရင်ဖြင့်လအကြောင်းကို တဖွဲ့တနွဲ့ပြောတတ်ပြန်တယ်။ရွှေလမှာယုန်ဝပ်လို့၊ဆန်ဖွတ်သည့်အဖိုးအို၊ဟောကြည့်ပါဆို၊ဆိုသာဆိုပိုမိုသည့်စကား၊ ကလေးငယ်အငိုတိတ်အေင်၊အရိပ်ယောင်ပြတယ်၊ဖိုးလနတ်သား-ဆိုတဲ့ကလေးကဗျာတစ်ပုဒ်အဖွားနှုတ်ကရွတ်ဆို      တာကိုမကြာမကြာကြားရတတ်တယ်။လသာညများမှာသီချင်းတကြော်ကြော်နဲ့မောင်းထောင်းဆန်ဖွတ်လုပ်လေ့ရှိ       တဲ့အညာတောရွာဓလေ့မှာဆန်ဖွတ်သည့်အဖိုးအိုဆိုတဲ့ဒီကလေးကဗျာလေးဟာပိုမိုအဓိပ္ပါယ်ပြည့်ဝနေလေသလားေ                                            တာ့ မဆိုနိုင်ဘူးပေါ့။
လပြည့်ညများမှာထိန်ထိန်သာနေတဲ့လကိုကြည့်လို့-မြေးဟိုမှာကြည့်၊အဖိုးအိုကမောင်းထောင်းနေတာ၊ အမယ်ကြီး(အဖွားအို)ကရှေ့မှာဆန်ပြာလို့။တွေ့တယ်မဟုတ်လား၊ညိုဒုတ်(ခွေး)ကြီးကလည်းအဖွားအိုဘေးမှာေ   ဆာင့်ကြောင့်ထိုင်လို့ဆိုပြီးယုန်ဝပ်လရဲ့ဆန်ဖွတ်ညပုံပြင်အလှကိုမရိုးနိုင်စွာရှင်းပြတတ်တယ်။လထဲမှာတွေ့ရတဲ့ အမဲရောင်အရိပ်ကအဖွားပြောပြတော့လည်းတကယ့်ကိုမှဆန်ဖွတ်ဆန်ပြာသူတွေ၊ညိုဒုတ်တွေဖြစ်လို့။ကလေးဘ                                                ဝရဲ့ ကြယ်လပုံပြင်တွေဟာ ပြန်လည်သတိရလေတိုင်း တကယ့်ကိုမှ လွမ်းမောဖွယ်အပြည့်နဲ့ပါ။
လအကြောင်းပြောပြတတ်တဲ့အဖွားစကားထဲမှာအထူးသတိရနေမိတတ်ကတော့လရဲ့မုဒိတာစိတ်ထားကို           ပါ။သက်မဲ့လရဲ့မုဒိတာစိတ်ထားဆိုတာကိုဆန်းနေမလားတော့မသိဘူးပေါ့။ဒါပေမယ့်အဖွားပြောတတ်တဲ့လရဲ့မုဒိ         တာစိတ်ထားကိုတော့ကလေးငယ်ငယ်အရွယ်ကတည်းကစလို့ကိုယ်ကတော့နှစ်သက်သဘောကျနေမိ တယ်။
တိမ်တိုက်တွေသူ့ကိုဖုံးအုပ်လာရင်လည်း'လ,က'စိတ်မဆိုးတတ်ဘူး။သူကတော့လူကောင်းပဲ၊သူ့အတွက်             ပဲအလင်းရောင်ပေးမယ်၊သူကတော့လူဆိုးမို့အလင်းရောင်မပေးဘူးလို့ခွဲခြားတတ်တဲ့စိတ်ထားလမင်းမှာမရှိဘူး။          သူကရှင်ဘုရင်ကြီးမို့၊သူကတော့သူတောင်းစားမို့ဆိုပြီးသူ့အလင်းကိုပိုပိုလိုလိုမဖြစ်စေဘူး။နောက်ပြီးသူ့အလင်းက ဘယ်သူ့ကိုမှမပူလောင်စေဘူးလေ။ကိုယ်ပေးနိုင်တဲ့တစ်စုံတစ်ရာဟာအခြားသူတွေအတွက်အပူမဖြစ်စေဖို့လည်း အရေးကြီးတယ်။လမင်းကပိုးစုန်းကြူရဲ့အလင်းလေးပဲဆိုပြီးပျက်ရယ်မပြုသလိုaနမင်းကြီးရဲ့အလင်းပဲဆိုပြီးလည်း မနာလိုမရှုဆိတ်မရှိဘူး။နေ့အချိန်နေမင်းကြီးထွက်လာတော့သူကအသာအယာသူ့အလင်းကိုရုပ်သိမ်းပေးလိုက်       တာပဲ။လမင်းကြီးကတကယ့်ကိုမှမုဒိတာကြီးတယ်လေ။သူထက်သာတဲ့အလင်းတွေရောက်လာတော့လည်းလမင်း      ကြီးကမနာလိုဖြစ်မနေဘူး။သူတို့ကိုလင်းခွင့်ပေးလိုက်တာပဲ။
နောက်ပြီးလမင်းကြီးကိုကြည့်ပါလား။အမြဲပြုံးနေတယ်လေ။ငါ့မြေးလည်းလမင်းလိုစိတ်ထားနဲ့အမြဲတမ်း ပြုံးနေနိုင်အောင်ကြိုးစားရမယ်။ငါ့မြေးကြောင့်ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမပူလောင်စေရဘူး။နောက်ပြီး လမင်းကြီးလိုပဲငါ့မြေးလည်းဟိုလူ့ကိုသာစေ၊ဒီလူ့ကိုနာစေဆိုတဲ့စိတ်ထားမျိုးမရှိစေရဘူး။လကွယ်ညများမှာအခွင့်      မရလို့မသာရတာကိုစိတ်ညစ်မနေပဲအခွင့်ရတဲ့လသာညများမှာလမင်းကြီးကအစွမ်းကုန်ထိန်ထိန်သာတာပဲလေ။           ဒါဟာလရဲ့အလှပဲပေါ့မြေးရယ်။မြေးလဲလမင်းကြီးလိုအေးမြခြင်းတွေ၊အလင်းတွေကိုအများကြီးပေးနိုင်အောင် ကြိုးစားရမယ်ရယ်လို့ဘဝနဲ့လကိုယှဉ်တွဲပြကာပြာတတ်တဲ့အဖွားစကားသံတွေကိုနားထဲမှာထင်ထင်ရှားရှား ပြန်                 လည်ကြားယောင်မိတယ်။ကိုယ့်စိတ်ကိုသိလို့များလမင်းကတဆင်အဖွားကခုလိုစကားဆိုလေသလားလို့လည်း                တွေးမိလိုက်သေးတယ်။         
အေးမြခြင်းတွေ၊ညီမျှခြင်းတွေ၊အလင်းတွေပေးတတ်တဲ့လမင်းအကြောင်းနဲ့အတူ"မုဒိတာလမင်း"ဆိုတဲ့ စကားလုံးလေးကကိုယ့်နှစ်လုံးသားကတဆင့်နှုတ်ဖျားကိုရောက်လာတယ်။အခြားဘယ်အရာတွေကိုမှပိုင်ဆိုင်ဖို့ လိုလိုလားလားမရှိတတ်ပေမယ့်မနာလိုဝန်တိုခြင်းကင်းတဲ့စိတ်ထားကောင်းတစ်ခုကိုပိုင်ဆိုင်တဲ့လူသားတစ်ဦးေ                                               တာ့ဖြစ်ချင်တယ်။အထူးသဖြင့်တော့အဖွားမျှော်လင့်ခဲ့သလိုလမင်းကြီးလိုအလင်းတွေအေးမြခြင်းတွေကိုအများ                                               ကြီးမပေးနိုင်သည့်တိုင်ကိုယ်ဟာလူသားတွေအတွက်နဲနဲလေးဖြစ်စေဦးတော့အေးမြတဲ့အလင်းရောင်ပေးသူ     တစ်ယောက်လည်းပဲ ဖြစ်ချင်နေမိတယ်။ ။
 
မောင်ရစ်ဆီ ပို့ပေးပါ

ခြေစွမ်းပျောက်တဲ့ တိုက်စစ်မှူးလို
ပင်နယ်တီကန်လည်း ဂိုးမဝင်
မှော်စွမ်းပျောက်တဲ့ စုန်းမလို
ထမီခြုံလို့လည်း လင်းတမဖြစ်
ထမင်းတလုပ်အတွက် သတင်းလုပ်မစားဘူး
ထင်းခုတ်ပြီးစားမယ် ကြံ
တောပြုန်း တောင်ပြုန်းဆိုပြန်တော့
မုတ်ဆိတ်ကျင်စွယ်ဖားလျား
ဘယ်ရီကက်တခြမ်းစောင်းနဲ့ ပြင်းလိပ်ကြီးခဲထားပုံကိုက … ချေဂွေဗားရား
အဲဒီ ကိုချေဂွေဗားရားလည်း
တောပြုန်းမှာ တောပုန်းလုပ်သေးသလား ငါမသိ
                                                                  တောင်ပြုံး သွားတောင်မှ
                                                                    နတ်ကန္နားစီးတနေရာ သေချာနိုင်ပါ့မလားလည်း ငါမသိ
                                                                     ကောင်းလာရင် ခင်ဗျားဖမ်းနေကျ
                                                           ဆင်တွေ ကျားတွေ …
                                                        ဂဠုန်တွေ နဂါးတွေ …
                                                        ငန်းတွေ ငမန်းတွေ …
                                                        ကြံ့တွေ ဖွတ်တွေ …
                                                           တေဇတွေ ခွေးအတွေ …
                                                                မြုံးမဆန့် ကျုံးမဆန့် …
                                                         ကျနော်တို့ဖို့တ်ဝိန်းရွှေမြို့တော်ကြီးနဲ့လည်း  မဆန့်တော့ပါလား 'ဆရာသစ်'
                                             ဟိုသွား … သွားပြန်ပြီ  ဒီသွား … သွားပြန်ပြီ
                                       ပုဂံသွား ... သွားပြန်ပြီ… ဆိုတော့ကာ
                                      ရှင်က ကဗျာဆရာလား ရဝတစာရေးလား
                                                ရှင့်ဆီ ကျမက ဧည့်စာရင်း လာတိုင်ရမှာလား …။
                                          ချင်းမိုင်ထီးနန်းက ငိုချင်ရက်လက်တို့ အလွမ်းသမားကြီး 'မောင်လွမ်းဏီ'ရှင့် …။
                                   ဂိုးဒင်းဂိတ်တံတားထိပ်မှာတော့
                                     'အောင်သာငယ်'နဲ့ 'မောင်ရစ်'
                              သေနတ်ချင်း ယှဉ်ပစ်ကြတော့မယ်
                    ဒါပေမယ့် …
                                လေသေနတ်နဲ့ လို့တော့
                                               နဘေ မထပ် လိုက်ကြပါနဲ့။         ။
                                     (ဇူလိုင်။ ၂၀ရက်။ ၂၀၁၁)

နေလောင်ပန်း

ကြည်မွေ့အိမ်
ဇူလိုင် ၂၄၊ ၂၀၁၁

(၁)
သူ့မျက်နှာမှာ အပေါစားပေါင်ဒါမှုန့်များဖြင့် ဖွေးလျက်ရှိ၏။ သူ့နှုတ်ခမ်းဆိုးဆေးက နီရဲစိုလက်ပြီး အပြင်ဘေးနှုတ်ခမ်းအနားသားများဆီသို့ပင်အံကျနေသည်။ပင်ကိုယ်ထူသောမျက်ခုံးပေါ်မှာအနီရောင်ခဲ ဆွဲထားလိုက်သေးသဖြင့်နည်းနည်းတော့အကြည့်ရဆိုးသည်။သူကတော့လှတယ်လို့ထင်နေမှာပါပဲ။ ပွင့်ရိုက်ပါတိတ်အစိမ်းပွင့်ဝမ်းဆက်ကအမြင်မှာပူလောင်နေ၏။ဝဝဖြိုးဖြိုး၊ပြည့်ပြည့်တင်းတင်းတင်သား များကအတန်ငယ်ချိုင့်ဝင်ပြားကပ်ကာတင်းရင်းသောလက်မောင်းများမှာလည်းမဆိုသလောက် ပျော့ကျေ နတာသတိထားလိုက်ဖြစ်တော့သူတော်တော်ပိန်သွားတာပဲဟုမှတ်ချက်ချဖြစ်သည်။သူ့မျက်နှာပြင်က ခါတိုင်းလိုခက်ထန်မာကျောနေခြင်းမရှိဘဲတောက်တောက်ပပကြည်ကြည်လင်လင်မို့သူတစုံတခုအပေါ်မျှော် လင့်ကျေနပ်နေကြောင်းခန့်မှန်း၍ရလေသည်။အထပ်ထပ်အသုံးပြုထားသဖြင့်နွမ်းလျှက်အရောင်အဆင်းပြယ် လျက်ရှိနေသောလက်ကိုင်ပဝါကိုအသစ်အတိုင်းဖြစ်အောင်လျော်ဖွပ်မီးပူတိုက်ထားကာကျကျနနသေသေသပ် သပ်ခေါက်လျက်ခါကြားညှပ်ထားလိုက်သေးသည်။ နဂိုကောက်နေသောဆံပင်ကုတ်ဝဲကပခုံးပေါ်မမီ့တမီကျနေချေသေး၏။ရုတ်တရတ်သော်ကလေး၎ ယောက် အမေရယ်လို့ဘယ်လိုမှထင်ဖွယ်မရှိ။စိတ်ဓာတ်တက်ကြွကာမျှော်လင့်ချက်ပြည့်နေသူတို့၏စိတ်ဓာတ်ကိုကူးစက်  ခံစားရတာလည်းပီတိတမျိုးပင်ဖြစ်ပေမည်။သူ့ကိုကြည့်ပြီးကျမစိတ်ပင်ပေါ့ပါးသွားသလိုပင်ခံစာလိုက်ရ၏ ။ရှေးမဆွတုန်းကအကြိမ်တရာထက်မနည်းကိုယ်ကစပြီးလိုလိုလားလားပြုံးပြနှုတ်ဆက်ခဲ့ဖူးသော်လည်း ကြည်လင်ချမ်းမြသောတုံ့ပြန်အပြုံးကိုတခါမှမရရှိမခံစားခဲ့ရစဖူးပါ။ အခုတော့ဖြင့်ထိုသို့မဟုတ်ပြီ။သူကပင်စတင်၍မြင်မြင်ချင်းနှုတ်ခမ်းတပြင်ပြင်ဖြစ်နေ၏။ထုံးစံအတိုင်း ကျမကစတင်နှုတ်ဆက်မည်ပြုစဉ်သူကဝင်းပကြည်လင်သောမျက်နှာရွှင်လန်းသောအပြုံးနှင့်ဆီးကြိုမေး လိုက်လေ၏။ “ရုံးသွားတော့မလို့လား” တဲ့။
    “ဟုတ်ကဲ့”
ရှည်ရှည်ဝေးဝေးမပြောဖြစ်တော့ဘဲအံ့သြပီတိလွှမ်းလျက်သူငယ်ချင်းဖြစ်သူထံဝင်လိုက်သည်။သူငယ်ချင်း ကမီးဖိုချောင်မှာချွေးတလုံးလုံး၊ယောင်းမတပြင်ပြင်၊ဇွန်းတကိုင်ကိုင်နှင့် ပျာလောင်ခတ်နေတုန်းရှိ၏။
  “ဝင်းရေ … မအေးနွယ် ဘယ်သွားမလို့လဲ မသိဘူး။ မျက်နှာကြီးကလည်း ပြုံးဖြီးနေတာပဲ”
ကျမကတအံ့တသြဆိုလိုက်မိသည်။သူငယ်ချင်းကငရုတ်ဆုံထဲထည့်ထားသောကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို တဒုံးဒုံး ထုထောင်းနေရင်း …
“သူ့ ညီမအငယ်ဆီသွားမယ်လေ၊ သူ့သမီး သွားခေါ်မလို့တဲ့”
သူသည်သူငယ်ချင်း၏အစ်မဝမ်းကွဲတော်စပ်သူဖြစ်၏။ဆင်းရဲပင်ပန်းမှုဒဏ်ကိုမခံနိုင်ဟုဆိုကာ၊သူ့ယောကျာ်း ကသူ့ကိုကလေး၎ယောက်နှင့်ထားပစ်ခဲ့ကာသစ္စာဖောက်သွားခြင်းခံရသူလည်းဖြစ်၏။ကလေး၎ ယောက်က ၁၇နှစ်၊၁၄နှစ်၊၁၀နှစ်၊၅နှစ်စသည်ဖြင့်စားနိုင်သောက်နိုင်တုန်း၊စားကောင်းသောက်ကောင်းတုန်း၊ကမောက် ကမအရွယ်ကလေးများပေမို့အာပေါက်အောင်ပြောဆိုရတုန်းအရွယ်။မျက်နှာလွှဲရလောက်အောင်လည်း မဟုတ်သေးသည့်အရွယ်။မအေးနွယ်ကိုယောက်ျားကပစ်ခွာပြီးအိမ်ပေါ်မှထွက်စဉ်မှစ၍ဥမမယ်၊စာမမြောက် ဟိုမရောက်၊ဒီမရောက်ကလေးများ၏များပြားလှသည့်မနိုင်မနင်းတာဝန်၊စားဝတ်နေရေး၏ကြီးမားသည့်ဒု က္ခ၊လွယ်ပိုးထားရသောနှလုံးသား၏မရှုမလှအရှုံးဒဏ်တို့ကိုမျက်ကွယ်ပြုလို့မရနိုင်အောင်ဖြစ်ခဲ့ရလေ၏။ ထိုမှစ၍သူ့ကိုဂရုတစိုက်ဖြင့်အရေးတယူမေးမြန်းခေါ်ပြောနေမိ၏။သူ့သားသမီးများကိုအတတ်နိုင်ဆုံး ချိုချိုသာသာပြောဆိုဆက်ဆံဖြစ်၏။မုန့်ဖိုးပဲဖိုးကိုယ်တတ်နိုင်သလောက်လေးပေးရ၏။သူ၏သုန်မှုန်ခက် ထန်လာမှုကိုကရုဏာသက်ရ၏။သူ၏လိုချင်မျက်စိကိုနားလည်လာရ၏။သူ့ရင်တွင်းမှအုံနေသောမီးပုံကြီးကို စာနာသနားမိရ၏။သူ့ကလေးများကိုကျွဲရိုက်နွားရိုက်လျှင်မချိတင်ကဲဖြစ်လျက် နာကျင်ဝမ်းနည်းရ၏။
(၂)
“ဟဲ့ ... အိမွန် … အမလေး အပျိုကြီးဖားဖား ဖြစ်လို့ပါလားဟေ့”
ကျမကမယုံနိုင်သလိုတအံ့တသြကြည့်ပြောလျှင်သူ့မျက်နှာကားပြုံးပြုံးကြီးနေ၏။အိမွန်မှာအနည်းငယ်ရှက် ရိပ်စွန်းလျက်ရယ်နေလေသည်။အမှန်တကယ်ပင်ထွားလာ၊ဝလာ၊လှလာလိုက်တာ။ဆံပင်လည်းခါးလည်းေ ကျာ်နေပြီ။အုံကောင်းကဖြောင့်စင်းနက်မှောင်နေ၏။သူ့အဒေါ်အိမ်မှာအိပ်လိုက်၊စားလိုက်၊သူ့တူကိုထိန်းလို  က်နှင့်ဟန်ကျပန်ကျနေနိင်နေ၏။သူ့အဒေါ်ငယ်ကပြေလည်သဖြင့်တလ\တလအိမွန်ကိုပေးသောမုန်ဖိုးပဲဖိုး ပင်တသောင်းမျိုး၊နှစ်သောင်းမျိုးရှိတတ်သည်။ဒါကိုမအေးနွယ်ကကြိုယူနေကျ။သမီးဖြစ်သူကလည်းသူ့လုပ် အားခဆိုကာမညည်းမညူဂုဏ်ယူစတမ်းပေးနေကြ။အဝတ်အစား တောက်တောက်ပြောင်ပြောင်ကလေးနှင့် ဆိုတော့“အံမယ်ဘယ်ဆိုးလို့လဲ၊ငါ့တူမကအလာသားဟေ့”လို့ကျမသူငယ်ချင်းကပြောတော့အိမွန်က ရှက်နေချေသေး၏။ဒေါ်လေးဝင်းကလည်း၊ဒေါ်လေးဝင်းကလည်းနှင့်သာဘာပြန်ပြောရမှန်းမသိတိုင်း အရှက်ပြေရေရွတ်နေတော့သည်။
“ရည်းစားတွေဘာတွေ ရနေပလားဟေ့ အိမွန်”
“ဟာ ဆရာမကလည်း၊ သမီးက ကလေးပဲရှိသေးတာ”
မျက်နှာနီနီနှင့်ပျာပျာသလဲရှင်းချက်ထုတ်သေး၏။ဒါကိုပဲသူကသဘောကျစွာသူ့သမီးခေါင်းလေး ပွတ်ပွတ်ပြီးတဟားဟားနှင့်သဘောအကျကြီးကျနေချေသေး၏။သူဒီလိုမရယ်မောနိုင်တာအတန်ကြာခဲ့ပြီပဲလို့ ရင်ထဲမှစိတ်မကောင်းစွာတွေးဖြစ်သေးသည်။
“အံမယ်..ဒေါ်လေးမိညိုကအလုပ်တွေရှုပ်နေတာ၊ပိပိကလည်းသမီးချီမှရတယ်။အမေကဘုရားလို က်ပို့မယ်ဆိုလို့ပြန်လာရတာ၊ ညီမလေးတွေလည်းလွမ်းတာပေါ့၊ကိုကြီးဖိုးကျော်ကိုလည်းလွမ်းတာပါပဲ”
“ဒီည သွားကြမှာလား”
“မသိဘူး ဆရာမရဲ့၊ အမေက ဘယ်နေ့ပို့ပေးမလဲ မသိဘူး၊ ကိုကြီးဖိုးကျော်ကိုစောင့်ဦးမယ် ထင်တယ်၊ မိသားစုစုံစုံညီညီ သွားမယ်တဲ့”
“ညည်းအဖေ လာသေးလား”
သူ့ကွယ်ရာမှာ အိမွန်ကို တိုးတိုးမေးမိသည်။
“မလာပါဘူး ဆရာမရယ်၊ အဖေက နေကိုနေနိုင်ပါတယ်လေ၊ အဖေ့ကို သိပ်စိတ်နာတာပဲ”
“အံမယ် ညည်းတို့ တုန်နေအောင်ချစ်တယ် မဟုတ်လား”
“ချစ်တာပေါ့..ဆရာမရယ်၊ဒီအဖေတယောက်တည်းရှိတာ။ဒါပေမယ့်အဖေကသမီးတို့ကိုမချစ်ပါဘူး။ သူ့မှာချစ်ရမယ့်သူတွေပြည့်လို့”ကျမမှာမေးမိ၊ပြောမိပြီးမှနောင်တရသွားသည်။ကလေးတွေရဲ့စိတ်ဒဏ်ရာ ဟာအရွယ်နဲ့မမျှအောင်ပဲရင်းခံနေခဲ့ပြီဖြစ်၏။ကျမသူ့ကိုတွေငေးစွာကြည့်နေမိသည်။အလိုလိုရင်နာလာ၏။ သူ့အသံသြသြရယ်၊သူ့ပါးအို့နီနီရယ်တွေ ကြည့်ပြီးကျမသက်ပြင်းမောတချက် ရှိုက်လိုက်မိသည် ထင်၏။
“အိမွန်ရေ … သမီး လာပါဦး”
“ဟော … အမေ ခေါ်နေပြီ။ ဆရာမ၊ သမီးသွားလိုက်ဦးမယ်”
“အေး … အေး”
“အိမွန်ရေ …”
“လာပြီ အမေ”
မအေးနွယ်သည် လွယ်အိတ်တလုံးနှင့် အမျိုးသမီးကြီးတယောက်ကို လက်ခံစကားပြောနေရာမှ သူ့သမီးကို တကြော်ကြော် ခေါ်နေလေသည်။ အိမွန်က ရုတ်ခနဲထကာ အပြေးအလွှားသွားမည်ပြုစဉ် အငယ်ဆုံးမလေးက အာသွက်ခရာပီပီ သူ့ဂါဝန်နွမ်းလေးဖားဖားနှင့် အပြေး လာပြီး …
“အိမွန် မပွားနဲ့ မပွားနဲ့၊ အမေက နင့်ဆံပင်တွေ ရောင်းမို့တဲ့”
အို … ကျမရင်ထဲ လှုပ်ခနဲဖြစ်သွားသည်။ တစုံတရာသည် ရင်ဝကို လာဆောင့်လိုက်သလို နင့်နဲစွာနာကျင်သွားမိ၏။ အိမွန်သည် မျက်လုံးကလေးများ ဝိုင်းစက်သွားပြီးလျှင် သူ့ညီမလေးကို မယုံနိုင်သလို ပြန်ကြည့်နေပေသည်။
“မပွားနဲ့ အစ်မ သိလား”
“အိမွန်ရေ သမီးရေ မြန်မြန်လာစမ်းပါဆို”
အိမွန်ထွက်သွားတော့ကျမကသူငယ်ချင်းဆီလေးဖင့်သောခြေလှမ်းများဖြင့်ထွက်လာခဲ့လိုက်သည်။
“ဝင်းရေ ... မအေးနွယ်က အိမွန်ဆံပင်ကို ရောင်းမယ်နဲ့တူတယ်”
“ဘာရယ်”
“ဟုတ်တယ် ...။ ဟိုမယ် ဆံပင်ဝယ်တဲ့အမျိုးသမီး ရောက်နေတယ်”
ကျမ သူငယ်ချင်းမျက်နှာက ထိန်းမရအောင်ပျက်သွားလေ၏။
“မဟုတ်တာဟယ်။ ကလေးစိတ်ထိခိုက်အောင် ... မအေးနွယ်က မဟုတ်သေးပါဘူး။ ငါသွားပြောမယ်”
“မသွားနဲ့”
ကျမကသူငယ်ချင်း၏လက်ကိုဆုပ်ကိုင်ဟန့်တားလိုက်မိသည်။သူငယ်ချင်းရောကျမပါငူငူကြီးထိုင်နေမိကြ သည်။တစုံတရာစကားမဆိုနိုင်။မကြာပါ။ရေတွင်းကုန်းဘက်ဆီမှပြေးလာသောခြေသံတဖုတ်ဖုတ်ကိုကြား ရသည်။ထမီစွန်တောင်ဆွဲလျှက်မျက်ရည်ပေါက်ကြီးတွေပိုးပိုးပေါက်ပေါက်ကျရင်းရှိုက်ငိုပြေးထွက်လာသော အိမွန်ကိုတွေ့ရသည်။သူ့ဦးခေါင်းထက်မှရှည်လျားနက်မှောင်သောပိတုန်းရောင်ဆံကေသာကြီးကဂုတ်ပိုးအ ရင်းထိရောက်အောင်တိုပြတ်လျှက်ရှိလာပါပကော။ရင်ထဲတွင်ဆို့လုံးကြီးတခုကလှိုက်တက်လာပြီးမျက်နှာ အသာလွှဲထားမိသည်။ကျမပင်မျက်ရည်များစို့လာလေသည်။မတတ်နိုင်ပါ။ခံစားရခြင်းသည်ဖုံးကွယ်မရစွာ    
ဖြစ်ပေါ်လေ၏။အိမွန်သည်သူ့အဒေါ်၏ရင်ခွင်အတွင်းသို့အားကုန်ပြေးဝင်လိုက်ရင်းတရှိုက်ရှိုက်၊တအင့်အင့်နှ င့်ငိုနေလေသည်။သူ့ကိုယ်လေးသည်တချက်တချက်တုန်ခနဲတုန်ခနဲဖြစ်သွားပြီးပါးစပ်မှလည်းဗလုံးဗထွေး ဝူးဝူးဝါးဝါး ပြောနေရှာ၏။ ထိုခဏ၌ ကျမသည် မအေးနွယ်ကို တူးတူးခါးခါး မုန်းသွားမိလေ၏။
“ဟီး … ဟီး … သမီးက … သမီးက တမြတ်တနိုးထားတဲ့ဟာ … အင့် ... ဟာကို အမေ … အင့် … အမေ”
သူ--ခပ်ငယ်ငယ်နေမကောင်းဖြစ်စဉ်ဆရာဝန်ကဆံပင်ညှပ်ခိုင်းစဉ်ကလည်းသူ ငိုဖူးသည်။ အခုလို ယူကျုံးမရတသသရှိုက်ကြီးငင်ကြီးမနေ။သူ့အဒေါ်ကသူ့ဦးခေါင်းကိုညင်ညင်သာသာပတ်သပ်ချော့မြူရင်း မျက်ရည်ကျရှာလေသည်။
“တိတ်ပါသမီးရယ်၊ဆံပင်ကပြန်ရှည်လာမှာပေါ့။ကိုယ်ကအခုမှ အသက်ငယ်ငယ်လေး ရှိသေးတာ။ ဆံပင်တိုတိုကသမီးနဲ့ လိုက်ပါတယ်၊ ဆိုင်မှာ ပြန်သွားညှပ်လိုက်နော်၊ တိတ် တိတ်”
သူငယ်ချင်းကသူ့ပါးပေါ်မှမျက်ရည်စများသိမ်းဖယ်ပေးရင်းနှစ်သိမ့်နေသည်။အိမွန်သည်မီးဖိုချောင်ထောင့် မှာတိတ်ဆိတ်စွာထိုင်ရင်းမျက်ရည်တွေသာတပေါက်ပေါက်ကျနေချေ၏။ကျမသူငယ်ချင်းသည်သူ့အစ်မဝမ်း ကွဲရှိရာဆီသို့ခြေလှမ်းကျဲကြီးများဖြင့်အလွန်စိတ်ဆိုးမာန်ဆိုးထွက်သွားလေသည်။ကျမကလည်းသူ့နောက် မှ မယောင်မလည် လိုက်သွားမိသည်။
“အစ်မတကယ်ရက်စက်တယ်သိလား။ကိုယ့်သားသမီးဆန္ဒမပါဘဲနဲ့ဒီလိုအတင်းလုပ်လိုက်တာ   ကောင်းသလား။ဘုရားလိုက်ပို့မယ်ဆို ခေါ်လာပြီးတော့”
သူသည်ရေတွင်းဘောင်ဘေးကပိတောက်မြစ်ဆုံပေါ်၌ထိုင်ပြီးကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော တစ်ထောင်တန်များကိုသာမဲကြည့်နေသည်။တစုံတရာမပြော။ဦးခေါင်းကိုလည်းတွင်တွင်ငုံ့ထား၏။ သူ့မျက်နှာလည်းအလွန်ပင် ပျက်ယွင်းနေရှာ၏။
“ပြောပါဦး၊ ဘယ်လောက်ကြီးတောင် ရလို့တဲ့လဲ...။ ပြောစမ်းပါဦး”
“သောင်းငါးထောင်”
သူ့အသံသည်ကျမသူငယ်ချင်းဖြစ်သူ၏ဒေါသသံနှင့်ဆန့်ကျင်လွန်းစွာတိုးဖွတုန်ယင်စွာထွက်ပေါ်လာသည်။ သူများငိုချလိုက်ဦးမှာလား။ကျမသည်သူငယ်ချင်း၏လက်ကိုဆွဲကိုင်ကာခေါ်ပြန်လာရသည်။သူသည်ဒူးနှစ် လုံးပေါ်တွင်မျက်နှာအပ်ရင်းငြိမ်သက်နေခဲ့သည်။ကျမလည်ပြန်လှည့်ကြည့်စဉ်သူ့ကိုယ်သည်လည်းတဆတ် ဆတ်တုန်နေချေ၏။ သူ ငိုနေပြီကော။
(၃) 
အားလုံးတက်ကြွရွှင်လန်းစွာထမင်းခူးခပ်ပြင်ဆင်နေကြ၏။အဝတ်သစ်၊အစားသစ်များဖြင့်။သနပ်ခါးအဖွေး သားကိုယ်စီဖြင့်။ကိုကြီးဖိုးကျော်ရေ၊ညီမလေးရေ၊အမေရေနှင့်စကားသံများကဆူညံဝေစည်လျက် နေသည်။ ကျမမှာ ရေချိုးရန်ပြင်ပြီးမှ မချိုးဖြစ်သေးဘဲ အသာရပ်ကြည့်နေမိသည်။
“အမေ ... ဟို ကြွေးခုနှစ်ထောင် ဆပ်လိုက်လား”
“ဆပ်လိုက်တယ်တော့်...။အဲ့ဒါကျေမှနောက်ထပ်ဆန်(၁)ခွဲလောက်တောင်းပန်ပြောယူရမှာမဟုတ် လား။ဘုရားပန်းကနျစ်ရာ့ငါးဆယ်တဲ့၊လှပါတယ်နော်၊အပွင့်ကြီးကြီးလေးတွေရွေးလာခဲ့တာပဲ။ ကြက်သားကထောင့်ခုနှစ်ရာဖိုး၊ပဲကြီးနဲ့ဆူးပုတ်ဟင်းချိုစားချင်တယ်ဆိုလို့ဝယ်ခဲ့သေးတယ်။ တို့စရာလည်းစုံတယ်။ညနေဘုရားဈေးကျရင်အရုပ်တွေမပူဆာကြနဲ့နော်။ရေခဲမုန့်လေး၊ဘာလေးစားပြီး   ပြန်တာပေါ့”
“ဟာ ... အမေကလည်း ဆပ်ကပ်မကြည့်တော့ဘူးလား”
“ဈေးကြီးတယ်ဟယ်”
“တုတ်ထိုးကြည့်မယ်”
“တစ်နှစ်လာလည်းဒါချည်းကြည့်နေရတာ။မကြည့်ချင်ပါဘူး။အမေ..ကျနော်လည်းလုပ်ခပါလာတာပဲ။ ပွဲကြည့်ရအောင် မိုးဝင်း ကြည့်မယ်”
“ကိုကြီးဖိုးကျော်ကလည်း ဖိုးချစ်က ကောင်းတာကို”
သူတို့အငြင်းအခုန်လုပ်နေစဉ်အငယ်မကလေးစန်းစန်းခိုင်သည်ကျမရပ်နေသည်ကိုလှမ်းမြင်သွားပြီး ဝမ်းသာအားရ ခုန်ပေါက်အော်ဟစ်ကာ ကြွားလိုက်ပါသည်။
“ဆရာမရေ၊ သမီးတို့အားလုံး ဘုရားပွားမလို့၊ ကျိုက်ခေါက်ဘုရားပွားမလို့”
“အေး ... အေး ... ကောင်းတာပေါ့”
“ဆရာမကော လိုက်မလား”
“မလိုက်ပါဘူးအေ၊ညည်းပဲသွားပါ၊အောင်မယ်--ဂါဝန်လေးကလှလိုက်တာ၊ ဘယ်သူဝယ်ပေးတာလဲ”
“မေ …”
သူက ဝံ့ဝံ့ကြွားကြွား ရင်ကော့ဖြေ၏။ တက်ကြွပျော်ရွှင်နေသော အသံ၊ ဟန်၊ မျက်နှာထား။
“အခု … သမီးတို့အိမ်၊ ကြက်သားဟင်း ချက်တယ်”
“အေး … အေး … ကောင်းတာပေါ့ကွယ်”
ဘာရယ်မသိ။ မျက်ရည်လည်လာမိပြန်၏။
“ဆရာမ စားမလား”
“မစားပါဘူးအေ။ ညည်းပဲ စားပါ”
ထိုစဉ်ထမင်းဇလုံကိုင်လျက်အိမ်ပေါက်ဝလှေကားရင်းတွင်ဝတ်ကောင်းစားလှများ၊သနပ်ခါးအဖွေး သားများဖြင့်အိမွန်ကဝုန်းခနဲဆောင့်ထိုင်လိုက်ရင်းပလုပ်ပလောင်းအသံနှင့်သူ့ထမင်းလုပ်ကို မြှောက်ပြကာ ကျမကို …
“ဆရာမ စားပါဦး” ဟု ခေါ်လိုက်သည်။
ရင်ထဲတွင်အမည်ဖော်ပြရန်မစွမ်းသာသောဝေဒနာတရပ်သည်ဆောင့်ဝင်လာသဖြင့်ရုတ်တရတ်ေ သ်ာဘာစကားမှပင် ပြန်မဖြေလိုက်နိုင်။ဆို့ကျပ်တုန်ယင်နေလေသည်။ အတန်ကြာမှ…
“အေး ... အေး ... စား … သမီး ... စား စား ...” ဟု ပြန်ဖြေနိုင်တော့၏။ ကျမ၏ အသံလှိုင်းမှာ အနားသတ် မညီမညွတ်ဘဲ ယိမ်းထိုးလှုပ်ခါ တုန်ယင်လျှက်နေလေသည်။